လူတိုင်းလိုလို ၀က်ခြံပေါက်ဖူးကြပြီး ၀က်ခြံနဲ့ပတ်သက်တဲ့
ထင်မြင်ယူဆချက်တွေလည်း အများအပြားရှိပါတယ်။ သင်ကြားဖူးနေတဲ့
အဲဒီအယူအဆတွေထဲက ဘယ်အချက်တွေကမှန်ပြီး ဘယ်အချက်တွေက မှားနေလဲဆိုတာ သိရအောင် ၀က်ခြံနဲ့ ပတ်သက်တဲ့ အယူအဆမှားတွေကို ဖော်ပြလိုက်ပါတယ်။
အယူအဆမှား (၁)
- ၀က်ခြံပေါက်တာဟာ တစ်ကိုယ် ရေသန့်ရှင်းရေး မကောင်းလို့ အပျင်းထူပြီး ညစ်ပတ်လို့ ဖြစ်တယ်။
သင်ဟာ ညစ်ပတ်လို့ ၀က်ခြံပေါက်တာထင်ပြီး သင့်မျက်နှာကို
ဝက်ခြံပျောက်ချင်ဇောနဲ့ မကြာခဏ ပွတ်တိုက်ဆေးကြော၊ သန့်ရှင်းနေရင်တော့
ဝက်ခြံတွေ ပိုဆိုးလာပါလိမ့်မယ်။ အမှန်တော့ အညစ်အကြေးတွေနဲ့
အရေပြားမျက်နှာပြင်က အဆီတွေဟာ ၀က်ခြံဖြစ်စေတဲ့ အကြောင်းရင်းမဟုတ်ပါဘူး။
တစ်နေ့တာအတွင်း စုမိနေတဲ့ အညစ်အကြေးတွေနဲ့ အရေပြားဆဲလ်သေတွေဟာ
ရှိနေတဲ့ဝက်ခြံတွေကိုလည်း ပိုမဆိုးစေပါဘူး။ အလွန်အကျွံမျက်နှာကို
ဆေးကြောနေခြင်းကသာ အရေပြားကို ယားယံစေပြီး ၀က်ခြံတွေကို
ပိုဆိုးလာစေနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ရော
ဝက်ခြံအတွက်ပါအကောင်းဆုံးကတော့ တစ်နေ့နှစ်ကြိမ် (မနက်အိပ်ရာထနဲ့
ညအိပ်ရာဝင်ခါနီး တစ်ကြိမ်စီ) မျက်နှာသစ်ဆပ်ပြာအပျော့စားနဲ့ ညင်ညင်သာသာ
ဆေးကြောသန့်ရှင်းပေးဖို့နဲ့ ၀က်ခြံအတွက် သင့်တော်တဲ့ ကုသမှုခံယူဖို့ပါ။
အယူအဆမှား (၂)
- အစားအသောက်က ၀က်ခြံပေါက်စေတဲ့ အဓိကအကြောင်းရင်းပဲ။
ကြော်ထားတဲ့အစာတွေ၊ ငန်တဲ့အစာတွေနဲ့ ချောကလက်တွေဟာ
ဝက်ခြံပေါက်စေနိုင်တယ်လို့ လူအများက ယုံကြည်ထားပေမယ့်
သိပံ္ပနည်းကျလေ့လာမှုတွေက အစားအသောက်နဲ့ ၀က်ခြံအကြားဆက်စပ်မှုကို
သက်သေမပြနိုင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ အစာအသောက်တွေကို
စားပေးရင်တော့ သင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကောင်းအောင်
ကူညီနိုင်မှာဖြစ်ပါတယ်။
အယူအဆမှား (၃)
- ၀က်ခြံကိုညှစ်ပြီး အဆံထုတ်မှသာ ပျောက်နိုင်ပါတယ်။
အမှန်တော့ သင့်ဝက်ခြံကို ထိတွေ့ကိုင်တွယ်ခြင်း၊ ညှစ်ခြင်းတွေဟာ
သင့်အရေပြားအောက်ကို ရောဂါပိုးတွေတွန်းထည့်နေသလိုဖြစ်ပြီး ၀က်ခြံကို
ပိုမိုနီရဲနာကျင်စေကာ ရောဂါပိုးတွေ ပြန့်ပွားစေပါတယ်။ ဒါ့အပြင်
ဝက်ခြံကိုညှစ်ခြင်းကြောင့် အမာရွတ်လည်း ကျန်ခဲ့နိုင်ပါတယ်။
အယူအဆမှား (၄)
- ၀က်ခြံဟာ ဆယ်ကျော်သက် အရွယ်မှာသာ ပေါက်တတ်တယ်။
အမှန်ကတော့ ဆယ်ကျော်သက်အရွယ်ကနေ အသက် ၄၀ ကျော်အရွယ်အထိ
ဝက်ခြံပေါက်နိုင်ပါတယ်။ ဆယ်ကျော်သက်တွေမှာ ၀က်ခြံအများဆုံးပေါက်တတ်ပေမယ့်
လူကြီးတွေမှာလည်း ၀က်ခြံပေါက်နိုင်တာပါပဲ။
အယူအဆမှား (၅)
- လိင်ဆက်ဆံခြင်းနဲ့ စိတ်ဖြေခြင်းတွေက ၀က်ခြံပေါက်စေတယ်။
လေ့လာမှုတွေအရ လိင်ဆက်ဆံခြင်း၊ စိတ်ဖြေခြင်းနဲ့ ၀က်ခြံအကြားမှာ ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။
Ref>မွေးနေ့ဆုမွန်
သဘာဝရဲ့အားအင်
ဝက်ခြံနှင့် ပတ်သက်သော အယူအဆမှားများ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin