သိပြီးပြီလား အော်ဂဲနစ်အစားအစာတွေ အကြောင်းလေ

အော်ဂဲနစ် အစားအစာတွေကို ဝယ်တော့မယ်ဆိုရင် ဘယ်လိုဟာမျိုးကို ရွေးချယ်ဝယ်ယူရမယ်ဆိုတာ အော်ဂဲနစ်အစားအစာကျွမ်းကျင်ပညာရှင် Perri O. Blumberg က ကျွန်မတို့ကို ရှင်းပြထားပုံလေး အ...ရင်ကြည့်လိုက်ကြစို့။

► အော်ဂဲနစ်ဟာ အသစ်အဆန်းမဟုတ်ပါ။

အော်ဂဲနစ်ဆိုတာ ခုမှပေါ်လာတဲ့ မိုးကျရွှေကိုယ် မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ် မတိုင်မီအထိ သဘာဝအလျောက်ရှိပြီးဖြစ်တဲ့ အော်ဂဲနစ် သီးနှံ၊ စပါး၊ ပြောင်း၊ ပဲ၊ ဝါ တို့ကိုသာ လူတို့ သုံးစွဲခဲ့ကြတာပါ။ ဘာကြောင့် အသစ်အဆန်း မဟုတ်ရတာပါလိမ့်။ ရှေးရိုးစဉ်လာ စားသုံးမှုတစ်ခုဖြစ်လို့ပါ။ နောက်ပိုင်းလူတွေအတွက် အသစ်အဆန်းတော့ ဖြစ်သွားတာပေါ့။ ပေါင်းမြက်တွေက ထူပြောလွန်းတယ်။

အင်းဆက်ပိုးမွှားတွေရဲ့ အန္တရာယ်က ကြီးထွားလွန်းတယ်။ဒါ့ကြောင့် လူတွေက ပိုးမွှားနှိမ်နင်းဖို့ ပေါင်းမြက်သုတ်သင်ဖို့ ဓာတုဗေဒနည်းနဲ့ ပိုးသတ်ဆေးတွေ တီထွင်အသုံးပြုလာကြတယ်။ အဲဒီလို ဓာတုဗေဒပိုးသတ်ဆေးတွေ ကာလရှည်ကြာသုံးစွဲလာမှုကြောင့် အကျိုးသက်ရောက်မှုရှိ မရှိ။ ထိရောက်တဲ့ ကုစားမှုဟုတ် မဟုတ်ဆိုတာ မေးခွန်းထုတ်စရာပါပဲ။ ပိုလျှံတဲ့ ရွက်ဖြန်းဆေးတွေက တကယ့်ကိုအန္တရာယ်မကင်းဘူးလေ။ ဒါကြောင့် အော်ဂဲနစ်ပစ္စည်းတွေကို လူတိုင်းသုံးစွဲကြဖို့ အားထုတ်ကြိုးပမ်းကူညီကြရမှာပါ။ ဝေါမတ်တို့လိုကုန်တိုက်ကြီးကြီးမားမားတွေကနေ အမြတ်အစွန်းနည်းပါးတဲ့ ဒေသခံ ဂရိုးအင်းပါဝါတို့လို ဆိုင်မျိုးအထိတတ်နိုင်သလောက် အထောက်အပံ့ ပေးသွားရပါလိမ့်မယ်။

► ယူအက်စ်က အိမ်ထောင်စုပေါင်း ၇၈ ရာခိုင်နှုန်းဟာ အောဂဲနစ်ပစ္စည်းတွေကိုသာ သုံးစွဲဝယ်ယူကြတယ်။

အမေရိကန်ပြည်ထောင်စုက အိမ်ထောင်ပေါင်း ၇၈ရာခိုင်နှုန်းဟာ အော်ဂဲနစ်ပစ္စည်းတွေကိုသာ သုံးစွဲဝယ်ယူကြတယ်။ ၁၉၉ဝခုနှစ်မှာ ဒေါ်လာ ၂ဘီလီယံဖိုး ရောင်းချနိုင်ခဲ့ပြီး ၂ဝ၁၁မှာတော့ ဒေါ်လာ ၂၉ဘီလီယံဖိုး ရောင်းချရကြောင်း Organic Trade Association က ထောက်ခံ ပြောဆိုလိုက်တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေကို ဂရုတစိုက်စောင့် ရှောက်ဖို့လိုတယ်။ သူတို့ဟာ အော်ဂဲနစ် အစားအစာတွေနဲ့ သာ အသင့်တော်ဆုံးပါ။ ကူးစက်လွယ်တဲ့ ရောဂါပိုးတွေကို ကာကွယ်တားဆီးဖို့ အထူးလိုအပ်ပါတယ်။

► သင့်တင့်မျှတတဲ့ အော်ဂဲနစ်အစားအစာကို လူတိုင်းစားသုံးသင့်တယ်။

လယ်သမားတွေထဲက နာမည်ကြီးဝေဖန်ရေး သမားတစ်ယောက်ကတော့ အော်ဂဲနစ်အစားအစာက အားလုံးအတွက် လောက်ငအောင်ဖြန့်ချိနိုင်မလား မသိဘူးတဲ့။အရည်အသွေးပြည့်ဝတဲ့ အော်ဂဲနစ်စစ်စစ် အသားဓာတ်ကိုလည်း မျှတစွာ စားသုံးပေးရပါဦးမယ်။စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အိမ်မွေးတိရစ္ဆာန်စတာ တွေအတွက်လည်း အော်ဂဲနစ်က လိုအပ်နေဦးမှာမို့ အခက်အခဲတော့ ဖြစ်နိုင်ပါတယ်။တကယ်လို့ လူတွေက အသားကို လျှော့စားမယ်ဆိုရင်၊ ဟိုအရင် ဒုတိယကမ္ဘာ စစ်မဖြစ်မီ ကလို အော်ဂဲနစ် အစားအစာတွေ ပိုပိုလျှံလျှံ ထုတ်လုပ်ဖို့ စဉ်းစားနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဆာလောင်မွတ်သိပ်မှုတွေကို ခုခံကာကွယ်နိုင်မှာ ဖြစ်တယ်။ ငတ်မွတ်ခြင်းပြဿနာတွေ ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်တွေ လောက်လောက်ငင ဖြန့်ချိထုတ်လုပ်ပေးဖို့ လိုပါတယ်တဲ့။

► တရုတ်က အော်ဂဲနစ် ဝင်လာနိုင်တယ်။

သင်ပန်းကန်တစ်ချပ်ကို ယူပါ။ မိုင်ပေါင်းတစ်ထောင်ကျော် အော်ဂဲနစ်ရှာပုံတော်ဖွင့်ပါ။ သင်လုပ်ရမှာက သေသေချာချက်ခ် လုပ်ပါ။လေဘယ်လ်ကတ်ပြားတွေ ကို ကြည့်ပါ။ ဆိုင်မန်နေဂျာက သင့်ကို အော်ဂဲနစ်အစာ ထွက်ရှိရာ မူလဒေသကို ပြပါလိမ့်မယ်။ သတိတော့ တစ်ချက်ထားပါ။ အရပ်ဒေသ တစ်ခုခုမှာ အော်ဂဲနစ်ပစ္စည်းမှန်ကြောင်း သက်သေမပြနိုင်ရင်ပြနိုင်ဖို့ အော်ဂဲနစ် စမ်းသပ်နည်းပညာအများကြီးရှိတယ်။ သုံးပါ။

► လယ်တောယာမြေထဲက မြူးထူးပျော်ပါးနေတဲ့ ကျွဲ၊ နွား၊ ကြက်၊ ဘဲ စတာတွေ မနှောင့်ယှက်ပါနဲ့၊ အဲဒါ တွေက အော်ဂဲနစ်အသားတွေရမယ်။

USDA က အော်ဂဲနစ် အသား၊ ကြက်ဘဲ ဥ အမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ရာမှာ တိရစ္ဆာန်တွေဆီက အများဆုံးရနိုင်ပါတယ်။ ပဋိဇီဝဆေးနဲ့ ဟော်မုန်းဓာတ်တွေဖြည့်စွက်ဖို့ မလိုဘူး။ခုခံအား ကျဆင်းစေတဲ့ ဗက်တီးရီးယားပိုးမွှားတွေ ပါ မပါ တော့ ကြည့်ရပါမယ်။ တိရစ္ဆာန်တွေက အော်ဂဲနစ်သီးနှံတွေဓလေ့အတိုင်းဖြစ်ထွန်းလာတဲ့ သီးနှံတွေကို စားကြမယ်။ ဒါ့ကြောင့် အော်ဂဲနစ်အသားဟာ ဈေးကြီးပေမယ့်လည်း သင့်အတွက် အဟာရပြည့်ဝစေမှာပါ။ ဗက်တီးရီးယားတွေကို လျှော့ချဖို့ အမှန်လိုအပ်နေမှာဖြစ်တယ်။

► အော်ဂဲနစ် seafood တွေ မကျန်ရစ်စေနဲ့ဦး။

ရေနေသတ္တဝါ ငါးတွေဟာ ရေမှာဓလေ့ထုံးစံ အတိုင်းနေလေ့ရှိပြီး သူတို့ကို ဘာကမှထောက်ပံ့ ပေးမထားဘူး။ စနစ်တကျဖွဲ့စည်းပေးတာမရှိဘူး။ အဆိပ်အတောက်ဖြစ်မလား စမ်းသပ်စရာမလိုဘူး။ပင်လယ်စာက ဈေးကြီးမှာတော့ သေချာသလောက်ပဲ။

► နွားနို့က ရတဲ့ငွေကို စုဆောင်းနိုင်တယ်။

နွားနို့ဟာ ကလေးသူငယ်နဲ့ သက်ကြီးတွေ ကိုယ်ဝန်ဆောင်တွေကို သင့်တင့်တဲ့ ဟော်မုန်းဓာတ်တွေ ပေးပါတယ်။ Estrogen ပါဝင်မှုပိုတဲ့အတွက် အပေါ်ယံအရည်ကို ခပ်သောက်ရင် အော်ဂဲနစ် မဟုတ်လည်း ကျန်းမာဝဖြိုးစေပါတယ်။ ဟော်မုန်းဓာတ်ထုတ်လုပ်ရာမှာ ကင်ဆာက ဆက်နွှယ်နေတတ်တယ်လို့ သုတေသနပြုစုသူတွေက ဆိုတယ်။ ဒီအဆိုပြုချက်က အံ့ဖွယ်ပါပဲ။

► အော်ဂဲနစ်အစာဟာ စူပါလည်းမဟုတ်ဘူး။

မကြာသေးမီက စတဲန်ဖို့ထ်မီတာပညာရှင်တစ်ဦးက ' အော်ဂဲနစ် အစာစားရုံနဲ့ ကျန်းမာရေးကို အကျိုးကျေးဇူး တစ်စုံတစ်ရာပေးမှာမဟုတ်ဘူး ' လို့ ဆိုပြန်တယ်။ ဝေဖန်အကြံပြုစာတွေကတော့ သင့်အတွက် အကောင်းအဆိုး အမျိုးမျိုးပါပဲ။ ဘာပဲဖြစ်ဖြစ် လေ့လာဆန်းစစ်သူတွေက အာဟာရဖြစ်အောင်ပြင်ဆင်စားသုံးရာမှာ မစစ်ဆေးလို့ မရဘူး။ စစ်ဆေးကြည့်ဖို့တော့ လိုမယ်။

အသီးနှံ စိုက်ခင်းပျိုးပင်တွေကို အန္တရာယ်ပေးမယ့် အင်းဆက်တွေကို သတ်ဖို့သုံးတဲ့ ဓာတုဆေးတွေဟာ အင်းဆက်တွေအတွက် ခံနိုင်ရည်ရှိပြီး ယဉ်ပါး သွားတာမျိုးလည်းရှိတယ်။ မြေဆီမြေနှစ်တွေ ကုန်သွားတဲ့အ ခါမျိုးမှာ မြေသြဇာကျွေးရတာလည်းရှိတယ်။ မြေဆီမြေနှစ် ထပ်ဖြည့်ပေးရပါတယ်။ ရေနဲ့ ရောစပ်ရတဲ့အခါ ဓာတုဆေးရည်၊ နိုက်ထရိုဂျင် စတာတွေဟာ ရေစီးလမ်းကြောင်းအတိုင်း ပတ်ဝန်းကျင်ကို ညစ်နွမ်းစေပြန်တယ်။

► ပိုးသတ်ဆေးရည် လက်ကျန်တွေကို ရေနဲ့ကျင်းမပစ်ရဘူးနော်။

လက်ကျန်ဆေးရည်တွေကို ရေနဲ့ကျင်းပြီးဖယ်ရှား ဆေးကြောမပစ်ပါနဲ့။ သီးနှံစိုက်ခင်းတွေ ပျိုးပင်တွေကို အန္တရာယ်ပြုဖျက်ဆီးနိုင်တဲ့ အင်းဆက်ပိုးမွှားတွေကို သတ်ချင်တာနဲ့ ဓာတုဗေဒနည်းပညာအရ ဖော်စပ်ထားတဲ့ ဆေးတွေသုံးရာမှာ လူကိုထိမိတာနဲ့ အဆိပ်အတောက် ဖြစ်သွားနိုင်လောက်အောင် အစွမ်းထက်ပါတယ်။ တချို့ပိုးသတ်ဆေးတွေဟာ အစားအစာရဲ့ မျက်နှာပြင်ပေါ်မှာ ကပ်ပါးအဖြစ် တွယ်နေတတ်ပါတယ်။

► စနစ်တကျဆောင်ရွက်ပေးရမယ်။

အစားအစာတစ်ခုပေါ်ထွက်လာရင် လေဘယ်လ်ကတ်က အရေးကြီးတယ်။ ကျန်းမာရေးနဲ့ညီညွတ်မှုရှိ မရှိ။ ပြီးတော့ ပါဝင်တဲ့ပစ္စည်းတွေရဲ့ ဂုဏ်သတ္တိ၊တာရှည် ခိုင်ခံ့မှု ၊ရေရှည် အသုံးပြုနိုင် မပြုနိုင်၊ ဒါတွေလိုအပ်ပါ တယ်။ သင်ကိုယ်တိုင်ခံစားနားလည်နိုင်ပါလိမ့်မယ်။ပတ်ဝန်းကျင်အခြေအနေ မပျက်မစီးတိုးတက်မှုရှိဖို့ လိုပါမယ်။ဘာပဲဖြစ်ဖြစ် သင့်အတွက် အဟာရပြည့်စုံ မှုကလည်း လိုအပ်တာပါပဲ။

► သမားရိုးကျ စိုက်ပျိုးရေးတစ်ခုအဖြစ် ထိန်းမထားနိုင်ဘူး။

ဓာတုဗေဒ နည်းစနစ်အရဖော်စပ်ထားတဲ့ ဓာတ်မြေသြဇာကို သုံးစွဲတာဟာ သီးနှံများများထွက်အောင် အပင်ကြီးထွားအောင် စသဖြင့်အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပေမယ့် ကပ်ပါးပိုးကလေးတွေကိုတော့ သည်းခံနိုင်ရပေမယ်။ သူတို့က 'ဆေးပြီး'နေတတ်လို့ပါ။ ပိုမိုပြင်းထန်တဲ့ ဖော်မြူလာတွေ တီထွင်သုံးစွဲလာကြမယ်။ သမားရိုးကျ စိုက်ပျိုးမွေးမြူရေးနည်းပညာ ကတော့ ဈေးပေါပါတယ်။ အော်ဂဲနစ် နည်းပညာဘက် ပြန်လှည့်လာနိုင်တာပေါ့။

► အော်ဂဲနစ် မျိုးစေ့တွေက အန္တရာယ်တွင်းမှာ။

ကမ္ဘာ့အကြီးဆုံး ဓာတုဗေဒနည်းနဲ့ သီးနှံစိုက်ပျိုး ခြင်းနည်းပညာဆိုင်ရာ ကုမ္ပဏီလေးခုဟာ ကမ္ဘာ့မျိုးစေ့တွေရဲ့ ရာခိုင်နှုန်း ၅ဝ ကို ပိုင်ဆိုင်ပါတယ်။ သူတို့ကို အော်ဂဲနစ်နည်းစနစ်အရ ပေါက်ပွားမွေးမြုခြင်းမရှိဘူး။မျိုးစေ့တွေကို ကောင်းမွန်စွာ ပြန်လည်အသုံးချနိုင်ဖို့ အထူးထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တယ်။ နောက်တစ်ခု စဉ်းစားဖို့လိုတာက မြေသြဇာကိစ္စပဲ။

► အမေရိကန်သီးနှံတွေမှာ ၁ ရာခိုင်နှုန်းလျော့လျော့သာ အော်ဂဲနစ်ပါတယ်။

မကြာမီက အချက်အလက်စုဆောင်းရရှိထားသမျှထဲက ပြောရမယ်ဆိုရင် Organic-World.Net ကနေရတဲ့သတင်းမှာ ၆ ရာခိုင်နှုန်းလောက်သာ အော်ဂဲနစ်နည်းဖြစ်ပြီး ကျန်တာအားလုံး လူတို့ ပြုပြင်ပြောင်းလဲထားတဲ့ အစာအာဟာရတွေပဲလို့ ဖွင့်ချထားတယ်။

► အော်ဂဲနစ် ပစ္စည်းတွေ နှံဖျက်ပိုးနှောင့်ယှက်မှု နည်းပါးတယ်။

ဘာဖြစ်လို့လဲဆိုရင် အာဟာရကျွေးတဲ့အခါ သဘာဝနည်းအတိုင်းကျွေးမွေးတယ်။ သီးနှံတွေဟာ ခုခံအားကောင်းပြီး အင်းဆက်ပိုးမွှားရန်ကို ခံနိုင်စွမ်းရှိနေတယ်။ အော်ဂဲနစ်လယ်သမားတွေဟာ သူတို့ရဲ့မြေဆီလွှာကို အချိန်အဆကိုက်ညီအောင် ထိန်းထားနိုင်တယ်။

► အော်ဂဲနစ်ဟာ ၁ဝဝ ရာခိုင်နှုန်းတော့ မပြည့်သေးပါဘူး။

USDA က ထောက်ပြရာမှာ ၁ဝဝ ရာခိုင်နှုန်း မပြည့်ပေမယ့် ၉၅ရာခိုင်နှုန်းကတော့ အော်ဂဲနစ်နည်းပညာနဲ့ ရှင်သန်လာပါတယ်တဲ့။ ဘယ်ကိစ္စမဆို ၊ဘယ်နေရာမှာမဆို 'အော်ဂဲနစ် ' ဆိုတဲ့ လေဘယ်လ်ကတ်က အရေးပါနေတယ်။ ကြည့်မိရင် ၉၅ရာခိုင်နှုန်းသာ တွေ့ရတယ်။ မူလအော်ဂဲနစ် နည်းပညာနဲ့ ပြုလုပ်ဖို့ အစာသွတ်ဝက်အူချောင်း၊ မုန်ညင်းရွက်အမှုန့်၊ ငါးအဆီတို့လို အချို့ ပါဝင်ပစ္စည်းတွေမှာ အခက်အခဲ ဖြစ်နေဆဲပဲ။

► သင့်ရဲ့အစားအစာကို သဘာဝအစာလို့ ခေါ်စေမလား။

USDA က ပြောရာမှာ အော်ဂဲနစ် အစားအစာတွေဟာ ကြံ့ကြံ့ ခံနိုင်တယ်တဲ့။ မြေသြဇာတွေနဲ့ ပေါင်းစပ်ရောနှောခြင်းမရှိလို့ရှင်သန်ကြီးထွားရာမှာ သမားရိုးကျ ဟော်မုန်းဓာတ် ပေါက်ပွားခြင်းရှိတယ်။ ပဋိဇီဝဆေးတွေ နဲ့ GMOs သီးနှံဖျက်ပိုးတွေ သတ်ဖြတ်ဖို့ ဆေးဝါးစတာတွေမှာ သဘာဝအတိုင်းသာ ကျင့်သုံးခြင်းဖြစ်တယ်။ သုံးနှစ်အတွင်း ဒေါ်လာထောင်ပေါင်းများစွာ ကုန်ကျစရိတ်ကြီးမြင့်ခဲ့တယ်။ လယ်သမားတွေဟာ အသေးစိတ်စာရင်းအင်းပြုစုတတ်လာတယ်။ မြေဆီကြွေးတဲ့ သဘောတရားကို စူးစမ်းတတ်လာတယ်။ စနစ်တကျ စစ်တမ်းထုတ်တတ်လာတယ်။

► အော်ဂဲနစ်သီးနှံဆိုတာ အစားအစာတင်ပဲလား။

မဟုတ်ဘူး။ နေရာတိုင်းမှာပါ။ ပစ္စည်းမျိုးစုံရှိတယ်၊ တီရှပ်ကနေ လက်သုတ်ပဝါအထိပေါ့။ အလှကုန်၊
တို့ပတ်စတာတွေ အော်ဂဲနစ် ဖိုင်ဘာကနေ အာမခံနဲ့ထုတ်လုပ်နိုင်သေးတယ်။ အော်ဂဲနစ်ပန်းတွေ။
အော်ဂဲနစ် အိမ်ထောင်ပရိဘောဂစတာတွေပါ ပေါ်ထွက်လာတယ်။


► အော်ဂဲနစ်ဆိုရင် သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကိုလည်း မေ့ချန်မထားပါနဲ့။

Environmental Working Group အဖွဲ့က 'Clean 15 and Dirty Dozen ' အစီအစဉ် စတင်ကြတယ်။ ပိုးသတ်ဆေး အကြွင်းအကျန်တွေ ပိုလျှံတဲ့ ပိုးသတ်ဆေးတွေမြင့်မားနေမှုကို လျှော့ချ တာ ပြုလုပ်ကြတယ်။ သီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ စားသုံးရင်း သူတို့ဘယ်လိုရှင်သန်ပေါက်ပွားခဲ့တယ်ဆိုတာကို အမှတ်ရစရာလေးတွေပါ။ စားသုံးသူတွေကို အသိပေးအကြောင်းကြားချင်တာက တချို့လူတွေ ထင်နေသလိုမဟုတ်ပါဘူး။ ဘယ်အပင်မဆို သူ့နေရာနဲ့သူ အသုံးတည့်နေတာပါပဲ။ ကုန်ကျစရိတ်များပေမယ့် ကျန်းမာခြင်းနဲ့ပြည့်စုံမယ့် အစားအစာကို ရွေးချယ်စားသုံးနိုင်ပါစေ။

Florist
LivingFashion

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ