ရင်သားကင်ဆာကိုထိန်းချုပ်ရာတွင် ကိုယ်လက်လှုပ်ရှားမှုကအရေးပါ


ရင်သားကင်ဆာဖြစ်ပွားလျင်နေထိုင်မှုပုံစံ၊အစားအသောက်နှင့်ကိုယ်လက်လှုပ်ရှားမှုတို့ ကိုမှန်ကန်စွာ ပြုလုပ်ရန်မှာ အလွန်အရေးကြီးရာဝယ် ကိုယ်လက်လှုပ်ရှားမှုကိုမှန်မှန်လုပ်ခြင်းကထိရောက်မှုအားအကောင်းဆုံးဖြစ်ကြောင်းကနေဒါသုတေသီများကပြောသည်။ရင်သားကင်ဆာရှိသောအမျိုးသမီးများသည် လူနာသစ်ဖြစ်စေ၊ နာတာရှည်လူနာဖြစ်စေ၊ အသက်ရှင်သန် နိုင်ရန်အခွင့်အရေးပိုမိုရရှိနိုင်ရန်ကိုယ်လက်လှုပ်ရှားမှုကိုမှန်မှန်ပြုလုပ်ပေးရန်လိုအပ်ကြောင်း၊ ကိုယ် အလေးချိန်မတက်အောင် အထူးဂရုစိုက်ရန်လိုကြောင်း၊အခြားသောပြုပြင်ပြောင်းလဲမှုများသည်လည်းရင်သားကင်ဆာကိုကာကွယ်ရန်၊ထိန်းချုပ်ရန်၊ဖြေလျော့ရန်အထောက်အကူပြုသော်လည်းကျန်းမာရေးလေ့ကျင့်ခန်းကိုဖိဖိစီးစီးပြုလုပ်ခြင်းလောက်မည်သည်ကမှစိတ်မချရကြောင်းသုတေသီတစ်ဦးကပြောပြသည်။ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ခြင်း၊ ရင်သားကင်ဆာဖြစ်ပွားနေလျင် သက်သာအောင်ပြုလုပ်ခြင်း၊ ရင်သားကင်ဆာကုသပြီးသွားလျင် နောက်ထပ်ပြန်မဖြစ်အောင်ကြိုတင်တားဆီးကာကွယ်ခြင်းများအားလုံးအတွက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရန်၊ လုံလောက်စွာပြုလုပ်ရန်၊ လိုအပ်သောအဟာရနှင့် အားဖြည့်ဓါတ်စာများကိုပုံမှန်စားသုံးရန်တို့ မှာရှောင်လွဲ၍မရနိုင်သောလိုအပ်ချက်များဖြစ်ကြောင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးနိုင်လျင် ရင်သားကင်ဆာကြောင့်သေဆုံးနိုင်ခြေကို ၄၀ ရာခိုင်နှုန်းလျှော့ချပေးကြောင်း၊ သို့ သော် တစ်ပတ်လျင် မိနစ် ၁၅၀ ခန့်  ကိုယ်လက်လှုပ်ရှားရန်ကိုပင် ရင်သားကင် ဆာလူနာ ၁၃ ရာခိုင်နှုန်းခန့် ကသာ ပြုလုပ်နိုင်ကြသည်ကိုတွေ့ ရှိရကြောင်းသုတေသီတစ်ဦးကပြောပြသည်။ ကင်ဆာလူနာတွေကသူတို့ အတွက်အလိုအပ်ဆုံးဖြစ်တဲ့ကိုယ်လက်လှုပ်ရှားလေ့ကျင့်ကစားရတာကိုလိုက်မလုပ်ကြပါဘူး။ ရင်သားကင်ဆာကုထုံးတွေဖြစ်တဲ့ ဓါတုဆေးကုထုံး၊ဓါတ်ကင်ကုထုံး၊ဟိုမုန်းကုထုံးအစရှိတာတွေဟာဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးတွေကိုပေးပါတယ်။ ကုသမှုခံယူပြီးရင် ကိုယ်အလေးချိန် တက်လာတာကလည်းအဆိုးရွားဆုံးသောနောက်ဆက်တွဲပြဿနာတစ်ခု ဖြစ်ပါတယ်။ဒါတွေအားလုံးကိုပုံမှန်အားကစားလေ့ကျင့်ခန်းပြုလုပ်ပေးလိုက်ရုံနဲ့  ထိန်းထားနိုင်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။ ရင်သားကင်ဆာဖြစ်ပွားပြီးလျင်နောက်ဆက်တွဲရောဂါမျိုးစုံကိုခံစားရနိုင်ကြောင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ၊ အရိုးပွရောဂါ အစရှိသည်တို့ ဖြစ်ကြောင်း၊ ဆေးလိပ်ကိုလုံးဝမသောက်သင့်ကြောင်းနှင့် ဗိုက်တာမင်ဒီကိုမူလကထက်ပို၍ရရှိအောင် ပြုလုပ်ရန်လိုအပ်ကြောင်း၊ ဆေးဝါးထက်ကိုယ်လက်လှုပ်ရှားမှုကိုအားကိုးအားထားရမည့်အခြေအနေဖြစ်ကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ