အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် ဦးနှောက်တွင်း မော်လီကျူးအဆင့် ပြောင်းလဲမှုများတွေ့ရှိ

University of the Basque Country   နှင့် University of Nottingham တို့ပူးပေါင်းပြုလုပ်သော လေ့လာမှုတစ်ခုတွင် အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဦးနှောက်တွင် ဖွဲ့စည်းတည်ဆောက်ပုံပျက်စီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြသည်။
အစီအစဉ်ချမှတ်ခြင်း၊ နည်းဗျူဟာချမှတ်ခြင်း၊မှတ်ဉာဏ်ဖြင့် အလုပ်လုပ်ခြင်း၊ ရွေးချယ်၍အာရုံစိုက်ခြင်း၊ အပြုအမူများ ထိန်းချုပ်ခြင်း စသည်တို့ လုပ်ဆောင်နိုင်သော ဦးနှောက်၏ prefrontal  အပိုင်းတွင် နဗ်ဆဲလ်များအကြားပြောင်းလဲမှုများ ဖြစ်ပေါ် သည်ကို တွေ့ရှိခဲ့ကြသည်။
အရက်စွဲပြီးသေဆုံးသူ (၂၀) ဦး နှင့် အရက်မသောက်ဘဲ သေဆုံးသူ (၂၀) ဦး၏ ဦးနှောက်များကိုစုဆောင်း၍ prefrontal  အပိုင်းကို လေ့လာခဲ့ရာ အရက်စွဲသူများ၏ ဦးနှောက်ရှိ α-tubulin  ၊ β-tubulin  နှင့် β II spectrin  ပရိုတင်းများတွင် ပြောင်းလဲမှုများဖြစ်ပေါ်သည်ကို တွေ့ရှိရသည်။ ထိုပြောင်းလဲမှုများကြောင့် နဗ်ဆဲလ်များဖွဲ့စည်းမှု၊ ချိတ်ဆက်မှု၊ ကွန်ရက် ဆက်သွယ်လုပ်ဆောင်မှုများ၌ပါ ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီး သိမြင်မှုအပြုအမူ၊ သင်ကြားနိုင်စွမ်းတို့ပါ ချို့တဲ့လာတတ်သည်။
tubulin   ပရိုတင်းများသည် ဆဲလ်ငြမ်းအဖြစ် ဆောင်ရွက်ပေးသည့် ပရိုတင်းများဖြစ်ကြပြီး spectrin ပရိုတင်းများက ဆဲလ်အရွယ်
အစားနှင့် ပုံသဏ္ဌာန်ကို ထိန်းသိမ်းပေးသည်။
ဦးနှောက်တစ်ရှူးများကို လေ့လာရာတွင်အရက်ကြောင့် လျော့နည်းသွားသော ဦးနှောက်ပရိုတင်း ပမာဏကို Western blot  နည်း စနစ်ဖြင့် တိုင်းတာသည်။ လျော့နည်းသွားသော ပရိုတင်းများကို mass spectrometryု နည်းစနစ်ဖြင့် အတည်ပြုသည်။ ဤနည်းအားဖြင့် tubulin့ ပရိုတင်းများတွင် α  နှင့် β  အမျိုးအစားများ လျော့နည်းပြီး spectrin  ပရိုတင်းများတွင် β II  အမျိုးအစား လျော့နည်းသည်ကို တွေ့ရသည်။
အရက်ကြောင့် ဦးနှောက်တွင်း မော်လီကျူးအဆင့် ပြောင်းလဲမှုများကို တွေ့ရှိလာရသောကြောင့် အရက်ကြောင့်ပျက်စီးသွားသည့် အပိုင်းများ အား ပြုပြင်နိုင်ရန် ဆေးဝါးများ ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း သုတေသီများကဆိုသည်။

'ဇော်ကို
Health Updates Journal
Ref:NMD

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ