အိပ်စက်ချိန်တွင် ရေဓါတ်ခမ်းခြောက်တတ်သည်ကို ဂရုပြုရန်လို


တစ်နေ့ တာအချိန်နာရီများ၏ သုံးပုံတစ်ပုံခန့် ကို အိပ်စက်ချိန်အတွက်အသုံးပြုကြရာဝယ် အိပ်စက်ချိန် တွင် ရေဓါတ်ခမ်းခြောက်တတ်သည်ကိုဂရုပြုရန်လိုအပ်ပြီး မအိပ်စက်မီ လိုအပ်သော အရည်ဓါတ် ကို ပြည့်ဝ အောင် သောက်သုံးထားသင့်ကြောင်း အမေရိကန်သုတေသီများက ပြောသည်။

ခန္ဓာကိုယ်အတွက်လိုအပ်သောရေဓါတ်ကိုအပြည့်အ၀ရရှိစေရန် နေ့ စဉ်အချိန်မှန် ရေနှင့်အခြားသော ရေ ဓါတ်ပါသည့်အစားအစာများကို သောက်စားပေးရန်လိုအပ်ကြောင်း၊ အမျိုးသားများသည် တစ်နေ့ လျင် ရေ ၁၃ ခွက် (၃ လီတာ) အနည်းဆုံးသောက်ရန်ဖြစ်ပြိး အမျိုးသမီးများသည် အနည်းဆုံး ၉ ခွက် (၂)လီတာ သောက်ပေး ရန်လိုအပ်ကြောင်း ၊ တစ်နေ့ တာ အချိန်တွင် ရေဆာသည့် စိတ်ကြောင့် ရေသောက် ရန် သတိ ရကြသော်လည်း ညအိပ်ချိန်တွင် အိပ်ပျော်သွားခြင်း၊ တရေးနိုးရေထသောက်ရန်ပျင်းခြင်း အစရှိသည်တို့  ကြောင့် ညအိပ်စက်ချိန်တွင် ရေဓါတ်ခမ်းခြောက်မှုကို လူအများခံစားနေရခြင်းဖြစ်ကြောင်း သိရသည်။

အိပ်စက်ချိန်တွင်ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် သိမြင်မှုဆိုင်ရာစွမ်းရည်ကို ကျဆင်းစေကြောင်း၊ အထူး သဖြင့် အိပ်စက်ချိန်တွင်ဟောက်တတ်သူများသည် ပါးစပ်ဖြင့်အသက်ရှူသူများဖြစ်ကြောင်း၊ ၄င်းတို့ သည် နှာခေါင်းဖြင့်အသက်ရှူသူများထက် ရေဓါတ်ခမ်းခြောက်မှု ၄၂ ရာခိုင်နှုန်းပိုကြောင်း၊ တစ်ညလုံးနှစ်ခြိုက်စွာ အိပ်မရသူများသည်လည်း ရေဓါတ်ခမ်ခြောက်မှုပို၍မြန်ကြောင်း သုတေသီများက ပြောသည်။

အိပ်ရေးဝခြင်း၊မ၀ခြင်းကလည်း သိမြင်မှုဆိုင်ရာစွမ်းရည်ကို အတက်၊အကျဖြစ်စေနိုင်သလို ရေဓါတ် ခမ်းခြောက်မှုကလည်း အလားတူဒုက္ခကိုပေးနိုင်ပါတယ်။ လူအများစုက ရေဓါတ်မလုံလောက်ပါဘူး။ သူတို့  ဟာ ရေသောက်ဖို့ ထက် အခြားသောအ၇ာတွေကိုသောက်ဖို့ ပဲ စိတ်အားထက်သန်ကြပါတယ်။ ဥပမာ ကော်ဖီ၊ အချိုရည်၊ ရေနွေးကြမ်း အစရှိသည်ဖြင့်ပေါ့။ အဲဒီသောက်စရာတွေမှာ ရေဓါတ်ပါတာ မှန်ပေမယ့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေပမာဏကို အစားမထိုးနိုင်ဘူးဆိုတာ အထူးသတိထားရပါမယ်။ သင်ဟာ တစ်ရက်ကို ကော်ဖီ ၅ ခွက်သောက်လို့ ဆိုပြီး ကိုယ်သောက်ရမယ့် ရေ ၁၃ ခွက်ထဲကနေ ၅ ခွက် နူတ်လို့  မရပါဘူး။ ရေကိုအပြည့်အ၀သောက်ပေးရပါမယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။

ရေဓါတ်ခမ်းခြောက်မှုကြောင့် မှတ်ဥာဏ်ထိခိုက်ခြင်း၊ စိတ်ဖိစီးမှုမြင့်မားခြင်း၊ အသေးစိပ်အချက်အလက်များ ကို အာရုံမစိုက်နိုင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာသိမြင်နိုင်မှုစွမ်းရည်ကျဆင်းကာ လူတစ်ဖက်သား နှင့် အလုပ် အစရှိသည်တို့ ကို စိတ်ဝင်စားမှုကျဆင်းသွားခြင်း၊ ပျော်ရွှင်မှု၊၀မ်းနည်းမှုအပြောင်းအလဲမြန်ခြင်း အစရှိသော စိတ်ပိုင်းဆိုင်ရာ ဂဏှာမငြိမ်မှုများစွာကိုခံစားရနိုင်ကြောင်း၊ ရေဆာခြင်းသည် ရေသောက်ပေး ရန် ခန္ဓာကိုယ်ကလှုံ့ ဆော်ခြင်းဖြစ်ကြောင်း၊ အခြားသောအရည်ဓါတ်ဖြင့် အစားထိုးရန် လုံးဝ မသင့်လျော် ကြောင်း ၄င်းက ထပ်လောင်းသတိပေးသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ