Letrozole ဟော်မုန်းဆေး


သမီးကလေးလိုချင်လို့ OG ပြတာ အမျိုးသားရော အမျိုးသမီးကော ၂ ယောက်လုံးစစ်ပြီးပါပြီရှင့်။ ၂ ယောက်လုံး ကောင်းပါတယ်တဲ့။ ရာသီဒုတိယရက်ကနေစပြီး ၅ ရက် သောက်ဖို့ Letroz ပေးပါတယ်ရှင့်။ အဲ့ဒီသားဥကြွေဆေးရဲ့ ကောင်းကျိုးဆိုးကျိုးပြောပေးပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

Letroz ဆေးဟာ Letrozole ဆေးဖြစ်မယ် ။ non-steroidal aromatase inhibitor အမျိုးအစားဖြစ်တယ် ။ Femara နဲ့ Liquifem နာမည်တွေနဲ့လည်းလာတယ် ။ အီစထိုဂျင်ဟော်မုန်းဆန့်ကျင်တဲ့ဆေးအဖြစ် သုံးတယ် ။ ဟော်မုန်းနဲ့ဆိုင်တဲ့ ရင်သားကင်ဆာ ခွဲပြီးသူကိုလည်းပေးတယ် ။ ကြေးစား အားကစား သမားတွေ သုံးတယ် ။ အရေပြားအဆီပျံတာ၊ ဝက်ခြံများတာ၊ ယောက်ျား ရင်သားထွက်တာတွေ ကိုပေးတယ် ။ ကိုယ်ခန္ဓာ အလုပ်တွေကို များများလုပ်စေတယ်။ အဆီကို လောင်ကျွမ်းစေတယ်။ LDL ခေါ်ဆိုးတဲ့ ကိုလက်စထော ကျစေတယ် ။

ရင်သားကင်ဆာကို Letrozole 2.5 mg တနေ့ ၁ ပြား၊ ၃-၆ ပါတ်ကြာပေးလေ့ရှိတယ်။ Femara 2.5 mg ဆေးကနေ အီစထိုဂျင် သက်ရောက်မှုတွေကို နည်းစေတယ်။ အားကစားသမားတွေကို Letrozole 0.5-1.0 mg တနေ့ ၁ ကြိမ် ပေးတယ်။

ဘေးထွက်သက်ရောက်မှုတွေကို သတိထားရမယ်။ မျက်နှာနီမြန်တာ၊ ညချွေးထွက်တာ၊ အရိုးနာတာ၊ အစားပျက်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ချောင်းဆိုးတာ၊ ရင်သားနာတာတွေဖြစ်နိုင်တယ်။ ကိုလက်စထောများတာ ၊ အရိုးအားနည်းတာ ၊ သွေးခဲတတ်တာ ၊ နှလုံးရောဂါရှိတာ ၊ သွေးတိုး ၊ ကျောက်ကပ်ရောဂါ ၊ အသည်းရောဂါရှိသူတွေကို မပေးသင့်ပါ ။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့ တိုက်နေသူတွေကို မပေးရပါ ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ