အထိုင်များ သူများ ဆီးချိုနှင့် နှလုံးရောဂါ အန္တရာယ် တိုးမြင့် လာနိုင် ဖွယ်ရှိ

လေ့လာမှု တစ်ရပ်တွင် နေ့စဉ်အချိန် ကြာမြင့်စွာ အထိုင်များ သူတို့သည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် သေဆုံး နိုင်သော အန္တရာယ် ပိုမို တိုးတက် လာနိုင်ကြောင်း တွေ့ရှိရ သည်။

လက်စတာ တက္ကသိုလ် ဆီးချို ရောဂါ သုတေသန ဌာနစုက လူနာ ၇၉၄၅၇၇ ဦးတို့ကို မတူညီသည့် စမ်းသပ် လေ့လာမှု ၁၈ ခု ပြုလုပ်ခဲ့ ကြရာမှ အချိန်ကြာကြာ ထိုင်သူများသည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် သေဆုံး နိုင်သည့် အန္တရာယ် နှစ်ဆခန့် တိုးလာ သည်ကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ကျန်းမာသော သူ အများစု တို့သည် ကာလကြာရှည် ထိုင်ခြင်းဖြင့် အန္တရာယ် ဖြစ်နိုင်ဖွယ် ရှိသည်ဟု အကြံပြုထား ပါသည်။

အရွယ်ရောက်သူများသည် ၎င်းတို့ ၏ အချိန် ၅ဝ မှ ၇ဝ ရာခိုင်နှုန်းကို ထိုင်ခြင်းဖြင့် ကုန်ဆုံးစေပြီး ယခုတွေ့ရှိ ချက်က အကျိုးရှိသော ရလဒ် တစ်ခုဖြစ်စေနိုင်သည်။ လက်စတာ ဆီးချိုရောဂါသုတေသနဌာနမှ သုတေသန ပညာရှင်နှင့် လေ့လာသူ တစ်ဦးဖြစ်သူ ဒေါက်တာ အမ်မာက ပြော ကြားသည်။ ထိုင်သည့် အချိန်ကို ကန့်သတ် လိုက်ခြင်းဖြင့် မိမိတို့သည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် သေဆုံးမှု အန္တရာယ်ကို လျှော့ချ နိုင်ကြောင်းဖြင့် ၎င်းက ထပ်လောင်း ပြောကြားသည်။

လေ့လာမှုအရ ဆီးချိုရောဂါနှင့် အချိန်ကြာကြာ ထိုင်ခြင်းတို့ ဆက်စပ်နေပြီး မျိုးရိုးလိုက် ဆီးချိုရောဂါ ရှိသူ သို့မဟုတ် တောင်အာရှ ဒေသမှ လူမျိုးစုများ၊ အဝလွန်သူများ ကဲ့သို့သော ဆီးချိုဝေဒနာရှင် များအတွက် အရေးကြီးသည့် သတင်းတစ် ရပ် ဖြစ်ပါသည်။ ထို့အပြင် အချိန်ကြာကြာ ထိုင်သည့် အလေ့အထကို ကန့်သတ် ခြင်းဖြင့် ဆီးချို ဝေဒနာရှင်များ နောက်ထပ်ဖြစ် ပေါ်လာမည့် အန္တရာယ် ကို လျှော့ချရန် အကူအညီ ပေးနိုင်ဖွယ် ရှိကြောင်း သိရသည်။ စားပွဲတစ်လုံး၊ ကွန်ပျူတာ တစ်လုံးဖြင့် အချိန်ကြာကြာ ထိုင်၍ အလုပ်လုပ် နေသူ များ အားလုံး အချိန်ကြာမြင့်စွာ ထိုင်နေခြင်း ထက် လှုပ်ရှားမှုများ ပြုလုပ်ကြရန်၊အထူး သဖြင့် နေ့လယ် စာစားချိန်၊ နားချိန်တို့တွင် လမ်းလျှောက်ခြင်းနှင့် ရုပ်/သံ ကြည့်ချိန်ကဲ့သို့ ထိုင်သည့် အချိန်များ အစား တစ်စုံ တစ်ခုကို လုပ်ကိုင်ကြ ရန် လော့ဂ် ဘရော့ တက္ကသိုလ်မှ ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာ၊ လှုပ်ရှားမှု ပါမောက္ခ စတပ် ဘစ်ဒယ်လ်က အကြံပြု ပြောကြား ထားသည်။ သို့ဖြစ်၍ ဆီးချို ရောဂါ၊ နှလုံး ရောဂါရှိသူများ၊ အချိန် ကြာကြာ ထိုင်၍ အလုပ်လုပ် ကြရ သော သူများ ကျန်းမာရေး အထောက်အကူ ဖြစ်စေရန်နှင့် ရောဂါ သက်သာ စေ ရန် ကိုယ်လက် လှုပ်ရှားမှုများ လုပ်ဆောင် သွားသင့်ကြောင်း အကြံပြု လိုက်ပါသည်။ ။

မင်းသုနိုင်

Myanmar News Media

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ