Pancreas သရက်ရွက်


သရက်ရွက်ဟာ ၆ လက္မလောက်ရှည်တယ်။ ဝမ်းဗိုက်ထဲ အစာအိမ်နောက်မှာရှိတယ်။ ဦးခေါင်းပိုင်းက အူသိမ်အစပိုင်း အကွေလေးထဲမှာနေတယ်။ သရက်ရွက်ကထွက်တဲ့အရည်ထုတ်ပေးတဲ့ပြွန်လေးက အူသိမ်ထဲကိုပွင့်နေတယ်။ အဖျားခေါ် အမြီးပိုင်းက ဘေလုံးနဲ့ထိကပ်နေတယ်။

သရက်ရွက်ရောဂါများ
၁။ ဆီးချို အမျိုးအစား (၁) မှာ ခုခံအားစနစ်ကြောင့် သရက်ရွက်ထဲမှာရှိတဲ့ အင်စူလင်ထုတ်ပေးနေတဲ့ဆဲလ်လေးတွေကို ပျက်စီးစေတယ်။ သွေးထဲမှာ အစာစားပြီးတိုင်းဆက်လာတဲ့ သကြားဓါတကို အင်စူလင်ဟော်မုန်းကနေ ပုံမှန်သာ ဖြစ်နေအောင်ထိန်းပေးနေတာဖြစ်လို့ မထိန်းနိုင်တော့ပဲ ဆီးချိုရောဂါဖြစ်တာရတယ်။

၂။ ဆီးချို အမျိုးအစား (၂) မှာလည်း အင်စူလင်ဟော်မုန်းထုတ်မပေးနိုင်လို့ရောဂါဖြစ်ရတယ်။ ကိုယ်ခန္ဓာကလည်း အင်စူလင်ကို ခံနိုင်ရည်ရှိလာတယ်။

၃။ Cystic fibrosis ဆစ်စတစ်ဖိုက်ဘရိုးဆစ်ရောဂါမှာလည်း သရက်ရွက်နဲ့ အဆုပ်ကိုထိခိုက်နိုင်တယ်။

၎။ Pancreatic cancer သရက်ရွက်ကင်ဆာလည်းရှိတယ်။

၅။ Pancreatitis သရက်ရွက်ရောင်တာရှိတယ်။ သွေးထဲမှာ Amylase နဲ့ lipase တွေများနေမယ်။

၆။ Pancreatic pseudocyst ခေါ်သရက်ရွက်အရည်အိတ်တုရောဂါလည်းရှိတယ်။

၇။ Islet cell tumor အစ်စလက် ဆဲလ် ကျူးမားရောဂါလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ