ရေ၊ ရေသောက်သုံးခြင်းနှင့် အနာကင်းဆေး

ရေဆာသည်။ ရေသောက်သည်။ လူသားတို့ခန္ဓာကိုယ် ၅၅ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းသည် ရေအပေါ်မှီခိုနေရသည်မှာမငြင်းနိုင်။ ရေသောက်သုံးမှုကြောင့် ရရှိလာ သည့် ကျန်းမာရေးခံစားမှုသည် တိုင်းတာ၍မရအောင်ပင်ကြီးမားသည်။ ထို့ကြောင့်လည်း 'ရေအသက်တစ်မနက်'ဟုတင်စားခေါ်ဝေါ်ကြခြင်းဖြစ်နိုင်သည်။ ကယ်လိုရီမပါ၊ အဆီ မပါ၊ သကြားမပါသည့်ရေမှ လူသားတို့၏ကျန်းမာရေးကို အရေးအပါဆုံးအခန်းကဏ္ဍမှ ကူညီပေးနိုင်သည်။

ပိုနေတဲ့အလေးချိန်
==========

ခန္ဓာကိုယ်အလေးချိန်ပိုနေသူတိုင်းအတွက် အကောင်းဆုံးဝိတ်ချနည်းသည် ရေသောက်ခြင်းပင်ဖြစ်သည်။ ရေများများသောက်ပါက အစားအစာဖြည့်တင်းမှုကို ကျဆင်းစေပြီး ခန္ဓာကိုယ်ကိုသွယ်လျစေမည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သကြား ပါဝင်သည့်ဖျော်ရည်များ၊ ကယ်လိုရီပါဝင်သည့် အယ်လ်ကိုဟောသောက်သုံးခြင်းထက် ရေသောက်သုံးခြင်းက ကိုယ်အလေးချိန်ကို ထိန်းညှိပေးမည့် အကောင်းဆုံးဆေး တစ်လက်ဖြစ်သည်။

လှသောအသားအရေ
============

ခန္ဓာကိုယ်တွင်း အစိုဓာတ်ကိုကြာရှည်ထိန်းထားပေးမည့်ရေသောက်သုံးခြင်း အလေ့အထကြောင့် လှပသော၊ ကျန်းမာသောအသားအရေကို ရရှိစေမည်ဖြစ်သည်။ရေသောက်သုံးခြင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့်အရေပြားတစ်သျှူးများကို ပြန်လည် အားဖြည့်စေမည်ဖြစ်ပြီး အရေပြားကိုချောမွေ့စေမည်ဖြစ်သည်။

ခေါင်းကိုက်ခြင်းကို ကုစားခြင်း
=================
ခေါင်းကိုက်ခြင်းသည်ရေဓာတ်ဆုံးရှုံးခြင်းကြောင့် အများဆုံးဖြစ်ပွားတတ်သည်။ထို့ကြောင့် ခေါင်းကိုက်ပါက ရေကိုဆောလျင်စွာသောက်သုံးရမည်ဖြစ်သည်။

အမောပြေ
=======
ရေသောက်သုံးခြင်းသည် အမောပြေစေသည်။ ကုန်ခန်းသွားသည့်အင်အားများကို ဖြည့်တင်းပေးနိုင်မည့်အရာသည် ရေပင်ဖြစ်သည်။

စိတ်ခံစားမှုမြင့်တက်ခြင်း
==============
ရေသောက်သုံးပါက မိမိ၏စိတ်ရှုပ်ထွေးနေသည့်အချိန်မှာပင် စိတ်ကိုပြန်လည် ကြည်လင်လာစေနိုင်ပါသည်။ ရေသောက်သုံးပြီးပြီးချင်းမှာပင် မိမိ၏ဦးနှောက်မှ ပျော်ရွှင်မှုကို စတင်ခံစားလာရမည်ဖြစ်သည်။

ဝမ်းချုပ်ခြင်း
========
ရေသောက်ခြင်းသည် အစာခြေစနစ်ကိုလွန်စွာကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ပျောက်ကင်းစေသည်။ ရေလုံလောက်စွာသောက်သုံးမှုကြောင့် ခန္ဓာကိုယ်တွင်းဖြစ်စဉ် များကို စနစ်ကျနစေမည်လည်းဖြစ်သည်။

သန့်စင် - The Union Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ