ကျန်းမာရေးနှင့် မညီညွတ်သည့်အပြင် ဘက်ထရီပေါက်ကွဲမှုပါ ဖြစ်ပွားခဲ့ပြီးနောက် E-Cigarette အသုံးပြုမှုကိုအမေရိကန်၌ ပိတ်ပင်


ကျန်းမာရေးနှင့် မညီညွတ်သည့်အပြင် မကြာသေးမီမှ ဘက်ထရီပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် E-Cigarette ကိုမသောက်သုံးရန် အမေရိကန် စားသောက်ကုန်နှင့် ဆေးဝါး ကြီးကြပ်ရေးဌာနမှ ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

လူငယ်များကြားရေပန်းစားလာခဲ့သည့် E-Cigarette သည် ရေရှည် သောက်သုံးပါကပန်းနာရောဂါ၊ အဆုတ်ရောဂါများနှင့် ချောင်းဆိုးခြင်းများဖြစ်ပေါ်တတ်သည့်အတွက် ရေရှည် သောက်သုံးရန် မသင့်ကြောင်း အမေရိကန် စားသောက်ကုန်နှင့် ဆေးဝါး ကြီးကြပ်ရေးဌာနမှ ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်အတွင်းဒီဇင်ဘာလအတွင်း E-Cigarette များ၏ ဘက်ထရီများပေါက်ကွဲခြင်းကြောင့် မီးလောင်ခြင်း၊ လူထိခိုက်ခြင်းများ ဖြစ်ပေါ်လာခဲ့သည့်အတွက် E-Cigarette ကို ပြည်နယ်အချို့၌ လုံးဝပိတ်ပင်ခဲ့ကာ E-Cigarette ကိုအသုံးပြုသည့်သူကိုအရေးယူသည့်အထိတင်းကျပ်ထားကြောင်းအမေရိကန် အာဏာပိုင်များကပြောကြားခဲ့ကြောင်းသိရှိရသည် ။

E-Cigaretteကိုအရသာအမျိုးမျိုးဖြင့် သောက်သုံးနိုင်အောင် ပြုလုပ်ထားသည့်အတွက် ဆေးလိပ် မသောက်သုံးသည့် လူငယ်များကြားပိုမိုရေပန်းစားခဲ့ပြီးအချို့ဆေးလိပ် သောက်သုံးသူများသည်လည်း E- Cigarette ကိုဆေးလိပ်အစားသောက်သုံးမှုများလည်းပိုမိုများပြားလာခဲ့ပြီး E-Cigarette ကြောင့် လည်းဆေးခန်းလာရောက် ပြသသူများလည်းတစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလျက် ရှိကြောင်းအမေရိကန် သုတေသနပညာရှင်တို့မှ ထုတ်ပြန်ကြေညာခဲ့ကာအမေရိကန်နိုင်ငံ၌ E-Cigarette ကိုအသုံးပြုသည့် လူငယ်ပေါင်း ၃ သန်းကျော်အထိရှိကြောင်းသိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ