Vitamin C ဗီတာမင် (စီ)
Scurvy စကာဗေ ခေါ် ဗီတာမင်စီချို့တဲ့ရောဂါ သြစတေးလျမှာ မထင်မှတ်ဘဲ ပြန်တွေတယ်လို့ လွန်ခဲ့တဲ့ ၄ နာရီ လောက်က သတင်းတက်လာပါတယ် ။ ဗီတာမင်စီမရှိရင် လူ့ကိုယ်ကနေ ကိုလာဂျင်ဆိုတာ မလုပ်နိုင်ဘူး ။ ကိုလာဂျင်က အရေပြား ၊ သွေးကြောတွေ ။ အရိုးနဲ့ အရိုးနုတွေမှာ မရှိမဖြစ်ပါ ။ သူကနေတွယ်ဆက်ပေးတာဖြစ်တယ် ။
ပင်လယ်ခရီးသွားသင်္ဘောသားတွေ၊ ပင်လယ်ဓါးပြတွေမှာ အသီးအရွက် စိုစိုစိမ်းစိမ်း မစားရတာ ကြာလို့ ဖြစ်တယ် ။ အဲတာကနေ စကာဗီရောဂါကို စသိလာရတာပါ ။
ဗီတာမင် (စီ) ဟာ (အက်စကောဗစ် အက်စစ်) ဖြစ်တယ် ။ နည်းရင် (စကာဗီ) ရောဂါဖြစ်တယ် ။ ဖြစ်ပုံက မအီမသာ ခံစားရတာ ၊ မောနေမယ် ။ အလုပ်ချင်မကိုင်ချင်ဖြစ်မယ် ။ စားချင်စိတ်နည်းမယ် ။ အသက်ရှူ မဝဖြစ်မယ် ။ ခြေထောက် အရေပြားမှာ အစက်အပျောက်လေးတွေ ပေါ်တယ် ။ သွားဖုံးရောင်လာမယ် ။ နေရာတချို့မှာ သွေးထွက်မယ် ။ ကြာလာရင် အနာတွေဖြစ်မယ် ။ ပြည်တည်နိုင်တယ် ။ သွားတွေ ကျွတ်ထွက်မယ်။ အသားဝါဖြစ်မယ် ။ ကိုယ်ပူမယ် ။ အာရုံကြောတွေ ထုံမယ် ။ သွေးယိုတာနဲ့ သေဆုံးနိုင်တယ် ။
ကုသရာမှာ လတ်ဆတ်တဲ့ အသီးအနှံတွေစားစေရတယ် ။ လိမ်မော်သီး ။ သံပုရာသီး ၊ ကမ္ဗလာသီး ၊ ရှောက်သီးအမျိုးမျိုး ၊ ဆီးဖြူသီး ၊ စပျစ်သီး ၊ ခရမ်းချဉ်သီး ၊ ဆီးသီး စတာတွေမှာများတယ် ။ အသားငါးတွေမှာလည်းပါတယ် ။
ဗီတာမင် (စီ) ကို အအေးမိတာအတွက်လည်းပေးတာ တချို့သုတေသနက ထိရောက်တယ်ပြောတယ်။ အနာတွေ ကျက်တာကောင်းစေဘို့လည်း ပေးလေ့ရှိတယ် ။ နှလုံး ၊ သွေးကြောအတွက် လည်းကောင်းစေတယ် ။ မျက်စိရေတိမ် ၊ သည်းခြေအိတ်ရောဂါ ၊ သွးအခေါင်းပေါက်တာ ၊ ဝမ်းချုပ်တာ ၊ ခုခံအားကောင်းစေဘို့ရာ ၊ ပန်းနာ ၊ လေပြွန်ရောင်တာ ၊ ကင်ဆာ ၊ အဆစ်နာ ၊ ကလေးမရသေးတာ ၊ ဆီးချို စတာတွေမှာလည်းပေလေ့ရှိတယ် ။ အရက်ဖြတ်၊ ဆေးဖြတ်သူတွေအပြင် အသက်အိုစာတာ နည်းစေဘို့ဆိုပြီးလည်း ပေးတယ် ။ သွားဖုံးရောဂါ ၊ အရေပြားအနာ ၊ အရေပြားစိုပြေစေဘို့ ၊ HIV ပိုး ရှိနေတာ ၊ လေနာ ၊ ဝမ်းကိုက် ၊ ဝက်ခြံ စတာတွေအတွက်လည်းပေးတယ် ။ စိတ်ဓါတ်ကျနေသူတွေ ၊ မှတ်ဥာဏ်နည်းသူ လူကြီးတွေ ၊ ဥာဏ်ရည်နည်းတဲ့ ကလေးတွေကိုလည်းပေးတယ် ။
25 mg ကနေ 1500 mg အထိပါတယ် ။ ဆေးကို လေလုံအောင်ထားရတယ် ။ မဟုတ်ရင် ညိုသွားတယ် ။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin