အားကစားဝတ်စုံများကို အသုံးပြုပြီးတိုင်းလျှော်ဖွပ်ခြင်းသည် အသင့်လျော်ဆုံးဖြစ်


ကျန်းမာရေးအတွက် အားကစားပြုလုပ်ရာတွင်ဝတ်ဆင်သည့်အ၀တ်အစားများကို အနံ့  ဆိုးထွက်မှ လျှော်ဖွပ်သည် ထက် အသုံးပြုပြီးတိုင်းလျှော်ဖွပ်ခြင်းက အသင့်လျော်ဆုံဖြစ်ပြီး ကူးစက်တတ်သောရောဂါပိုး မွှားများကို ကာကွယ်ပြီးဖြစ်နေမည်ဟု အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်မှ အရေပြားအထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။ အားကစားခန်းမကိုသွားတာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်အဆင်ပြေတဲ့နေရာမှာ ကိုယ်လက် လှုပ်ရှားရင်ပဲဖြစ်ဖြစ် ၊ ချွေးထွက်ပါမယ်။

အတွင်းပိုင်းဝတ်ဆင်တဲ့ချွေးခံအင်္ကျီကိုတော့နေ့ စဉ်လျှော်ဖြစ်မယ်ထင်ပါတယ် ။ ဒါပေမယ့် အပေါ်က ထပ်ဝတ်တဲ့ဂျာကင် ၊အောက်ပိုင်းဝတ် တဲ့ဘောင်းဘီရှည် အစရှိတာတွေကိုတော့ အနံ့ ဆိုးတွေ ထွက်လာမှ လျှော်တတ်ကြတာများပါတယ်။ ဒီလိုမလုပ်သင့်ပါဘူး။ အနံ့ ဆိုးထွက်ထွက်၊မထွက်ထွက်၊ တစ် ကြိမ်ဝတ်ထားပြီး၊ချွေးထွက်ပြီး အ၀တ်အစားတွေကို လျှော်ဖွပ်ပြီးမှပဲဝတ်စားတာက သင့်တော်ပါတယ် ဟု အရေပြားအထူးကုဆရာဝန်ကြီး Ivy Lee က ပြောပြသည်။ အရေပြားတွင် သဘာဝအတိုင်း ဗက်တီးရီးယားများရှိကြောင်း၊ မှိုနှင့်အခြားကစော်ဓါတ်များလည်း ရှိကြောင်း၊ အားကစားလေ့ကျင့်ရာတွင် ၀တ်ဆင်သည့်အ၀တ်အစားများသည် အရေပြားမှထွက်လာသော ချွေးကို လှောင်ပိတ်ထားသည့်အတွက် အရေပြေားပေါ်ရှိမူလဗက်တီးရီးယားများ၊ပြင်ပလေထုမှထပ်မံ ရောက်ရှိလာသည့ှ်ဗက်တီးရီးယားများအတွက် အလွန်အဆင်ပြေကောင်းမွန်သောပတ်ဝန်းကျင်တစ်ခုဖြစ် လာကြောင်း ၄င်းက ပြောပြသည်။

ချွတ်လိုက်တဲ့အားကစားဝတ်စုံမှာလည်း ဗက်တီးရီးယားတွေပါသွားပါတယ်။ အဲဒါတွေကိုမလျှော်ဘဲပြန် ထပ် ၀တ်လိုက်တဲ့အခါ အရေပြားအတွက်အလိုကြီးမားတဲ့ဆိုးကျိုးတွေ သက်ရောက်ပါတယ်။ အဖုတွေ ပေါက်လာပါမယ်။ အရေပြားနီရဲပြီးယားယံလာပါမယ်။ ကျပ်တဲ့နေရာတွေမှာပိုဆိုးပါတယ်။ တင်ပါး၊ပေါင်ခြံ၊ ပေါင်၊ အစရှိတာတွေကိုကျပ်နေစေတဲ့ ယောဂဘောင်းဘီတွေ၊ ရင်သား ကိုထွေးပိုက် ထားပေး တတ်တဲ့ အား ကစားဝတ်ဘရာစီယာတွေဟာ ချွေးမပေဖို့ အလွန်အရေးကြီးပါတယ်။ အသုံးပြုပြီးတိုင်းလျှော်ပေးပါ ဟု ၄င်း က ဖြည့်စွက်ရှင်းပြသည်။ အားကစားခန်းမများသည် အများသုံးဖြစ်သောကြောင် မူလကတည်းက ဗက်တီးရီးယားနှင့်ပိုးမွှားမျိုးစုံ တည်ရှိကြောင်း၊ အချို့ အသုံးပြုသူများကလည်း တစ်ကိုယ်ရည်သန့် ရှင်းမှုစံချိန်စံညွှန်းညံ့ဖျင်းသည့် အတွက် အားကစားပစ္စည်းများကိုကိုင်တွယ်အသုံးပြုရာမှတစ်ဆင့် ဗက်တီးရီးယားမျိုးစုံကူးစက်မှုသည် လည်း ဖြစ်ပွားကြောင်း၊ ထိုအချိန်မျိုးတွင် မိမိဝတ်စားသည့်အ၀တ်အစားများသည် နေ့ စဉ်ဗက်တီးရိးယား သိုလှောင်သယ်ဆောင်သောအရင်းအမြစ်ဖြစ်လာကြောင်း၊ ၄င်းတို့ ကိုပုံမှန်မလျှော်ဖွပ်ပဲ အနံ့ ဆိုးထွက်မှ လျှော်ဖွပ်ခြင်းသည် ကြီးလေးသောမှားယွင်းမှုတစ်ရပ်ဖြစ်ကြောင်း သိရသည်။

ထို့ ကြောင့် နေ့ စဉ်အားကစားပြုလုပ်သူများဖြစ်စေ၊ အားလပ်ချိန်တွင်သာ အားကစားသူများဖြစ်စေ၊ ချွေး မထွက်သောသာမန်လှုပ်ရှားမှုမျိုးကိုသာပြုလုပ်သည်ဖြစ်စေ၊ ကိုယ်လက်လှုပ်ရှားပြီးတိုင်းအ၀တ်အစားများ ကို လျှော်ဖွပ်ခြင်းဖြင့် ကျန်းမာရေးနှင့်ပို၍ ညီညွှတ်မျှတကောင်းမွန်စေမည်ဖြစ်ကြောင်း၊ အေ၇ပြား ကျန်းမာ ရေး ညံ့ဖျင်းနှင့်ပြီးသူများအနေဖြင့် ပို၍ပင်ဂရုစိုက်ကာ သန့် ရှင်းမှု စံချိန်စံညွန်း ကိုမြှင့်တင်ထားရန် လိုအပ် ကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ