သွေးဆုံးချိန်မှီဝဲရမည့်အာဟာရများနှင့် ဆောင်ရန် ရှောင်ရန် အချက်များ

(၁)ကယ်လ်စီယမ်
တစ်နေ့လျှင် နို့(၂)ခွက် (၃)ခွက်သောက်ခြင်း၊ ကယ်လ်စီယမ် ကြွယ်ဝသောအစားအစာများကို စားသုံးပေးခြင်းတို့ ပြုရပါမည်။ (ဥပမာ ငါးသေတ္တာ၊ဆယ်လ်မွန်ငါး၊ အရိုးပါ စား၍ရသောငါး၊ နို့နှင့်နို့ထွက်ပစ္စည်း ၊ ဘရိုကိုလီပဲတောင့်ရှည်မျိုး) အသက် (၅၁)နှစ်နှင့်အထက်ကို တစ်နေ့လျှင် ကယ်လ်စီယမ်ပမာဏ (၁၂၀၀) mg  စားသုံးပေးပါ။
(၂)သံဓာတ်
သံဓာတ်ကြွယ်ဝသော အစားအစာများဖြစ်သည့်အနီရောင် အဆီနည်းသောအသား၊ ဟင်းရွက်စိမ်းများ၊ အစေ့အဆံများ၊ နှံစားအစားအစာများ၊ ကြက်၊ဘဲတို့ကို အသက်ရသူများ တစ်နေ့လျှင် (၈) mg   စားရပါမည်။
(၃)ဖိုင်ဘာ
အနှံများဖြင့် ပြုလုပ်ထားသောပေါင်မုန့်၊ ကွေ့ကာအုတ်၊ ပါစ တာ၊ဆန်၊ လတ်ဆတ်သောအသီးများ၊ ဟင်းသီးဟင်းရွက်များကို တစ်နေ့လျှင် (၂၁)ဂရမ် စားရမည်။
(၄)အသီးနှင့်ဟင်းသီးဟင်းရွက်များ
အနည်းဆုံးတစ်နေ့လျှင် အသီး တစ်ခွက်ခွဲ၊ ဟင်းသီးဟင်းရွက်  (၂)ခွက်စားပါ။
(၅) ရေ
နေ့စဉ်ရေအပြည့် (၈) ခွက် သောက်ရပါမည်။
(၆) ခန္ဓာကိုယ်အလေးချိန်
အဆီများသောအစာများကို ရှောင်ပါ။ တစ်နေ့စာ ပုံမှန်စားပြီး နံနက်စာ သို့မဟုတ် ညနေစာလုံးဝရှောင်ကြဉ်ခြင်း မပြုရပါ။ မိမိအရပ်၊ အသက်နှင့်ကိုက်ညီသော ခန္ဓာကိုယ်ဝိတ်ကို ထိန်းပါ။
(၇) အချိုနှင့်အငန်
သွေးတိုးစေသောဆိုဒီယမ်
ပါသည့်အစားအစာများ စားခြင်း၊ အငန်ကဲသောအစာများစားခြင်း၊ ကျပ်တိုက်ထားသောအစားအစာ များ၊ အကင်များကဲ့သို့ nitrate  မြင့်မားစွာ ပါဝင်သည့်အစားအစာများစားခြင်းသည် ကင်ဆာဖြစ်စေသဖြင့် ရှောင်ရှားသင့်သည်။
(၈) အရက်
အမျိုးသမီးများအနေနှင့် အရက်သောက်တတ်သည့် အလေ့ရှိပါက တစ်နေ့လျှင် အနည်းငယ်မျှသာ သောက်ပါ။
(၉)အဆီတက်သည့်အစာများ
ယင်းတို့သည် ကိုလက်စထရာ တက်စေပြီးနှလုံးရောဂါဖြစ်လာစေ နိုင်သည်။ အဆီတက်စေသောအစာများမှာ မလိုင် နှုတ်မထားသောနို့၊ ရေခဲမုန့်၊ ချိစ်၊ အဆီများသောအသားများဖြစ်သည်။ သို့ဖြစ်၍ နေ့စဉ် မဟုတ်ဘဲ အချို့နေ့များတွင် ကိုလက်စထရော (၃၀၀) mg   ကိုသာစားပါ။

ဒေါန
Health Updates Journal No. 88

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ