Nutella တွင် ကင်ဆာဖြစ်စေနိုင်သော အရာများပါဝင်


ကမ္ဘာတစ်ဝန်းတွင် လူအများနှစ်ခြိုက်စွာစားသုံးလေ့ရှိသော Nutella အချိုသုတ်စရာတွင် စားအုန်းဆီပါဝင်ပြီး စားအုန်းဆီသည် ကင်ဆာရောဂါကိုဖြစ်ပွားစေနိုင်သောကြောင့် Nutella ချစ်သူများအနေဖြင့် ဆင်ခြင် သင့်ကြောင်း ဥရောပအစားအစာဘေးအန္တရာယ်ကင်းရှင်းရေးအာဏာပိုင်အဖွဲ့  EFSA က ထုတ်ပြန်ကြေညာသည် ။

Nutella သည် ချိုကလက်၊ စတော်ဘယ်ရီယိုအစရှိသောအချိုသုတ်စရာများကဲ့သို့  ဖြစ်ပြီးသကြား၊ စားအုန်းဆီ ၊ သစ်အယ်သီး၊ ကိုကိုးသီး၊ နို့ မှုန့် ၊ ဒိန်ခဲနှင့် အခြားသော အနံ့ အရသာကောင်းမွန်စေသည့် အရာများပါဝင်ကြောင်း ၊ ၄င်းတို့ အနက် စားအုန်းဆီသည် လူကိုအန္တရာယ်ဖြစ်စေနိုင်ကြောင်း ၊ အထူးသဖြင့် အပူချိန် ၂၀၀ ဒီဂရီစင်တီဂရိတ် ထက်ကျော်လွန်အောင်အပူပေးလိုက်လျင် ကင်ဆာကိုဖြစ်ပွားစေနိုင်ကြောင်း EFSA က သတိပေးထားခြင်းဖြစ်သည်။

ဟင်းသီးဟင်းအရွက်အဆီတွေကို ပြန်လည်သန့် စင်တဲ့အခါ ကင်ဆာဖြစ်စေတဲ့အရာတွေ ထွက်ပေါ်လာတာကိုတွေ့ ရပါတယ်။ Glycidyl Fatty Acid Ester (GE), 3-monochloropropanediol (3-MCPD), and 2-monochloropropanediol (2-MCPD)တို့ ဖြစ်ပါတယ်။ အဲဒါတွေ အများဆုံးကို စားအုန်းဆီနဲ့  စားအုန်းဆီကြောင့်ဖြစ်တဲ့ အဆီတွေမှာတွေ့ ရတာပါ ။ အသက် ၃ နှစ်နဲ့  အထက်အရွယ် ကလေးတွေထဲမှာ Nutella နဲ့ ကင်းသူခပ်ရှားရှားပါ ။ အဲဒီ Nutella ထဲမှာ စားအုန်းဆီပါဝင်နေတဲ့အတွက် Nutella ကိုစားခြင်းဖြင့် ကင်ဆာရောဂါကို သွယ်ဝိုက်ပြီးဖိတ်ခေါ် ရာရောက်သွားပါတယ် ဟု EFSA မှ တာဝန်ရှိသူတစ်ဦး က သတိပေးသည်။ စားအုန်းဆီသည် Nutella အချိုသုတ်စရာတွင် အဓိက ကျသောအစာပလာဖြစ်ကြောင်း ၊ အီတလီကုမ္ပဏီ Ferrero ကထုတ်လုပ်ကြောင်း ၊ကင်ဆာရောဂါဖြစ်စေ နိုင်သည်ကို ယခုမှဖော်ထုတ်လာကြသော်လည်းယခင်ကတည်းသစ်တောပြုန်းတီးမှုကိုအားပေးသည်ဆိုကာ Nutella ကိုဆန့် ကျင်ကန့် ကွက်မှုများရှိခဲ့ကြောင်း၊ ထို့ အပြင် Nutella ထုတ်လုပ်ရာတွင် တိရိစ္ဆာန်မျိုးစိပ် အချို့ မျိုးသုဉ်းခြင်း ၊ လူ့ အခွင့်အရေးချိုးဖောက်ခံရခြင်း၊ ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှုမြင့်မားခြင်း အစရှိသည်တို့ ကိုလည်း ဖြစ်စေသည်ဟုပြောဆိုကန့် ကွက်မှုများရှိခဲ့ဖူးကြောင်းသိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ