နောက်တစ်မျိုး တိုးတဲ့ သံလွင်ဆီ အကျိုးထူး

နောက်တစ်မျိုး တိုးတဲ့ သံလွင်ဆီ အကျိုးထူး သံလွင်ဆီထဲမှာ အဓိကပါဝင် ပစ္စည်း ဟိုက်ဒရောစီ တိုင်ရိုဆော (Hydroxytyrosol)က သွေးဆုံး ပြီး အမျိုးသမီးကြီးတွေမှာ ဖြစ်ပွား နိုင်တဲ့ ရင်သား ကင်ဆာကို ကာကွယ် ပေးနိုင်ပါတယ်။

ရင်သားကင်ဆာနှင့် ရင်သား သိပ်သည်းမှုအကြား ဆက်စပ်မှုရှိ ကြောင်း ဟောက်စ်တန်မက်သိုဒစ် ကင်ဆာဌာနမှ ရင်သား ကင်ဆာကု ဆရာဝန်ကြီးတစ်ဦးက ပြောပြခဲ့ပါ တယ်။ ရင်သားသိပ်သည်းလာ၊ မာလာ၊ ထူလာတာ ၁ရာခိုင်နှုန်း တွေ့ ရပါက ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂ရာခိုင်နှုန်း နီးပါးပြောင်းလာနိုင်တယ် လို့ ဆိုတယ်။ ပြီးခဲ့တဲ့ လေ့လာချက် များအရ သံလွင်ဆီဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်နိုင်ခြေ တို့မှ နည်းပါးကျဆင်းစေနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိ ကြောင်း ပြသနိုင်ခဲ့ ပါတယ်။

ဟောက်စ်တန်မက် ဆိုဒစ်မှ အမျိုးသမီးလူနာ ၁၀ဝဦး (သွေးမဆုံး မီ ၅၀ဦးနှင့် သွေးဆုံးပြီး ၅၀ ဦးစီ) တို့အား လူနာတစ်ဦးလျှင် Hydroxytyrosol ၂၅ မီလီဂရမ်ပါ ဆေး တစ်တောင့်အား ၁၂ လတိုင်အောင် နေ့စဉ် တိုက်ကျွေး ပြီး ၃လတစ်ကြိမ် စစ်ဆေးခဲ့ ပါတယ်။ ဟိုက်ဒရောစီတိုင် ရိုဆောဟာ ရင်သား ထူတာ ကာကွယ် နိုင်လားဆိုတာ စောင့်ကြည့်ခဲ့ပါတယ်။ ထို့ပြင် ဘေးထွက် ဆိုးကျိုးတွေလည်း သတိထားခဲ့ရာမှ ရင်သားကင်ဆာ ကာကွယ်နိုင်ကြောင်း တွေ့ရခြင်း ဖြစ်တယ်။ 

By Health Digest

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ