သားဖွားနေစဉ်အစာစားခြင်းသည် ဘေးအန္တရာယ်ကင်းပြီးအကျိုးကျေးဇူးရှိနိုင်


ကိုယ်ဝန်ဆောင်အမျိုးသမီးများအား သားမဖွားမီအစာစားခွင့်ပြုခြင်း၊ သားဖွားနေစဉ်တွင်လည်းလိုအပ်လျင် အစာစားခွင့်ပြုခြင်းဖြင့် သားဖွားသည့်အချိန် ပို၍တိုတောင်းနိုင်သည့် အကျိုးကျေးဇူးများကို ခံစား ရနိုင် ကြောင်း အမေရိကန်ပြည်ထောင်စု၊ ဖီလာဒယ်ဖီးယားပြည်နယ်ရှိ Thomas Jefferson University မှ သုတေသီများကပြောသည်။ လက်ရှိတွင် ကိုယ်ဝန်ဆောင်အမျိုးများအား မီးဖွားချိန် မရောက်မီ၌ ရေခဲ အနည်းငယ်ကိုလည်းကောင်း ၊ ရေအနည်းငယ်ကိုလည်းကောင်းသောက်ခွင့်ပြုကြောင်း၊ အစာ မစားစေကြောင်း၊ လက်တွေ့ စမ်းသပ်မှုတွင် သားဖွားခန်းထဲမ၀င်ရောက်မီအစာစားခွင့်ပြုခြင်း၊ သားဖွားခန်း ထဲတွင်လည်းလိုအပ်လျင် အစာစားခွင့် ပြု ခြင်းဖြင့် ၀မ်းနာချိန်၊မီးဖွားချိန် အစရှိသည်တို့ ကို တိုတောင်းစေ နိုင်သည့်အပြင် မိခင်အနေဖြင့် မီးဖွားဝေဒနာခံစားရသည်ကိုလည်းလျော့ပါးစေနိုင်သည် ကိုတွေ့  ရှိရကြောင်းသိရသည် ။

မီးမဖွားမီအစာစားပေးခြင်းအားဖြင့် ကလေးမွေးချိန်ကို ပိုစောစေ နိုင်တယ် လို့ တော့ အထောက်အထားနဲ့  မပြနိုင်ပါဘူး ။ မီးဖွားနေချိန်မှာ အစာဘယ်လောက်အထိ စားတာ ဟာဘေးကင်းနိုင်သလဲဆိုတာကိုလည်း ကျွန်တော်တို့  ဆက်လက်စူးစမ်းလေ့လာရဦးမှာပါ။

ဒါပေမယ့် ရေကိုအာဆွတ်ရုံလောက်ပဲတိုက်ပြီးကလေးမွေးတဲ့အထိညှစ်ခိုင်းတာထက်စာရင်အစာကိုအသင့်အတင့်ပေးစားပြီးမီးဖွားစေတာကပိုပြီးမြန်ဆန်တာကိုတွေ့ ရပါတယ် ဟုသုတေသီတစ်ဦးကပြောပြသည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအကြားမီးဖွားခါနီးအမျိုးသမီးတစ်ဦးအနေဖြင့် ရေခဲငုံခြင်း၊ ရေကိုအာဆွတ်ရုံသောက်ခြင်းသာပြုသည့်သည်လားသို့ တည်းမဟုတ် အစာစားနိုင်မည်လားဟူသည်မှာယနေ့  အချိန်အထိ ငြင်းခုံဆွေးနွေးသည့် အဆင့်တွင်သာ ရှိနေသေးကြောင်း ၊ ၁၉၄၀ ၀န်းကျင်တွင် သားဖွားမည့် မိခင်များသည် ထုံဆေးထိုးကာမွေးဖွားခဲ့ကြကြောင်း၊ သို့ သော် အစာအိမ်တွင်အစာရှိနေလျင် သီးခြင်း ၊ အော့အန်သဖြင့် လည်ချောင်းတွင် ပိတ်ဆို့ ခြင်း အစရှိသည့် အန္တရာယ်ရှိသောကိစ္စရပ်များဖြစ်ပွားခဲ့ကြောင်း၊ ယခုအခါ မီးပွားရန် ထုံဆေးထိုးခြင်းကို ကျင့်သုံးမှုမရှိသလောက် နည်းပါးသွားပြီဖြစ်ကြောင်း ၊ သို့ သော် အစာအိမ်ထဲတွင် အစာမရှိစေရန် ညွှန်ကြားထားချက်မှာမူ ကျန်ရှိနေဆဲဖြစ်ကြောင်းသိရသည် ။

ထို့ အတွက်သုတေသီများကစမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မီးဖွားမည့် အမျိုးသမီးများအား ပျားရည် တိုက် ကျွေးခြင်း ၊ သို့ မဟုတ် အစားအစာ နှင့်သောက်စရာများကိုပုံမှန်အတိုင်းစားကြည့်စေခြင်း ၊ အချို့ ကိုလည်းကာဗိုဟိုက်ဒရိတ်ပေါကြွယ်ဝသောအစာများကို စားစေခြင်းတို့ ဖြင့် စမ်းသပ်ကြည့်ခဲ့ကြောင်း၊ ၄င်းတို့  အားလုံးတွင် အစားအစာကြောင့် တစ်စုံတစ်ရာအန္တရာယ်မဖြစ်ခဲ့သည့်အပြင် စနစ်တကျ အစာစားခဲ့သော အမျိုးသမီးများတွင် မီးဖွားချိန်လည်းတိုတောင်းခဲ့ပြီး ပျှမ်းမျှ ၁၆ မိနစ်သာ ကြာမြင့်ခဲ့ကြောင်းသိရသည် ။


ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ