ကရမက် ( STERCULIACEAE )


နံ့သာနီ၊ နံ့သာဖြူ၊ အကျော်၊ စမ္ပာ၊ ကရမတ်ဟု နံ့သာမျိုး ငါးပါးကို ပေါင်းစုံ အသုံးပြုရာတွင် ပါဝင်သော နံ့သာမျိုးဖြစ်သည်။ နံ့သာမျိုး ဆိုသည့်အတိုင်း အနှစ်အသား မွှေးရမယ်ဖြစ်သည်။ အပင်တိုင်း မမွှေးချေ။ လူသတ် နတ်သတ်ဟူ၍ နှစ်မျိုးရှိရာတွင် နတ်သတ်ဟူသည် ကြီးသောအခါမှ အလိုလို သေသွားသော အပင်ကို ခေါ်သည်။

ထိုအပင်မျိုး၏ အနှစ်အသား သာလျှင် မွှေး၏။ သွေး၍ လိမ်းခြင်းဖြင့် လည်းကောင်း၊ သောက်ခြင်းဖြင့် လည်းကောင်း သလိပ်ကြေစေပြီး နှလုံးရောဂါ၊ ဆီးရောဂါ၊ ညောင်းကျရောဂါများ ပျောက်ကင်း၏။ သွေးလိမ်းခြင့်ဖြင့် ကိုယ်သားကိုယ်ရေကို အေးမြစေပြီး ယားယံခြင်းကို ပျောက်၏။ အပူလွန်သော သည်းခြေနာများကို နိုင်၏။ အမွှေးနံ့သာအဖြစ် မြန်မာပြည်တွင် အများဆုံးအသုံးပြုသည်။

ထို့ကြောင့် မိန်းမတို့အသက်-ကရမတ်ဟု အဆိုရှိသည်။ ကရမတ်မှာ မြိတ်ကရမတ်သည် နာမည်အကြီးဆုံး ဖြစ်သည်။ ကရမတ်ကို သည်းခြေဆေး၊ သွေးဆေးများတွင် အသုံးပြုသည်။ အပြင်လိမ်းဆေး များနှင့်လည်း အပွင့်လိုလျှင် ကရမတ်နှင့် သွေး၍ လိမ်းရန် ညွှန်ကြား ကြသည်။ တိုင်းရင်းဆေးခန်းသုံး ဆေးနံပါတ် ၁၅၊ သည်းခြေဆေးတွင် ဖော်စပ်ထားပါသည်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ