ယနေ့ အချိန်အထိအသေချာဆုံးငှက်ဖျားကာကွယ်ဆေးကိုတွေ့ ရှိ


ငှက်ဖျားရောဂါပိုးကသွေးနီဥဆဲလ်များအား ထိုးဖောက်ဝင်ရောက်ခြင်းမပြုနိုင်မီ ကြိုတင် ဟန့် တား ကာကွယ်နိုင်မည့် နည်းလမ်းကို သုတေသီများကတွေ့ ရှိထားပြီး ယနေ့ အချိန်အထိတွင် အသေချာဆုံးနှင့် ကုန်ကျမှုအနည်းဆုံးငှက်ဖျားကာကွယ်ဆေးတစ်ရပ် ဖြစ်ပေါ်လာနိုင်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ထုတ်ပြန်ကြေညာသည်။

ကမ္ဘာပေါ်တွင် ငှက်ဖျား ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေခဲ့သည်မှာ ဆယ်စုနှစ်တစ်စုမက ကြာ မြင့်နေပြီဖြစ်ကြောင်း၊ စမ်းသပ်မှု အဆင့်တွင်သာ ရှိနေသေးပြီး လူအမြောက် အများ အတွက် တပြိုင်နက်ထဲအသုံးပြုနိုင်မည့်ကာကွယ်ဆေးမထွက်ပေါ်နိုင်သေးကြောင်း၊ လာမည့်နှစ်တွင် စမ်းသပ်သွားမည့် ငှက်ဖျားကာကွယ်ဆေး တစ်မျိုးရှိနေသော်လည်း ယခုတွေ့  ရှိထားသည့်နည်း စနစ်လောက် စိတ်ချ ရမည် မဟုတ် ကြောင်း၊ ယခုတွေ့ ရှိထားသည့် နည်းမှာ ငှက်ဖျားပိုးက သွေးနီဥဆဲလ် များကို ထိုးဖောက်ဝင်ရောက်ခြင်းမပြု နိုင်မီ ကြိုတင်ဟန့် ထားနိုင်မည်ဖြစ်သည့် အတွက် ထိရောက်မှုအား ပိုကောင်းမည်ဖြစ်ကြောင်း သုတေသီများကပြောသည်။

လူသားများတွင်ငှက်ဖျားဖြစ်စေသောငှက်ဖျားပါရာဆိုက်ပိုးပေါင်း ၆ မျိုးခန့် ရှိကြောင်း၊ ၄င်းတို့ အနက် Vivax နှင့် Falciparum တို့ ကိုအတွေ့ ရအများဆုံးဖြစ်ကြောင်း၊ ၄င်းပါရာဆိုက်ပိုး ၆ မျိုးလုံးသည် ခြင်ကိုက် ခံရခြင်းမှ တစ်ဆင့် ကူးစက်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် နိုင်ငံပေါင်း ၉၇ နိုင်ငံ၌ ငှက်ဖျားရောဂါ ဖြစ်ပွား လျက် ရှိကြောင်းသိရသည်။ ၂၀၁၅ ခုနှစ်က ငှက်ဖျားဝေဒနာခံစားရသူ ၂၁၂ သန်းထက်မနည်းရှိခဲ့ပြီးလူ ၄၃၀၀၀၀ ထက်မနည်းသေဆုံးခဲ့ကြောင်း၊ အများစုမှာအသက် ၁၅ နှစ်အောက် အရွယ် ကလေးများဖြစ်ကြောင်း ၊ သေဆုံးသူဦးရေမှာများလွန်းသည်ဟု ယူဆရသော်လည်း လွန်ခဲ့သော ၁၅နှစ်အတွင်း ငှက်ဖျားကြောင့်သေဆုံးသူဦးရေတောက် လျှောက် ကျဆင်းလာခြင်းဖြစ်ကြောင်း၊ ၂၀၀၀ ခုနှစ်မှစတင်ကာ ခြင်ထောင်နှင့်ခြင်နိုင်ဆေးများကို ဝေငှခြင်း၊ အသုံးပြုစေခြင်းတို့ ကို ဖိဖိစီးစီးပြုလုပ်လာခဲ့ ရာမှ သေဆုံးသူဦးရေမှာ ထက်ဝက်ခန့် ပင် လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ၂၀၂၀ နောက်ဆုံးထား၍ အနည်းဆုံးနိုင်ငံ ၁၀ နိုင်ငံတွင် ငှက်ဖျား အမြစ်ပြတ်စေရေး နှင့် ကျန်ရှိနေသေးသောနိုင်ငံများတွင် ငှက်ဖျား ၄၀ ရာခိုင်နှုန်းကျဆင်း သွားစေရေးဆောင်ရွက် လျက် ရှိကြောင်း ၊ သို့ သော်ငြား ငှက်ဖျားကို ကမ္ဘာတစ်ဝန်းလုံးတွင် အမြစ်ပြတ်တိုက်ဖျက်ရန် အချိန်များစွာကြာမြင့် ဦးမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ထိရောက်သော ငှက်ဖျားကာကွယ်ဆေးထွက်ပေါ်လာနိုင်ရေးအထူးအရေး ကြီးလျက်ရှိပြီး ယခုနောက်ဆုံးတွေ့  ရှိထားသောနည်းစနစ်သည် အာမခံချက်ရှိသော ငှက်ဖျားကာကွယ်ဆေးထွက်ပေါ်လာနိုင်ရေး အနီးစပ်ဆုံးဖြစ်နေကြောင်းသိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ