ကြာရှည်ချောင်းဆိုးခြင်း (persistent cough)က အဆုတ်ကင်ဆာဖြစ်ပွားနိုင်


သုံးပတ်နှင့်အထက် ကြာရှည်ချောင်းဆိုးခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်တက်စေတယ်လို့ ကင်ဆာသုတေသန လှုပ်ရှားမှုတစ်ခု က ဖော်ပြထားပါတယ်။ ဒီလှုပ်ရှားမှုကို Be Clear on Cancer လို့ အမည်ပေး ထားပြီး အဆုတ်ကင်ဆာနဲ့ သေဆုံးသူအရေအတွက်ကို လျှော့ချနိုင်ဖို့ အတွက်ကို ရည်ရွယ်ထားခြင်းဖြစ်ပါ တယ်။ အဆုတ်ကင်ဆာအတွက် အခြားအရေးကြီးတဲ့ သတိထား သင့်တဲ့ လက္ခဏာတွေကိုလည်း တင်ပြလိုပါတယ်။

၁။ကြာရှည်ချောင်းဆိုးခြင်းဟာ ပိုပိုဆိုးလာပြီး ချောင်း ဆိုးတဲ့ပုံစံ ပြောင်းလာခြင်း၊
၂။ ထပ်ခါထပ်ခါ ရင် ခေါင်းပိုင်း ဆိုင်ရာ ပိုးဝင် ခြင်း၊
၃။ ချောင်းဆိုး သွေးပါခြင်း၊
၎။ မောနေခြင်း၊
၅။ ပုံမှန်အလုပ်လုပ်နေ ရင်ကို ပင်ပန်းနွမ်းနယ် နေခြင်း၊
၆။ အကြောင်းရင်း တိတိ ကျကျမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းလာခြင်း၊
၇။ ရင်ဘတ်နှင့် ပခုံးနာကျင်ခြင်း စတာတွေပဲဖြစ် ပါတယ်။

ဒီလှုပ်ရှားမှုရဲ့ခေါင်းဆောင် Jeremy Hunt ပြော ကြားထားတာကတော့ ချောင်းဆိုးတာကြာပြီဆိုရင် ဆရာဝန်ထံသွားပါ၊ ကုသမှုခံယူပါလို့ပဲ ဖြစ်ပါတယ်။ ရောဂါ ကို စောစောစီးစီးသိလေလေ အသက်ရှင်နိုင်ဖို့ အခွင့် အလမ်း ပိုများလေလေဖြစ်ပါတယ်။


သက်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ