အရေပြားဒဏ်ရာများကို ပဋိဇီဝဆေးမသုံးဘဲ ပိုးသန့်စင်နိုင်မည့် နည်းလမ်းတွေ့ရှိ

အစားအစာများကို ပိုးမွှားသန့်စင်ရာတွင် အသုံးပြုသည့်နည်းပညာတစ်ခုသည် ဆေးပညာနယ်ပယ်တွင် စိန်ခေါ်မှုကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်သော ပဋိဇီဝဆေးယဉ်ပါးမှုကို ကုစားပေးနိုင်တော့မည် ဖြစ်သည်။
Massachusetts General Hospital (MGH) မှ သုတေသီများသည်  အရေပြားအနာဖြစ်စေသည့် ဆေးမတိုးသော ဘက်တီးရီးယားများကို  ဗို့အားမြင့်လျှပ်စစ်စက်ကွင်းများ အသုံးပြု၍   ဖယ်ရှားရှင်းလင်းနိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။ ဘက်တီးရီးယားပိုးဖယ်ရှားရာ၌ ယခင်ကထက် အဆ (၁၀၀၀)ကျော်လျော့နည်းအောင် ရှင်းလင်းနိုင်သည်ကို တွေ့ရသည်။
““စဉ်ဆက်မပြတ် လှုပ်ရှားနေတဲ့ လျှပ်စစ်စက်ကွင်း နည်းပညာဟာ ဘက်တီးရီးယား မျိုးစိတ်ပေါင်းများစွာကို ပစ်မှတ်ထား  သန့်စင်ပေးနိုင်ပြီး ဒဏ်ရာတစ်ခုရဲ့    အရေပြားအထူအတွင်း ထိုးဖောက်ဝင်ရောက်နိုင်ပါသည်။ အနာပိုးသန့်စင်ဖို့ ပဋိဇီဝဆေးမသုံးတဲ့ နည်းပညာအသစ်တစ်ခု ရရှိ လာပြီ ဖြစ်ပါတယ်””ဟု   သုတေသီ Alexandar Goldberg  ကဆိုသည်။
အမေရိကန်နိုင်ငံတွင်    လူ (၅၀၀၀၀၀)ခန့်   အရေပြားလောင်ဒဏ်ရာကြောင့် နှစ်စဉ် ဆေးကုသမှု  ခံယူရသည်။ အရေပြား လောင်ကျွမ်းမှု ကုသရာတွင်    လောင်ထားသည့် အလွှာများ ဖယ်ရှားခြင်း၊ အရေပြား အစားထိုးခြင်း၊ ပိုးသတ်ဆေးလိမ်းခြင်း၊ ပိုးသတ်စကာ အုပ်ခြင်းတို့ကို ပြုလုပ်ပေးရသည်။
ဆေးမထိုးသည့် ဘက်တီးရီးယား ဖြစ်ကြသော Acinetobacter baumannii  နှင့် Staphy lococcus aureus  တို့သည် ဆေးမသုံးသည့် နည်း လမ်းတစ်မျိုးဖြင့်  ဖယ်ရှားရှင်းလင်းပေးရန် လိုအပ်သည်။
လျှပ်စစ်စက်ကွင်း နည်းပညာကို အစားအစာ ဘက်တီးရီးယား သန့်စင်ရန် ဆယ်စုနှစ်များစွာ  အသုံးပြုခဲ့ကြပြီး ယခုအခါ အရေပြားပိုးသန့်စင် နိုင်ကြောင်းကို ကြွက်များ၌ စမ်းသပ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သီဟ
Health Updates Journal
ref; NMD

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ