Heart Attack နှလုံးအတက် သတင်း


ဆရာ ဒီသတင်းလေးကို ကြည့်ပေးပါလား၊ ဟုတ်သလားလို့။

ရုတ်တရက် နှလုံးရောဂါဖောက်လာခြင်း (Heart Attack) ဟာ များသောအားဖြင့် အဟာရ ချို့တဲ့ခြင်းကြောင့် ဖြစ်တတ်ပါတယ် ။ အစားအစာတွေကို စားနေပေမယ့်လည်း အဟာရဓါတ် မပြည့်ဝတဲ့ အစားအစာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအတွက် နှလုံးရောဂါ ဖောက်လာတဲ့အခါ နှလုံးပုံမှန် အလုပ်ပြန် လုပ်ဖို့ အတွက် တစ်ကယ့်အစာအဟာရကဲ့သို့ စွမ်းဆောင်နိုင်မယ့်အရာကို ချက်ခြင်း ပံ့ပိုးပေးဖို့ လိုအပ်ပါတယ် ။ ဒေါက်တာ ဂျွန်ခရစ္စတိုဖာက သူ့ရဲ့ လုပ်သက် ၃၅ နှစ်လုံးလုံး Heart Attack လူနာတွေ ကို ဖော်ပြပါနည်းနဲ့ ကယ်တင်ခဲ့ရာမှာ အားလုံးအသက်ရှင်နိုင်ခဲ့ပါတယ် ။  သူ့ရဲ့ နည်းလမ်း ကတော့ ရေနွေးကြမ်းပူပူ တစ်ခွက်ထဲကို ငရုပ်သီးအစိမ်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ရောမွှေပြီး လူနာကို တိုက်လိုက်တာဖြစ်ပါတယ်။ ဒီနည်းနဲ့ လူနာဟာ တစ်မိနစ်အတွင်းမှာ ပုံမှန်ပြန်ဖြစ်တယ်လို့ ဆိုပါတယ် ။ ရေနွေးကြမ်းပူပူက ခန္ဓာကိုယ်ထဲက ဆဲလ်တွေကိုဖွင့်ပေးတဲ့အချိန်မှာ ငရုတ်သီးအစိမ်းမှုန့်ရဲ့ စွမ်းအားက တွန်းပို့တဲ့အတွက် နှလုံးကို တိုက်ရိုက်ထိရောက်ခြင်းဖြစ်ပါတယ်။ အဆိုပါနည်းလမ်းဟာ သောက်ဆေးတွေ ထက်တောင် တုံ့ပြန်မှုက ပိုမိုမြန်ဆန်ပါတယ်။ ယခုနည်းလမ်းကို သိထားခြင်းဖြင့် Heart Attack လူနာတွေရဲ့အသက်ကို သေချာပေါက် ချက်ချင်း ကယ်တင်နိုင် မှာဖြစ်ပါတယ် ။

ကျွန်တော်က တခြားပုဂိုလ်တွေရေးထားတာတိုင်းကို ဝေဘန်ဆန်းစစ်တာ သိပ်လုပ်လေ့မရှိပါ။ ပညာရှင်တွေကရေးတာဆိုရင် မလုပ်ပါ။ သတင်းဆိုရင်တော့ ဆန်းစစ်တာ လိုအပ်ရင် လုပ်ပါတယ်။ အခုပို့စ်က သတင်းထင်ပါတယ်။

Heart Attack ဟာ ခေါ် နှလုံးရောဂါဖောက်လာခြင်းကိုဖြစ်စေတဲ့အကြောင်းတွေကို အရင်သိရပါမယ်။ ကိုရိုနရီ သွေးလွှတ်ကြောခေါ် နှလုံးသွားသွေးလွှကြော တနေရာမှာ ပိတ်ဆိုလို့ ဖြစ်ပါတယ်။ အဲဒီသွေးလွှတ်ကြောလေးတွေက ကျဉ်းနေမှသာ အဲလိုဖြစ်တယ်။ ကျဉ်းစေတဲ့အကြောင်းက သွေးလွှတ်ကြောလေးတွေ အတွင်းထဲမှာ ပလိပ်ခေါ် အလွှာဖြစ်နေလို့။ အဲတာက ကိုလက်စထောခေါ် ကျန်းမာရေးနဲ့ မသင့်တဲ့အဆီဓါတ် သွေးထဲမှာ များနေလို့ဖြစ်ပါတယ်။ အဲလိုဖြစ်ရင် နှလုံးသွားသွေးလွှတ်ကြောတနေရာရာမှာ သွေးခဲပြီး ပိတ်ချက်တဲ့နေရာကို သွားပိတ်တယ်။ အဲတာကို နှလုံး အတက်ရတယ်လို့ခေါ်တယ်။ ဒီနည်းကနေဖြစ်တာက အများဆုံး။

ဒုတိယနည်းကတော့ နှလုံးသွားသွေးလွှကြော တုန်ခါမှုကနေဖြစ်တယ်။ ဖြစ်ရင် သွေးဆက်မလျှောက်နိုင်တော့ပါ။ မူးယစ်ဆေးတချို့ကနေ အဲလိုဖြစ်စေနိုင်တယ်။

တတိယအကြောင်းခံကတော့ နှလုံးသွားသွေးလွှကြောစုတ်ပြဲတာဖြစ်တယ်။
ဘယ်လိုလူတွေမှာ နှလုံး အတက်ဖြစ်နိုင်သလဲ။
၁။ ယောက်ျား အသက် ၄၅ နှစ်။ မိန်းမ အသက် ၅၅ နှစ်ကျော်သူတွေ။
၂။ ဆေးလိပ်သောက်သူတွေ။
၃။ သွေးတိုရှိနေသူတွေ။
၎။ ကိုလက်စထောများနေသူတွေ။
၅။ ဆီးချိုရှိသူတွေ။
၆။ မိသားစုအတွင်း အဲလိုဖြစ်ဖူးသူတွေ။
၇။ ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေ။
၈။ အဝလွန်သူတွေ။
၉။ စိတ်ဖိအားများသူတွေ။
၁ဝ။ မူးယစ်ဆေးသုံးစွဲသူတွေ။
၁၁။ ကိုယ်ဝန်ဆောင်စဉ် သွေးတက်ရောဂါရသူတွေ။
၁၂။ အော်တိုအင်မြူး ခေါ် ခုခံအားကမောက်ကမရောဂါတခုခု (ရူမက်တစ်အဆစ်နာ၊ လူးပတ်စ်ရောဂါ) ရှိသူတွေ။

သတင်းထဲမှာရေးထားသလို အဟာရဓါတ်မပြည့်ဝတဲ့ အစားအစာတွေဆိုတာ အတော်ကို ယေဘုယျကျတယ်လို့ ယူဆပါတယ်။ အစားအသောက်နဲ့ဆိုင်တာ ကိုလက်စထောကို ထည့်မပြောလို့မဖြစ်ပါ။ စနစ်တကျကုသနည်း ရေးထားပါတယ်။ ငရုပ်သီးအကြောင်းလည်း ရေးထားပါတယ်။

Acute Heart Attack Treatment ရုတ်တရက် နှလုံး အတက် ရရင် ဘာလုပ်ရမလဲ http://doctortintswe.blogspot.com/2017/01/cute-heart-attack-treatment.html
Heart attack vaccine နှလုံးရောဂါ ကာကွယ်ဆေးကို အိန္ဒိယမှာ စမ်းသပ်ရန်ရှိ http://doctortintswe.blogspot.com/2017/01/heart-attack-vaccine.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ