မေး။ ။ဒေါက်တာစွမ်းရှင့်... သမီးမှာ မကြာခဏ ဆိုသလို ရင်တုန်ပြီး မူးဝေတတ်ပါတယ်။ အဲဒီလိုမူးဝေပြီးတိုင်း ပင်ပ်ပန်းမှုကို ခုခံ စံစားရပါတယ်။
ဒီလို မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။
သီတာခင်(စမ်းချောင်း)
ဖြေ။ ။ခန္ဓာကိုယ် ပိန်ပါးပြီး ရောဂါ ကာကွယ်နိုင်စွမ်း အားနည်းတဲ့ ပိုးဟပ်ဖြူလေးလို မိန်းကလေးတွေမှာ ရင်တုန်ပြီး မူးဝေတာ မျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်ရခြင်းဟာ သွေးအားနည်းခြင်း၊ အလုပ်ပင်ပန်းခြင်း၊ အိပ်ရေးပျက်ခြင်းစတဲ့ အကြောင်းအချက် များကြောင့်ပါ။ လူတစ်ဦးချင်းရဲ့ ရောဂါ ကာကွယ်နိုင်စွမ်း အားက မတူညီတာ ဖြစ်လို့ သာမန် မိန်းကလေး လုပ်တဲ့ အလုပ်မျိုးဟာ သမီးသီတာခင် အတွက်တော့ အားထုတ်ရတဲ့ အလုပ်ကြီး တစ်ခုဖြစ်ကောင်း ဖြစ်နေ မှာပါ။ ဒါကြောင့် မိမိဟာ မကြာခဏ ဖျားနာတတ်သူ၊ ကျန်းမာရေး ချူချာသူ၊ ခန္ဓာကိုယ် Body resistance အားနည်းသူ ဆိုရင် မိမိရဲ့ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက် တိုက်တွန်းလိုတာ ကတော့ ကျွမ်းကျင် ပညာရှင် (ဆရာဝန်)နဲ့ တိုင်ပင်ပြီး အားဆေး သောက်သုံးဖို့ပါ။ ဆရာက တော်တန်ရုံ ဆေးမပေး တတ်သူဆိုပေမဲ့ သမီး သီတာခင်တို့လို ရင်တုန်မူးဝေ တတ်တဲ့ ပိုးဟပ်ဖြူလေး တွေကတော့ အစားလည်းကူ၊ ဆေးလည်း ယူရပါတယ်။ အားရှိ ပြီး ဗီတာမင် ပြည့်ဝတဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သဘာဝ သစ်သီး စတာတွေ အပြင် သင့်တင့်တဲ့ အိပ်ရေး၊ ကျန်းမာရေး လိုက်စားမှု စတာတွေ ပေါင်းစပ်လိုက်ရင် အလုပ်အနည်းငယ် လုပ်တာနဲ့ ရင်တုန် မူးဝေတတ်တဲ့ ပိုးဟပ်ဖြူလေး မှသည် နိုင်ငံ့အကျိုးဆောင် အုတ်တစ်ချပ် သဲတစ်ပွင့် သယ်ပိုးနိုင်တဲ့ လူငယ်တစ်ဦး ဖြစ်မှာပါလို့ ဆရာယုံကြည် မျှော်လင့်ပါတယ်။
သမီး သီတာခင်ကို အရေးကြီးတဲ့ အချက်အဖြစ် ဆရာမှာကြား လိုတာကတော့ သမီးရဲ့ ဝေဒနာကို သေချာစွာ ဆန်းစစ် နိုင်ရန်အတွက် ဆရာဝန်ပြသ ဖို့ပါ လိုအပ်ပြီး နှလုံးနှင့် ပတ်သက်လို့ သံသယ ရှင်းရန် စမ်းသပ် ထားသင့်ပါတယ်။
ကျန်းမာရေးရာ မေးခွန်းလွှာ
ဒေါက်တာ-စွမ်း (ဆေး-၂)
မြ၀တီ
ရင်တုန်မူးဝေ နေသူများ သတိရှိပါ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin