Lifestyle Diseases ဘဝပုံစံကြောင့်ဖြစ်ရသည့် ရောဂါများ


စောစောကပဲ အသိရှေ့နေတယောက် ကိုယ်လက်စထောများလို့ ဆေးရုံတက်ရတဲ့အကြောင်းနဲ့ မသောက်ပဲနေခဲ့တဲ့ဆေးတွေ ပြန်သောက်ရမယ့်အကြောင်းဖတ်ရတယ်။ အဲတာနဲ့ ဦ့း့ ဘုန်းကြီးတပါးလိုတော့ မလုပ်နဲ့ ။ ကိုယ်တော်မှာ သွေးတိုးနဲ့ ဆီးချို ရှိတယ်။ အစားအသောက်ဆင်ခြင်ရတယ်။ ဆေးတွေ နေ့စဉ်သောက်နေရတယ်။ ဒါပေမယ့် လူနေမှုပုံစံမပြင်နိုင်ဘူး။ ဆွမ်းလာကပ်တဲ့ ဒကာက ဆရာတော် ဒီဆွမ်းဟင်းနဲ့ ကိုယ်တော်ရောဂါ သင့်ပါမလားလို့ လျှောက်တော့ ကပ်တာကပ်၊ ဆေးတွေရှိတယ်တဲ့။

ဒီဆေးပညာစာကို ရေးခဲတာ (၆) နှစ်ကျော်ပြီ။ အရေးအသားက စာလိုဖြစ်နေပါတယ်။
လူတို့၏လူနေမှုပုံစံကြောင့်ဖြစ်ရသောရောဂါများရှိသည်။ ကမ္ဘာတွင် စက်မှုလက်မှု၊ စက်ရုံများထွန်းကားခြင်းကြောင့်လည်း အသက်ပိုရှည်လာရာ အသက်ကြီးရောဂါများ ပေါလာရသည်။ ပတ်ဝန်းကျင်နှင့် လူ ဆက်စပ်မှုကြောင့် ၄င်းရောဂါများသည် တဖြေးဖြေးဖြစ်လာသည်။
1. Heart disease, Stroke နှလုံးရောဂါ၊
2. Type 2 Diabetes ဆီးချိုရောဂါ၊
3. ဆေးလိပ်-အရက်-မူးယစ်ဆေးဝါးများကြောင့်ဖြစ်ရသည့် ရောဂါများ၊
4. Alzheimer's disease အဇာမိုင်ယာရောဂါ၊
5. ပန်းနာ၊
6. Atherosclerosis သွေးကြောကျဉ်းရောဂါ၊
7. သွေးတိုး၊
8. Cirrhosis အသည်းခြောက်ရောဂါ၊
9. Osteoporosis အရိုးအားနည်းရောဂါ၊
10. Depression စိတ်ကျရောဂါ၊
11. Obesity အဝလွန်ရောဂါ၊
12. Cancer ကင်ဆာ၊
13. Acne ဝက်ခြံ၊
14. Nephritis or Chronic Renal Failure ကျောက်ကပ်ရောဂါများ ပါဝင်သည်။


အနောက်နိုင်ငံများတွင် လွန်ခဲ့သော၂ဝ ရာစုနောက်ပိုင်း အစားအသောက်ပုံစံ အပြောင်းအလဲကြောင့် ဘဝပုံစံကြောင့် ဖြစ်ရသည့် ရောဂါများဖြစ်လာခဲ့သည်။ ယခင်စားနေကြ ပေါင်မုံ့၊ အာလူး၊ ပြောင်း၊ ပြောင်းဖူးတို့အစား၊ အသား၊ နို့ထွက် အစာများ၊ သစ်သီးရည်များ၊ အရက် ပိုမိုစားသုံးလာကြသည်။ အဝလွန်ခြင်းရောဂါ ဖြစ်လာစေသည်။ ၁ဝ၇ဝ နောက်ပိုင်း အဆီ၊ သကြား၊ အသားစားသုံးမှု များခြင်းကြောင့် အူမကြီး-နို့၊ ဆီးကျိတ်-သားအိမ်-အဆုပ်ကင်ဆာ အဖြစ်များလာ စေသည်။
ဥပမာ အမေရိကန် ပြည်ထောင်စုတွင် လူများ သေစေရသည့် ရောဂါများမှာ ယခင်က နူးမိုးနီးယား၊ တုပ်ကွေး၊ တီဘီ၊ ဝမ်းလျော-ဝမ်းပျက်တို့ ဖြစ်ခဲ့ရာမှ၊ နှလုံးရောဂါနှင့် ကင်ဆာတို့ ဖြစ်လာခဲ့သည်။ နောက်ပိုင်း ကူးစက်ရောဂါများကြောင့် သေရခြင်း များလာခဲ့သည်။ နောက်ပိုင်းတွင် အင်ဖက်ရှင်၊ ထိခိုက်ဒဏ်ရာ၊ စစ်ဖြစ်ခြင်း၊ အဆိပ်သင့်ခြင်းတို့ ဖြစ်လာ သည်။ ကာကွယ်ဆေးများ၊ ပိုးသေဆေးများ ပေါ်လာခြင်းကြောင့် ကုသရန်ခက်ခဲ့သည့် ကင်ဆာနှင့်နှလုံးရောဂါ တို့ကြောင့် သေရတော့သည်။ သေရသည့် အရွယ်နှင့် ရောဂါ အချိုးအစားများလည်း ပြောင်းလာပြန်သည်။ ထိခိုက်မှုများကြောင့် အသက် ၄ဝ၊ ကင်ဆာကြောင့် ၇ဝ နှင့် နှလုံးရောဂါများကြောင့် အသက် ၈၅နှစ်။
Top Lifestyle Diseases အဖြစ်များ ဘဝပုံစံကြောင့်ဖြစ်ရသည့်ရောဂါများ
၁။ Alzheimer's Disease ဦးနှောက်ရောဂါတမျိုး၊ အကြောင်းရင်းမသိသေးသည့်ရောဂါ၊
၂။ Arteriosclerosis သွေးကြောကျဉ်းရောဂါ၊ သွေးလွှတ်ကြောနံရံများ ထူခြင်းကြောင့် ရင်ပတ်နာ၊ အဝလွန်၊ သွေးတိုး၊ အဆီများ၊ ဆီးချို၊
၃။ Cancer ကင်ဆာ၊ ဆဲလ် များပုံမျန်မဟုတ်ပွါးများလာခြင်း၊
Top 5 Cancers အဖြစ်များကင်ဆာများ (ယူအက်စ်အေ)
ကျား
1. ဆီးကျိတ် (28%)
2. အဆုပ် (17%)
3. အူမကြီး (12%)
4. ဆီးအိမ် (07%)
5. လင်ဖိုးမား (04%)

1. ရင်သား (30%)
2. အဆုပ် (13%)
3. အူမကြီး (12%)
4. သားအိမ် (06%)
5. မျိုးဥအိမ် (04%)
၎။ Chronic Liver Disease/Cirrhosis အသည်းခြောက် သို့မဟုတ် နာတာရှည်အသည်းရောဂါ၊ အသားဝါ၊ ကိုယ်ရောင်၊ သတိချို့ယွင်း။
၅။ Chronic Obstructive Pulmonary Disease (COPD) နာတာရှည်အဆုပ်ရောဂါ၊ အသက်ရှူခက်၊ နာတာရှည် ချောင်းဆိုး၊ ဆေးလိပ်-ပတ်ဝန်းကျင်မကောင်းနှင့်ဆက်နေသည်။ အသက်ရှူလမ်းပိတ်သည့် နာတာရှည် လေပြွန်ရောင်ခြင်း၊ ပန်းနာတို့မှဆက်ဖြစ်ရသည်။
၆။ Diabetes ဆီးချိုရောဂါ၊ လေးမျိုးရှိသည်။
၁။ အင်စူလင် ထိုးနေရသည့်အမျိုးအစား၊ ကလေးအရွယ်ဖြစ်တတ်သည်။
၂။ အသက်ကြီးမှဖြစ်သည်၊ ကိုယ်အလေးချိန်များသူ။
၃။ ကိုယ်ဝန်ရှိစဉ်ဖြစ်သည်။
၎။ သရက်ရွက်ရောဂါကြောင့်ဖြစ်သည်။ မျိုးရိုးလိုက်သည်။
၇။ Heart Disease နှလုံးရောဂါ၊ နှလုံးခုန်မမှန်၊ မောပန်း၊ ကိုယ်ရောင်၊
၈။ Nephritis/CRF ကျောက်ကပ်ရောဂါ၊ ဆီးထဲသွေးပါ၊ ဆီးထဲပရိုတင်းပါ၊ ဆီးထဲပြည်ပါ၊ ကိုယ်ရောင်၊ ခါး-နောက်ကျောနာ၊
၉။ Stroke နှလုံးသွေးကျောကျဉ်းရောဂါ၊ အသက်ကြီးချိန်၊ သွေးတိုး၊ စီးကရက်သောက်ခြင်း၊ မိသားစုအတွင်းအလားတူဖြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အဆီစားများခြင်း၊ ကိုယ်အလေးချိန်များခြင်း၊
လူနေမှုပုံစံနဲ့ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ဘို့ ကုသရာမှာ လူနေမှုပုံစံကို ပြင်ရမယ်။ ဆေး + အစားသောက် + ကိုလက်လှုပ်ရှားမှု သုံးခုတည်းပါ။ ရောဂါရှိမှန်းသိကတည်းက ငါ အရင်လူမဟုတ်တော့ဘူးလို့ သဘောပိုက်ပါ။ အရင်က စားသောက်ခဲ့တာတွေကို အရင်လို မမက်ပါနဲ့တော့။ လူသစ် စိတ်သစ်နဲ့ ကြိုက်-မကြိုက်ပါ အသစ်ဖြစ်လာတာကို ကိုယ်တိုင် နားလည် သဘောပေါက်ပြီး ကိုယ်တိုင် စောင့်ရှောက်ရပါမယ်။ ဖြစ်တော့ ကိုယ်ပဲခံရတာ မဟုတ်ပါလား။ စိတ်ကို နိုင်အောင် ကြိုးစားနိုင်ပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ