Splenectomy ဘေလုံး ထုတ်ထားရသူ


၂။ ဆရာ ကျွန်‌‌တော့်‌အသက် ၃၄ ပါ။ ဆိုင်ကယ်‌‌မှောက်လို့ လွန်ခဲ့တလက ခွဲစိတ်ထားရတယ် ။ ခွဲစိတ်ဆရာဝန်က ‌ဘေလုံးကွဲ သွားလို့ ဖြတ်ထုတ်ရတယ်‌‌ပြောပါတယ် ။ ‌ဘေလုံးက ဘာပါလဲဆရာ ။ ခန္ဓာကိုယ်ထဲ ဘယ်လိုအလုပ်အကျိုးပြုပြီး ‌ဘေလုံးမရှိရင် ဘယ်လိုဆိုးကျိုးရှိပါသလဲ သိပါရ‌စေ။ ‌ဆောင်ရန်‌‌ရှောင်ရန် ‌ကျေးဇူးပြု ‌ဖြေကြား‌ပေးပါဦးဆရာ။

၂။ အသက် ၂၈ ယောက်ကျားလေးတယောက်။ Spleen Enlarge သရက်ရွက်ကြီးနေတာ လို့ ဆေးစစ်ချက်အဖြေ ထွက်ပါတယ်ဆရာရှင့် ။ ခွဲစိတ်ကုသလို့စိုးရိမ်ရပါသလား သိချင်လို့ပါရှင့်။ အသည်းထိခိုက်မှုတွေ ဆိုးကျိုးရှိတယ် ကြားမိလို့ပါဆရာရှင့်။ တိုင်းတပါးရောက်နေလို့ အခု မြန်မာနိုင်ငံပြန်ပြီး ခွဲစိတ်ကုသရတော့မယ့် အခြေအနေမျိုးပါ ဆရာရှင့်။ အခုသွေးတွေအန်နေလို့ လည်ချောင်းသွေးကြောကို ကုသနေရတဲ့အခြေအနေပါ။ အစာမျိုပြွန်သွေးကြောပေါက်ခြင်း ခေါင်းစဉ် တင်ထားတာလဲ ဖတ်ရပါတယ်ဆရာ။ သရက်ရွက်ခွဲစိတ်ကုသမှုက အသက်ကို ထိခိုက်နိုင်ပါသလားရှင့်။

Spleen ဆိုရင် သရက်ရွက်လို့ မခေါ်။ ခေါ်သူတွေရှိတယ် ။ ဘေလုံးလို့ခေါ်မှသာ မှန်တယ် ။ ဆီးချိုထိန်း ဟော်မုန်း အင်စူလင်ထုတ်ပေးနေတဲ့ Pancreas ကိုသာ သရက်ရွက်လို့ခေါ်တယ် ။
ဘေလုံးထုတ်ထားသူလည်း အသက်ရှင်နေထိုင်နိုင်ပါတယ် ။ ဘေလုံးခွဲထုတ်တာကို Splenectomy လို့ခေါ်ပါတယ် ။ တစိတ်တပိုင်းထုတ်ရတာနဲ့ တခုလုံးထုတ်ရတာလို့ရှိတယ် ။ အသည်းနဲ့မတူတာက ဘေလုံးက အသစ်ပြန်မဖြစ်နိုင်ပါ။ ဆောရီး။ လူ ၃ဝ% မှာ အစတည်းက ဘေလုံးအပိုပါနေတယ် ။ သေးသေးလေး ။ ထိခိုက်ဒဏ်ရာ ရခြင်းကနေ ဘေလုံး ကွဲထွက်နိုင်တယ် ။ ဆောရီး ။ အထဲမှာ သွေးအလွန်ထွက်မယ် ။ အဲလိုဖြစ်ရင် ထုတ်ရတာ များတယ်။ ရောဂါတွေကြောင့်လည်း ဘေလုံးကြီးနေရာနေ ခွဲထုတ်ဘို့လိုလာတတ်တယ် ။ လူးပတ်စ်၊ ဆစ်ကယ်ဆဲလ် သွေးအားနည်းရောဂါတွေကနေ ဘေလုံးကို အလိုလိုသေးသွားစေနိုင်တယ် ။
ဘေလုံးထုတ်ပေးရတဲ့ရောဂါတွေကတော့ -

Idiopathic thrombocytopenic purpura (ITP) သွေးအားနည်းရောဂါ၊
Hereditary elliptocytosis (ovalocytosis) မွေးရာဂါရောဂါ၊
Hereditary nonspherocytic hemolytic anemia မွေးရာဂါရောဂါ၊
Hereditary spherocytosis မွေးရာဂါရောဂါ၊
Thalassemia (Mediterranean anemia) မွေးရာဂါရောဂါ၊
Aneurysm in the spleen's artery သွေးကြောရောဂါ၊
Blood clot in the spleen's blood vessels သွေးခဲပိတ်ခြင်း၊
Leukemia လူကီးမီးယား သွေးကင်ဆာ၊
Lymphoma လင်ဖိုးမားကင်ဆာ၊
Cyst or abscess in the spleen ဘေလုံးထဲ ဆစ်စ်ခေါ် အိတ်ဖြင်ခြင်းနဲ့ ပြည်တည်ခြင်း ။

သတိထားဘို့တွေတော့ရှိတယ်။ ဘေလုံးရဲ့အလုပ်က အဓိက ပိုးမွှားတွေဝင်လာရင် ခုခံကာကွယ်ပေးတယ်။ အဲတော့ ရောဂါပိုးတွေမဝင်အောင် သတိထားနေရမယ်။ Streptococcus pneumoniae နူမိုးနီးယား၊ Neisseria meningitides ဦးနှောက်အမြှေးရောင်၊ Haemophilus influenza တုပ်ကွေးရောဂါတွေဖြစ်တယ် ။ အထူးသတိထားရမယ့်ပိုးတွေက Streptococcus pneumoniae, Neisseria meningitidis, and Haemophilus influenza ပိုးတွေဖြစ်တယ် ။ ဒီကောင်တွေကနေ နူမိုးနီးယား၊ ဦးနှောက်မှေးရောင်တွေအထိဖြစ်နိုင်တယ်။ pneumococcal pneumonia ကာကွယ်ဆေးထိုးထားသင့်တယ် ။

ခွဲစိတ်ပြီးစ သတိထားရမှာတွေရှိတယ်။ သွေးပြန်ကြောထဲ သွေးခဲပိတ်တာ၊ ခွဲထားတဲ့ဒဏ်ရာ အူကျွံတာ၊ ချုပ်ရိုးနေရာ ပိုးဝင်တာ၊ သရက်ရွက်ရောင်တာ၊ ခွဲစိတ်နေရင်း အစာအိမ်နဲ့ အူကိုထိခိုက်တာတွေဖြစ်တယ်။
ပိုးသေဆေးကိုတော့ စနစ်တကျသုံးရမယ်။ ဗိုင်းရပ်စ်ပိုးကို ဗက်တီးရီးယားဆေးနဲ့မရပါ။ မလိုပါ။ လိုရင်တော့သုံးဘို့ရာ ဆောင်ထားပါ။ ဘယ်ပိုးမဆို ကိုယ့်ထဲ ဝင်မလာဘို့က ပိုအရေးပါတယ် ။ နှာခေါင်းစည်း ၊ လက်အိတ်သုံးရမယ် ။ လက်ကိုမကြာခဏ ဆေးရမယ် ။ လူစည်စည်ရှိရာကို ရှောင်ရမယ် ။ ချောင်းဆိုး-နှာခြေနေသူတွေနဲ့ ပူးကပ်မနေရပါ။ ကူးစက်ရောဂါရှိနေသူတွေနဲ့ ဝေးဝေးနေပါ။ ရာသီဥတုကနေဖြစ်တာကာကွယ်ဘို့ရာ အဝတ်အစား၊ အစားအသောက် ဂရုစိုက်ရမယ်။ တခြား တိုင်းပြည်ခရီးထွက်ရင် ကာကွယ်ဆေးထိုးရမယ် ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ