နံနက်စာမစားလျင် ကိုယ်အလေးချိန်ကျဆင်းမှုနှေးကွေးပြီး နှလုံးကိုအန္တရာယ် ဖြစ်စေနိုင်။


ကိုယ်အလေးချိန်ကျဆင်းလို၍ဖြစ်စေ၊ အကျင့်ဖြစ်နေ၍ဖြစ်စေ၊ နံနက်စာမစားသူများတွင် ကိုယ်အလေးချိန် ကျဆင်းမှု နှေးကွေးနိုင်ပြီး နှလုံးကို အန္တရာယ်ပိုဖြစ်စေနိုင်သည့်အတွက် နံနက်စာကို မပျက်မကွက် စားပေး ခြင်းဖြင့် ကိုယ်အလေးချိန်ကို ထိန်းထားခြင်း၊ နှလုံးကိုစောင့်ရှောက်ခြင်းတို့ ပြုလုပ်နိုင် မည်ဖြစ်ကြောင်း အမေ ရိကန် နှလုံးအသင်းက ထုတ်ပြန်ကြေညာသည် ။

တစ်နေ့ တာအစားအစာများတွင် နံနက်စာသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ နံနက်စာတွင် တစ်နေကုန် လိုအပ်မည့်ကယ်လိုရီကို ပြည့်ဝအောင်စားပေးခြင်းဖြင့် နေ့ လည်စာ၊ညစာ အစရှိသည်တို့ ကို လျှော့ပေါ့ စားသုံးနိုင်မည်ဖြစ်သည့်အတွက် ကိုယ်အလေးချိန်ကိုထိန်းထားနိုင်ပြီး လျှော့လည်းလျှော့ချနိုင်မည်ဖြစ် သလို နှလုံးအတွက်လည်းကောင်းမွန်ခြင်းဖြစ်ကြောင်း သုတေသီများက ပြောပြသည်။

မနက်စာမစားတာက ရေရှည်ကျန်းမာရေးအတွက် မကောင်းပါဘူး။ မနက်စာမစားတဲ့အတွက် နေ့ လည်စာ နဲ့  ညစာတွေကို ပိုစားမိပါတယ်။ ကယ်လိုရီတွေကို ခန္ဓာကိုယ်က ကုန်ခမ်းအောင် မလောင်ကျွမ်းနိုင်တဲ့ အတွက် အဆီပိုတွေစုမိသွားပါတယ်။ အဲဒီအဆီပိုတွေ၊ ကယ်လိုရီအပိုတွေကြောင့် နှလုံးသွေးကြောထဲမှာ အဆီများတာတွေ၊ နှလုံးသွေးကြောကျဉ်းတာတွေ မျိုးစုံဖြစ်လာနိုင်ပါတယ်။ အမှန်တစ်ကယ်က မနက်စာ မှာ စားချင်တာတွေအားလုံး အပြည့်အ၀စားပေးလိုက်ရင် တစ်နေကုန် ချေဖျက်ချိန်ရတဲ့အတွက် အသင့်လျော်ဆုံး စားသောက် နည်းဖြစ်ပါတယ် ဟု သုတေသီတစ်ဦးက ရှင်းပြသည်။

နံနက်စာမစားသူဦးရေများလာသည်နှင့်အမျှ အ၀လွန်သူဦးရေသည်လည်း များလာသည်ပင်ဖြစ်ကြောင်း၊ နံနက်စာကိုနေ့ စဉ်ပုံမှန်စားပေးသူများတွင် ကိုလက်စထရောမြင့်မားခြင်း၊ သွေးတိုးခြင်း အစရှိသည် တို့  ဖြစ်ပွားမှု လည်း လျော့နည်းနေလေ့ရှိကြောင်း၊ နံနက်စာမစားသူများသည် ကိုယ်အလေးချိန် လွန်ကဲနေခြင်း ၊ အဟာရချို့ တဲ့ခြင်း၊ ဆီးချိုဖြစ်ပွားခြင်း အစရှိသည့်ဝေဒနာများကိုခံစားရလေ့ရှိကြောင်း သိရသည် ။

ထို့ အပြင် အစာကိုနေ့ စဉ်အချိန်စားသောက်ရန်လိုအပ်ကြောင်း၊ အစာစားချိန်ကိုအမျိုးမျိုးပြောင်းလဲပေး လျင် ခန္ဓာကိုယ်တွင်းဇီဝနာရီသည်လည်းကမောက်ကမဖြစ်ကာ အစာမကြေခြင်း၊ အဆီမချေဖျက်နိုင်ခြင်း မှသည် နှလုံးကိုထိခိုက်စေခြင်းအထိ ဆိုးကျိုးများလာနိုင်ကြောင်း ၊ ဘက်စုံ ကျန်းမာရေးကောင်းမွန်စေ ရန်  နေ့ စဉ်အချိန်မှန်စားသောက်ပေးတတ်ရန် အလွန်အရေးကြီးကြောင်း သုတေသီတစ်ဦးက ပြောပြ သည်။

လူတွေက စားသောက်တာ ပြောင်းပြန်ဖြစ်နေပါတယ်။ မနက်ကို အချိန်မရလို့  ကော်ဖီတစ်ခွက်လောက်နဲ့  ပဲ ပြီးလိုက်ကြပြီး နေ့ လည်စာကိုလည်း အလုပ်မှာမို့  ဖြစ်သလိုပဲစားလိုက်ကြပါတယ်။ ညစာကိုကျတော့ အချိန်ယူပြီး တပျော်တပါးစားသောက်ကြလေတော့ ခန္ဓာကိုယ်မှာ ဆန့် ကျင်ဘက်နဲ့ ဆိုးကျိုးတွေပဲ သက် ရောက်စေပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

Lashio News Diary
။ ဖေ (၈) ကျန်းမာရေး၊သမန်းကျား၊ရတနာပုံနေ့ စဉ်။
https://www.facebook.com/LNDLashio/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ