Proton beam cancer therapy ကင်ဆာကို ပရိုတွန်ရောင်ခြည်နဲ့ကုသ


ဒီနည်းသစ်မှာ ဘေးထွက်ဆိုးကျိုးနည်းတယ်လို့ လွန်ခဲ့တဲ့ ၂ နာရီကထွက်တဲ့ ဆေးပညာသုတေသနသတင်းကဆိုပါတယ်။ ထိလည်းထိရောက်ပါတယ်။ အသက်ရှင်နှုန်းလည်း အတူတူသာဖြစ်ပါတယ်။

ယူအက်စ် မက်ဆာချူးဆက်ဆေးရုံမှာ ဒေါက်တာတော်ရန်း ယော့ခ်ကနေဦးဆောင်းစမ်းသပ်တွေ့ရှိတာဖြစ်ပါတယ်။ ၂ဝဝ၃ ကနေ ၂ဝဝ၉ ကြားမှာ Medulloblastoma ခေါ် ဦးနှောက်ကင်ဆာရှိတဲ့ကလေး ၅၉ ယောက်ကို ကုပေးခဲ့တာပါ။

လက်ရှိနည်း X-ray radiotherapy ထက် နှလုံးနဲ့ အဆုပ်မှာဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေ နည်းတာတွေ့ရတယ်။
တခြား Spinal cord tumours ခါးရိုးဆစ်ထဲကအာရုံကြောကင်ဆာ၊ Sarcomas near the spine or brain ဦးနှောက်နဲ့ ခါးရိုးဆစ်ထဲကအာရုံကြော ဆာကိုးမား၊ Prostate cancer ဆီးကျိတ်ကင်ဆာ၊ Lung cancer အဆုပ်ကင်ဆာနဲ့ Liver cancer အသည်းကင်ဆာတွေကလည်း သုံးနိုင်ပါမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ