အရိုးပွရောဂါနှင့်ဆက်စပ်သည့် မည်သည့်အရိုးကျိုးမှုမဆို အသက်အန္တရာယ်ရှိနိုင်

သြစတြေးလျမှ လေ့လာသူများ၏အဆိုအရ အရိုးပွရောဂါနှင့် ဆက်စပ်နေသည့် မည်သည့် အရိုးကျိုးမှုမဆို အသက်အန္တရာယ်ရှိနိုင်ကြောင်း သတိပေးခဲ့သည်။ Garvan Institute မှ လေ့လာသူများက အသက်ခြောက်ဆယ်အထက် သက်ကြီးရွယ်အိုများအား အရိုးကျိုးပြီးနောက် အရွယ်မတိုင်မီ သေဆုံးမှုအား စောင့်ကြည့်ခဲ့ကြသည်။ ထို့ထက်သာမက အရိုးကျိုးပြီးနောက် အရိုးပြန်ကျိုးနိုင်ခြေနှင့် အသက်အန္တရာယ်မည်မျှ တိုးတက်လာသည်တို့ကိုပါ စောင့်ကြည့်ခဲ့ကြသည်။ ယခုလက်ရှိ၌ အရိုးပွရောဂါကုထုံး အများစုမှာ တင်ပါးဆုံရိုးနှင့် ကျောရိုးဆစ်များ ကျိုးမှုကိုသာ အဓိက အာရုံ စိုက်လျက်ရှိကြပြီး လေ့လာမှု ရလဒ်များအရ ယင်းနေရာများ သာမက နံရိုးကျိုးခြင်း၊ တင်ပါးဆုံရိုးကျိုးခြင်း စသည့်အခြားနေရာများမှ ကျိုးခြင်းကလည်း အသက်အန္တရာယ် ထိခိုက်မှုမှာ အတူတူပင်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အရိုးကျိုးမှု အသေးစားများဖြစ်သည့်အပြင် တင်ပါးရိုးနှင့် ခါးရိုးဆစ်များကျိုးမှုဖြစ်နိုင်သည့် အလားအလာပိုများလာစေကြောင်း သိရသည်။ ထို့ကြောင့် လေ့လာသူများက အရိုးပွရောဂါနှင့် ပတ်သက်သည့် မည်သည့် အရိုးထိခိုက်ဒဏ်ရာရမှုမဆို မပေါ့ဆဘဲ စနစ်တကျ ကုသသင့်ကြောင်း အကြံပြုခဲ့သည်။

အပိန်လေး
ref:Netdoctor.co.uk
Health Updates Journal No. 97

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ