အူရောင်ရောဂါကို သက်သာစေသော ဗီတာမင်ဒီ


ဗီတာမင်ဒီသည် အူရောင်ရော ဂါတစ်မျိုးဖြစ်သော Crohn's Disease ကို သက်သာစေသည်ဟု သုတေသနတစ်ခုတွင် ဖော်ပြထား သည်။ ယင်းရောဂါ၏လက္ခဏာများ အပေါ် သက်သာစေနိုင်ခြင်းကို အိုင်

ယာလန်နိုင်ငံတွင် ကျင်းပသော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင် ရာ ရောဂါများရက်သတ္တပတ်တွင် စာတမ်းတင်ပြထားခြင်းဖြစ်သည်။ ဗီတာမင်ဒီနှင့် Crohn's Disease တို့၏ ဆက်စပ်နေမှုကို ပထမဆုံး

ဖော်ထုတ်နိုင်ခြင်းလည်းဖြစ်သည်။
အိုင်ယာလန်နိုင်ငံ၊ Trinity ကောလိပ်မှ သုတေသီအာဟာရဗေဒ ပညာရှင် Dr.Tara Raftery ကယခု တွေ့ရှိမှုသည် အစာအိမ်ဝေဒနာရှင် များကို အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ဗီတာမင်ဒီသည် ခရုန်းရောဂါ

(Crohn's Disease) တွင် ခံစားနေရ သော ကြွက်သားခွန်အားနည်းပါး ခြင်း၊ မလှုပ်ချင်မကိုင်ချင်ဖြစ်ခြင်း များကို သက်သာစေမည်ဖြစ်ကြောင်း ပြောကြားထားသည်။
လေ့လာမှုသည် သုံးလကြာလေ့ လာခဲ့ခြင်းဖြစ်ပြီး နေ့စဉ်ဗီတာမင်ဒီ ၂၀ဝ၀ယူနစ်သောက်သုံးသူများသည် ကြွက်သားစွမ်းအင်များ ကောင်းမွန်လာသည်ကိုလက်သီးဆုပ်ရသော လေ့ကျင့်ခန်း (hand grip) များ

ဖြင့် သက်သေပြနိုင်ခဲ့သည်။ သို့သော် အာနိသင်မဲ့ ဆေးဝါးသောက်သုံးသူ များတွင် ခရုန်းရောဂါကြောင့် ကြွက် သားအားနည်းမှုများ မသက်သာ သည်ကိုလည်း တွေ့ရှိခဲ့သည်။
ခရုန်းရောဂါလူနာများ၏ ကိုယ် ခန္ဓာအတွင်း ဗီတာမင်ဒီပမာဏ 75nano mole ရှိလျှင်ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုများကို သက်သာစေပြီး ကြွက်သားအား နည်းမှု လျော့ပါးစေနိုင်သည်ဟု ဖော်

ပြထားသည်။

သက်နှင်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ