Penicillin V ပနယ်စလင်စားဆေး


မင်္ဂလာပါဆရာ ကျွန်တော်က အခြေခံကျန်းမာရေးလုပ်သားတစ်ဦးပါ ။ ပင်နီဆလင်ဆေးရဲ့ အသုံးဝင်ပုံ အသုံးပြုပုံတွေနှင့် ဘယ်အသက်အရွယ်ကစပြီး ပင်နီဆလင်ဆေးကို အသုံးပြုလို့ရသည်ဆိုတာကို သိချင်ပါတယ်ခင်ဗျ ။

စကော့လူမျိုး Sir Alexander Fleming (6-8-1881 – 11-3-1955) ဒေါက်တာ (ဖလေးမင်း) ကနေ ၂ဝ ရာစုမှာ အကြီးကျယ်ဆုံး ဆေးပညာတွေ့ရှိမှုကြီး လုပ်ပေးခဲ့ပါတယ် ။ သူစတွေ့ခဲ့တာက မတော်တဆဖြစ်တယ် ။ ၂၈-၉-၁၉၂၈ နေ့မနက်အိပ်ယာထတော့ ကျွန်တော်ဟာ ခါတိုင်းလိုပါဘဲ၊ ငါကနေ့တော့ တော်လှန်မှုကြီးတခုကို လုပ်တော့မယ်လို့ ထင်မထားခဲ့ပါ’ လို့နောင်မှာ ရေးသားခဲ့ပါတယ် ။ သူ ၁၉၂၉ ခုနှစ်မှာ British Journal of Experimental Pathology ထဲမှာ သူ့တွေ့ရှိချက် အသစ်ကို စရေးတော့ လူတွေစိတ်ဝင်စားမှု သိပ်မရှိသေးပါ ။ သူစတွေ့ခဲ့တာက Staphylococcus aureus ဗက်တီးရီးယးကို Penicillium notatum မှို နဲ့ နိုင်တာကိုဖြစ်ပါတယ် ။

သူ့အရင် ပြင်သစ်ဆေးကျောင်းသား Ernest Duchesne က ၁၈၉၆ ကတည်းက Penicillin ကို အရင်တွေ့ထားခဲ့ပါတယ် ။ ဖလေးမင်း နောက်မှာတော့ ပင်နယ်စလင်ဟာ ကူးစက်ရောဂါ အများစု ကိုနိုင်တာကို သိလာပါတော့တယ် ။ နူမိုးနီးယား ၊ ဂနိုးရီးယား ၊ ရူမက်တစ်အဖျား (လေးဘက်နာ) စတာတွေဖြစ်တယ် ။

ဖလေးမင်းဟာ အချိန်မှန်မစားမသောက် ဓါတ်ခွဲခန်းထဲမှာ အလုပ်လုပ်နေရင်း မှိုတက်နေ တဲ့ပေါင်မုန့် စားမိရာကနေ သူ့အနာလေးတွေ ပျောက်သွားတာကနေ စသိတာလို့လဲ ငယ်တုံးကမှတ်သားမိခဲ့ပါတယ် ။ မတော်တဆတွေ့လိုက်တာက mold juice မှိုတက်နေတဲ့အသီးဖျော်ရည်ကဖြစ်တယ်။ ဗက်တီးရီးယားတွေနဲ့ ဖန်းဂတ်စ် ခေါ် မှိုတွေကနေ ဆေးထုတ်တာကို Antibiotics ပဋ္ဋိဇီဝဆေးလို့ ခေါ်လာတယ် ။

Penicillin V (Phenoxymethylpenicillin) ပနယ်စလင်စားဆေးကို လေးဘက်နာလို့ အများခေါ်ကြတဲ့ (ရုမက်တစ်) အဖျားရောဂါ ကာကွယ်ဘို့လဲ သုံးတာ မှန်ပါတယ် ။ နာမည်အရှည်ကြီး Group A β-hemolytic streptococcal (GAS) tonsillopharyngitis လို့ အတိအကျ ခေါ်ရတယ် ။ ဖြစ်စေတဲ့ ဗက်တီးရီးယားနာမည်နဲ့ အာသီး-လည်ချောင်းရောင်ဆိုတာ နှစ်ခုကို တွဲခေါ် တာ ဖြစ်ပါတယ် ။ ရောဂါသေခြာအောင် လည်ချောင်းက အကျိအချွဲကိုယူပြီး ရှိနေတဲ့ပိုးကို စစ်ဆေးရတယ် ။

ကုသဘို့ အကောင်းဆုံးဆေးက Penicillin ဖြစ်တယ် ။ Penicillin V စားဆေး ရော Benzathine penicillin ထိုးဆေးပါ ကောင်းတယ် ။ ဈေးလဲမကြီးဘူး ၊ ဒီပိုးမျိုး သန့်သန့်ကို နိုင်တယ် ၊ ရေရှည်ထိရောက်တာကို သိထားပြီးဖြစ်တယ် ။ ဒီပိုးက ဒီဆေးကို ယဉ်တာမျိုးလဲ မဖြစ်ဘူး ။

(ပနယ်စလင်) မတည့်သူတွေကိုတော့ Cephalosporin နဲ့ Clindamycin စားဆေး ဒါမှမဟုတ် Azithromycin, Clarithromycin, Dirithromycin, Erythromycin, Roxithromycin, Telithromycin, Carbomycin A, Josamycin, Kitasamycin, Midecamycin, Oleandomycin, Solithromycin, Spiramycin နဲ့ Troleandomycin စားဆေးတွေ ပေးနိုင်တယ် ။

တခါဖြစ်ဘူးသူဟာ ထပ်ဖြစ်ဘို့ များတယ် ။ ဒါ့ကြောင့် ကာကွယ်နေရတယ် ။ ဘယ်လောက်ကြာကြာ ကာကွယ်နေရမလဲ (၁) အရင်က ဘယ်လောက်များများ ခံထားရသလဲ ၊ (၂) နောက်ထပ် ရောဂါပိုး ဝင်နိုင်ခြေ ၊ လူနာရဲ့ အသက် ၊ နှလုံးကို ထိခိုက်မှု ရှိ-မရှိ ၊ ဆိုတာတွေ အပေါ်မှာ မူတည်တယ် ။ ကာကွယ်ရေးမှာလဲ (ပနယ်စလင်) က အကောင်းဆုံး ။ မတည့်ရင် Sulfadiazine, Macrolide နဲ့ Azalides (Azithromycin, Clarithromycin) ဆေးတွေ ပေးနိုင်တယ် ။

(ပနယ်စလင်) ဆေးဟာ ကိုယ်ဝန်ဆောင်ကိုသုံးတာ အန္တရာယ်မရှိပါ ။ မိခင်နို့ထဲမှာ နည်းနည်း ပါနေနိုင်ပေမဲ့ နို့စို့ကလေးကို မထိခိုက်စေပါ ။

သတိထားဘို့က ဆေးမတည့်ရင် အသက်ကိုပါရန်ရှာနိုင်တယ် ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ