ဗီတာမင်စီက ဆေးယဉ်ပါး TB ရောဂါပိုးအား သေစေနိုင်


လတ်တလောတွေ့ရှိချက် တစ်ခုအရ သိပံ္ပပညာရှင် များသည် ဆေးယဉ်ပါး TB ရောဂါပိုးအား ဗီတာမင်စီက ထိရောက်စွာနှိမ်နင်း ပေးနိုင်ကြောင်း တွေ့ခဲ့ရသည်။ Yeshiva တက္ကသိုလ်၊ အဲလ်ဘတ်အိုင်း စတိုင်းကောလိပ်မှ

သိပံ္ပပညာရှင် များက TB ကုသရာ၌ အဓိက ဆေးတစ် မျိုးဖြစ်သော Isoniazid ဆေးအား ယဉ်ပါးသည့် TB ပိုးအား တိုက်ထုတ်နိုင်မည့်နည်းလမ်းအား ရှာဖွေခဲ့ရာ ဓာတ်ခွဲခန်းစမ်းသပ်မှုများ၌ Isoniazid နှင့်ဗီတာမင်စီ ရော

စပ်ထားသောအတွဲက ဆေးယဉ်ပါး TB ပိုးအား ထိရောက်စွာနှိမ်နင်းနိုင် ကြောင်း တွေ့ခဲ့ရသည်။ ထို့ပြင် ဗီတာမင်စီကိုယ်တိုင်ကလည်း အခြားဆေးယဉ်ပါး TB များဖြစ်သော MDR-TB နှင့် XDR-TB တို့ အားလည်း

သုတ်သင်နိုင်ကြောင်း တွေ့ခဲ့ရသည်။ ဗီတာမင်စီသည် ဓာတ်ခွဲခန်းစမ်းသပ်မှုများ၌ ကောင်းမွန်သောရလဒ်များ ရလျက်ရှိပြီး လူသားများ၌ စတင်ကုသရန် စီစဉ်လျက် ရှိသည်။

မိုင်ကိ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ