သကြားရည်ဖြင့် ပလုတ်ကျင်းခြင်းဖြင့် ဆေးလိပ်ဖြတ်ခြင်းကို အထောက်အကူပြုနိုင်


သကြားရည်ဖြင့် ပလုတ်ကျင်းခြင်းဖြင့် ဆေးလိပ်ဖြတ်ခြင်းကို အထောက်အကူပြုနိုင် သကြားရည်ဖြင့် ပလုတ်ကျင်းပါက မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု ပိုများလာကြောင်း အမေရိကန်နိုင်ငံ ဂျော်ဂျီယာ တက္ကသိုလ်မှ သုတေသီများက ပြောကြားသည်။ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု စွမ်းရည်အား စမ်းသပ်ရာတွင် သုတေသီများက နည်းလမ်းနှစ်သွယ်ကို အသုံးပြုခဲ့သည်။

ပထမစမ်းသပ်နည်းမှာ ကိန်းဂဏန်း စာရင်းအင်းများဖြင့် ရောထားသော စာအုပ်မှနေ၍ 'E' ဆိုသော စာလုံးကို ကြက်ခြေခတ်ခြင်း ဖြစ်သည်။ နောက်စမ်းသပ်မှုတွင်မူ သကြားနှင့် အချိုဖောက်ထားသော သံပရာရည် (သို့မဟုတ်) ဓာတုဗေဒ အချိုဓာတ်ဖြင့် ပြုပြင်ထားသော သံပရာရည်ဖြင့် ပလုတ်ကျင်းပြီးနောက် တီဗီဖန်သားပြင်ပေါ်တွင် ပေါ်လာသော စာလုံးများ၏ အရောင်ကို မှန်ကန်စွာ ခွဲခြားခိုင်းခြင်း ဖြစ်သည်။

ဂလူးကို့စ် အချိုရည်အား ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားပါက မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု ပိုလာသည်ဟု သုတေသီများက တွေးခေါ်လေ့ ရှိသည်။ ထို့အတွက် ယင်းသို့ စမ်းသပ်ခဲ့ခြင်းဖြစ်ရာ အချိုဓာတ်က လျှာတွင်ရှိသော အာရုံခံတစ်ရှူးများကို လှုံ့ဆော်ရာမှ ဦးနှောက်မှ ထိန်းချုပ်ရေး အစိတ်အပိုင်းအား သက်ဝင် လှုပ်ရှားလာစေသည်ဟု ဂျော်ဂျီယာတက္ကသိုလ်မှ ပါမောက္ခမာတင်က ပြောကြားသည်။

7Day News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ