Potato-rich diet may increase pregnancy diabetes risk


အာလူးများများစားရင် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်နိုင်လို့ မနှစ်က ဒီနေ့မှာ အမေရိကန်ကန် ဆရာဝန်တွေက ဆိုလိုက်တာပါ။

အားလူးကို အမျိုးမျိုးလုပ်စားကြတယ်။ သူများတိုင်းပြည်တွေမှာတော့ အာလူးအချောင်းကျော်၊ အာလူးချစ်ပ်၊ အားလူးပြုတ်၊ အားလူးပြုတ်ချေတွေကို အများဆုံးစားကြတယ်။

လေ့လာမှုကို ကိုယ်ဝန်ဆောင်ပေါင်း ၂၁၆၉၃ ယောက်ကိုလုပ်ခဲ့တာဖြစ်ပါတယ်။ ၈၅၄ ယောက်မှာဆီးချိုဖြစ်ကြတယ်။
ဗြိတိန်ဆရာဝန်တွေကတော လက်မခံချင်သေးပါ။ ယူကေမှာ ကိုယ်ဝန်ဆောင် ၁ဝဝ မှာ ဆီးချိုဖြစ်သူ ၃ ယောက်ရှိတယ်။ ဖြစ်ကာစမှာ အာခေါင်ခြောက်မယ်။ မောပမ်းမယ်၊ ဆီးခဏခဏသွားမယ်။ ဆီးချိုရှိနေတာသိတာနဲ့ အစားအသောက် ဆင်ခြင်ရမယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရမယ်။ လိုလာရင်ဆေးသောက်ရမယ်။ ဆီးချိုကိုမထိန်းနိုင်ရင် ကလေး စောမွေးတာ အဖြစ်များတယ်။ ကိုယ်ဝန်ပျက်တာလည်း ပိုဖြစ်တယ်။

အာလူး ၁ဝဝ ဂရမ် (၃့၅ အောင်စ) အစားကို ၂ ကြိမ်ကနေ ၄ ကြိမ်စားသူတွေမှာ ဆီးချိုဖြစ်တာ ၂၇% ပိုတာတွေ့ရတယ်။ အဲလို ၅ ကြိမ်ထက်ပိုစားသူတွေမှာ ၅ဝ% ဖြစ်ကြတယ်။ ကိုယ်ဝန်သွေးဆိပ်တက်တာနဲ့ သွေးတိုးလည်းဖြစ်စေနိုင်တယ်။ ကလေးမွေးပြီး အများစုက ဆီးချိုပျောက်သွားကြပေမယ် ဆီးချိုအမျိုးစား (၂) ဆက်ဖြစ်နိုင်တယ်။

ကိုယ်ဝန်နဲ့ အားလူး မသင့်ဘူးလို့ ပြောတာတော့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ