ပဲပိစပ် (Soybean) ၏ ကောင်းကျိုးများ
ပဲပိစပ်တွင် ပရိုတင်းဓာတ်များ စွာပါဝင်သောကြောင့် ကိုယ်ခံအား စနစ်ကို ကောင်းစေသည် ။ အသားတွင် ပါဝင်သော ပရိုတင်းထက်သာ သည်မှာ ၄င်းတွင်ပါဝင်သော ပရိုတင်း၌ Cholesterol ပါဝင်မှုမရှိ သော အချက်ပင်ဖြစ်သည် ။
ပဲပိစပ်တွင် ပါဝင်သော Phytosterols ၌ ပါဝင်သည့် Lecithin ကြောင့် ဥာဏ်ရည်ဥာဏ်သွေး မှတ် ဥာဏ်ကို ကောင်းစေသည့်အပြင် အယ်ဇိုင်းမားရောဂါကိုလည်း ကာ ကွယ်ပေးသည် ။
၎င်းတွင် ပါဝင်သော Lecithin သည် အဆီ၌ ပျော်ဝင်သော Vitamin များကို စုပ်ယူရန် အားပေး သည် ။
တစ်ရှူးနှင့်ကိုယ်တွင်း organ များကို ခွန်အားဖြစ်စေသည်။ မကောင်းသော cholesterol ကို ကျစေသည့် အတွက် နှလုံးသွေးကြောရောဂါကို ကာကွယ် ပေးသည် ။ ကောင်းသောအဆီကိုမူ မကျစေပါ ။
၎င်းတွင်ပါဝင်သော Plant oestrogen အမျိုးအစားဖြစ်သော Soy isoflavone ကြောင့် အရွယ်တင် နုပျိုစေ သည့်အပြင် သွေးဆုံးချိန် ၌လည်း သွေးဆုံးခြင်း လက္ခဏာများ ကိုလျော့စေသည် ။
၎င်းတွင်ပါဝင်သော Protease မှ ပရိုတင်းများကို ပြိုကွဲစေသောအင် ဇိုင်းများကို တားပေးသဖြင့် ရင်သား ကင်ဆာကို သိသိသာသာ ကာကွယ် ပေးသည်။
၎င်း၌ Anti-oxidant ဖြစ် သော Saponin ပါဝင်သဖြင့် ကင်ဆာဆဲလ်များ ကြီးထွားမှုကို တားမြစ်ပေးသည် ။
ပဲပုပ်တွင် အခြားအစားအစာများ ထက် Iron နှင့် Zinc များစွာပါဝင် သောကြောင့် အသက်ကြီးသူများ၏ နားလေးခြင်းကို ကာကွယ်ပေးသည် ။
ပဲပုပ် 100gmစားလျှင် Potassium 1500 mgm ရရှိသဖြင့် ပဲပုပ် ကို လုံလောက်စွာ စားသုံးပါက သွေးပေါင် ကို ကျစေပါသည် ။
ကံ့ကော်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin