လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ဘယ်လိုအချိန်ဇယားဆွဲမလဲ

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာဟာ ကိုယ်အလေးချိန်ကျစေတဲ့ အာနိသင်တစ်ခုတည်း ပေးနိုင်တာမဟုတ်ပါဘူး။ သွေးပေါင်ပုံ မှန်ထိန်းထားနိုင်ခြင်း၊ အဆစ်ရောင် ရောဂါသက်သာခြင်း၊ နာကျင်မှုခံနိုင်ရည်အားတိုးတက်ခြင်း၊ သက်လုံ ကောင်းစေခြင်း စသည့်အကျိုးများ ဖြစ်ထွန်းစေပါတယ်။

မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပါ
မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်တာဟာ အောင်မြင်မှုပိုရစေပါတယ်။ လမ်းပေါ်မှာ အနှောင့်အယှက်ကင်းတာ၊ အလုပ်ကိစ္စတွေ မရှုပ်သေးတဲ့ အချိန်မှာ လေ့ကျင့်ခန်းလုပ်တာဟာ ပိုထိရောက်ပါတယ်။

မှတ်တမ်းတင်ပါ
အမှုမဲ့အမှတ်မဲ့နေတဲ့အခါ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ဖြစ်တယ်၊ မလုပ်ဖြစ်လည်း တစ်ရက်နှစ်ရက်ပေါ့လို့ ထင်ရပေမယ့် သေချာမှတ်တမ်း တင်ထားမယ်ဆိုလျှင် မလုပ်ဖြစ်တဲ့ ရက်တွေ အတော်များတာ တွေ့ရပါလိမ့်မယ်။

နှစ်သက်ရာလေ့ကျင့်ခန်းလုပ်ပါ
မနှစ်သက်တဲ့ လေ့ကျင့်ခန်း၊ ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေလုပ်ရလျှင် စိတ်အားထက်သန်မှု ကျဆင်းတတ်ပါတယ်။ ပြေးရတာနှစ်သက်လျှင်ပြေးပါ။ စက်ဘီးစီးတာနှစ်သက်လျှင် စက်ဘီးစီးပါ။
အကူအညီရယူပါ
ငွေကြေးလည်းတတ်နိုင်မည်ဆိုလျှင် လေ့ကျင့်ခန်းဆရာတစ်ယောက် ငှားလိုက်ပါ။ ကိုယ်လေ့ကျင့်ခန်းလုပ်ဖို့ လူတစ်ယောက်လာစောင့်နေရ တာ၊ လေ့ကျင့်ခန်းလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ လခပေးနေရတာတွေကြောင့် အလေးထားပြီး လေ့ကျင့်ခန်းလုပ်ဖြစ်စေပါတယ်။

ဇော်ကို
Source:health-central

Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ