Viruses တွေဟာ မနက်ခင်းပိုင်းမှာ ကူစက်ခံရရင် ပိုပြီး အန္တရာယ်ကြီးပါတယ်


Viruses တွေဟာ မနက်ခင်းပိုင်းမှာ ကူစက်ခံရရင် ပိုပြီး အန္တရာယ်ကြီးပါတယ်လို့ Cambridge university က လေ့လာချက်တစ်ခုက ပြောပါတယ်။
တကယ်လို့ ကူးစက်မှုဟာ မနက်ပိုင်းမှာဆိုရင် ရောဂါဖြစ်ပွားမှုကို ၁၀ ဆ ပိုမို ပြင်းထန်စေပါတယ်။

ခန္ဓာကိုယ်ကို အိပ်စက်အနားယူခြင်း မပြုတာ ညဘက် အလုပ်လုပ်တာ စတာတွေက ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ထိခိုက်စေပြီး ရောဂါတွေကို ပိုမိုဖြစ်စေပါတယ်။
ဒီရှာဖွေတွေ့ရှိချက်က ရောဂါဖြစ်ပွား ပျံ့နှံ့မှုကို လျှော့ချပေးနိုင်လိမ့်မယ်လို့လည်း ယူဆကြပါတယ်။

Virus (ဗိုင်းရပ်စ် ) ပိုးတွေဟာ ဘက်တီးရီးယား ပိုး ကပ်ပါးပိုး စတာတွေနဲ့ မတူပဲ သူတို့ ကူးပွားဖို့ အတွက် ခန္ဓာကိုယ်ရဲ့ cell (ဆဲလ်) အတွင်းကို ဝင်ရောက်စီးနင်းကြပါတယ်။ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေဟာ ၂၄နာရီပုံစံနဲ့ ဇီဝနာရီ အတိုင်း အလုပ်လုပ်ကြတာဖြစ်ပါတယ်။

လေ့လာချက်တွေမှာ ကြွက်တွေဟာ တုပ်ကွေးပိုး ရေယုန်စတဲ့ virus ပိုးတွေကို မနက်ပိုင်းမှာ ဆယ်ဆ ပိုမို ကူးစက်လွယ်ကြတယ်လို့ ပြောပါတယ်။ ညဘက်လို အချိန်မျိုးတွေမှာတော့ နောက်ကျသွားတဲ့ virus တွေဟာ ဆဲလ်ထဲမှာ ကူးပွားဖို့ အတွက် လိုအပ်တဲ့ အလုပ်သမားတွေက အိမ်ပြန်ကုန်ကြတဲ့ အတွက် စက်ရုံရှိပြီး အလုပ်သမား မရှိတဲ့ အဖြစ်မျိုး ကြုံရတာလို့ ပြောပါတယ်။

မနက်ခင်းမှာ အနည်းငယ်သော virus ပိုးတွေဟာ ပိုပြီး ကူးစက်နိုင် ရောဂါကို ပိုဆိုးနိုင်တာကြောင့် ဒီတွေ့ရှိချက်တွေဟာ ရောဂါပြန့်ပွားခြင်းကို ထိန်းချုပ်ဖို့ နဲ့ လေ့လာစမ်းသပ်မှုတွေမှာ အကျိုးဖြစ်စေပါတယ် လို့ ပညာရှင်တွေက ဆိုကြပါတယ်။

ထပ်မံပြီး လေ့လာချက်တွေအရ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ထိခိုက်ခြင်းဟာ virus တွေကို ရှင်သန်စေဖို့ အခွင့်အလမ်းပေးလိုက်ခြင်းပါပဲ။ တစ်ချို့သော လုပ်ငန်းခွင်က လူတွေဟာ တစ်ချို့ညတွေမှာ အလုပ်လုပ်ရပြီး တစ်ချို့ ညတွေမှာ နားနေခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝနာရီ ထိခိုက်တာပါပဲ။ ဒါကြောင့် ညဘက် အိပ်ရေးမဝရင် virus ဝင်ဖို့ လွယ်ကူတာပါ။ တုပ်ကွေးဖျားနာရင် ဆရာဝန်က အနားယူဖို့ ပြောတာတွေကလည်း ဒါကြောင့်ပါ။

Virus နှစ်မျိုးကို လေ့လာခဲ့ပေမဲ့ မနက်ခင်းမှာ အန္တရာယ်ပိုရှိလာတဲ့ အကြောင်းကို ထင်ရှားစွာ သိလာခဲ့ကြပါတယ်။

ဇီဝနာရီကလည်း အရေးပါတယ်ဆိုတာကို သိရှိလာခဲ့ကြပါတယ်။ ဒါကြောင့် တုပ်ကွေးဟာ မနက်ပိုင်းမှာ ပိုမိုထိုးနှက်နိုင်တာကို သိလာခဲ့ပြီး ကမ္ဘာ့စံတော်ချိန် ဇုန်တစ်ခုမှ အလွန် ခြားနားသော အခြားတစ်ခုသို့ ဂျက်လေယာဉ်ဖြင့် ရုတ်ခြည်း ကူးရောက်ရာတွင် ကိုယ်တွင်းဇီဝနာရီက အလိုက်သင့် လိုက်မမီ ခြင်းကြောင့် ခံစားရသော ကိုယ်လက်ပင်ပန်းမှု (jet Lag ) က ငှက်ဖျားကူးစက်မှုကို ဖြစ်လွယ်စေတယ်လို့ ဆိုကြပါတယ်။

ညီ ( ဆေး၂ )
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ