" မေတ္တာသက်ဝင် ချစ်ခင်မှု ရှိခြင်းသည် နှလုံး ကျန်းမာရေးအတွက် အမှန်တကယ် ကောင်းမွန်မှု ရှိဟု နှလုံးရောဂါ ပညာရှင်များ ပြောကြား"

လူတစ်ဦးနှင့် တစ်ဦးအကြားတွင် မေတ္တာ သက်ဝင် ချစ်ခင်မှု ရှိခြင်းသည် နှလုံးကျန်းမာရေး အတွက် အထူးကောင်းမွန်မှု ရှိကြောင်း ဖင်လန်နိုင်ငံမှ ထုတ်ပြန်သော လေ့လာတွေ့ရှိချက် စာစောင် တစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါ စာစောင်တွင် ဖော်ပြထားချက်အရ သုတေသီများသည် လက်ထပ်ပြီးသော အမျိုးသား၊ အမျိုးသမီးများကို တစ်ကိုယ် တည်း နေကြသူများနှ င့် နှိုင်းယှဉ် ကြည့်ခဲ့ရာ လက်ထပ်ပြီး သူများတွင် နှလုံးရောဂါ ဖြစ်ပွားမှုနှင့် နှလုံး ရောဂါကြောင့် သေဆုံးမှု အန္တရာယ်များမှာ သိသိသာသာ လျော့နည်းမှု ရှိကြောင်းကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

ချစ်ခြင်းမေတ္တာ သက်ဝင်လျက်ရှိ နေသူများတွင် နှလုံးကြွက်သားစနစ် အပါအဝင် ၄င်းတို့၏ ခန္ဓာကိုယ်ပေါ်၌ ကောင်းမွန်သည့် အကျိုးသက်ရောက် မှုများ ဖြစ်စေနိုင်သည့် အာရုံကြော ဟော်မုန်းဆိုင်ရာ ပြောင်းလဲမှုများ ရှိနေကြောင်း၊ လူသား တစ်ဦးချင်းစီ စိတ်ဆိုး ဒေါသထွက်မှု နှင့် စိတ်ဖိစီးမှု ပမာဏပေါ်တွင် မူတည်၍ ခန္ဓာကိုယ် အတွင်းရှိ ဟော်မုန်း ပမာဏမှာ ပြောင်းလဲမှု ရှိကြောင်း၊ တစ်ဦးနှင့် တစ်ဦး ချစ်ခြင်းမေတ္တာ ရှိနေခြင်းသည် ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းများကို ကောင်းမွန်သည့်ဘက်သို့ ပြောင်းလဲစေနိုင်ကြောင်း၊ ထို့ကြောင့် ချစ်ခြင်း မေတ္တာသည် နှလုံး ကျန်းမာရေးအတွက် အမှန်တကယ် ကောင်းမွန်မှုရှိကြောင်း Vanderbilt နှလုံးကြွက်သား တက္ကသိုလ်မှ နှလုံးရောဂါ ပညာရှင် ဂျူလီဒမ့်က ပြောကြားထားကြောင်း သိရ သည်။ ။

 မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ