Femoston သွေးဆုံးသူများအတွက်ဆေး


ဆရာရှင့် ရိုသေလေးစားစွာဖြင့် ဆရာ့အားမေးမြန်းခွင့်ပြုပါဆရာ။ ကျွန်မက အသက် ၄၅ နှစ်ပါ ။ သွေးဆုံး လက္ခဏာများ စတင်ခံစားနေရပါသည် ။့ မှာရှိတဲ့ဆေးဆိုင်မှ ညွန်ကြားသည့် အခုပုံပါသောဆေးကို ဝယ်ပြီးပေမယ့် မသောက်ရဲသေးပါ ။ ဆေးရောင်းသည့် အမျိုါ်သမီးမှ ထိုဆေးသည် အီစတိုဂျင်နှင့် ပရိုဂျက်စတုန်း ပေါင်းထားသည့် ဆေးပါဟု ညွန်ကြား၍ ရောင်းလိုက်ပါသည် ။ သုံးစွဲရန်သင့်မသင့် ဆရာညွန်ကြားပေးပါရှင် ။ ခံစားရသော ဝေဒနာများကလည်း ပူစပ်ပူလောင်နှင့် အထူးသဖြင့် မျက်နှာတစ်ခုလုံး သဲနှင့်ပက်ထားသလို အခံရခက်လှပါသည် ။ အရိုအဆစ်တွေကလဲ အဝတ်ပွတ်တာလောက်နှင့် နာလာပါသည် ။ စိတ်ကလည်း တိုတာမပြောပါနှင့်တော့ဆရာ ။ အခံရခက်လှပါသည်။ အိမ်ထောင်လည်းရှိပါသည်ရှင့် ။

Femoston ဆေးကို Hormone Replacement Therapy (HRT) ခေါ် ဟော်မုန်းအစားထိုးကုသနည်းမှာ သုံးတယ် ။ အီစထိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်း ၂ မျိုးပါတယ် ။ သားအိမ် (မျိုးဥအိမ်) ထုတ်ထားရသူတွေနဲ့ သွေးဆုံးလက္ခဏာ ဆိုးဆိုးဝါးဝါး ခံစားနေရသူတွေကို (၆) လတာပေးတယ် ။

သွေးဆုံးရင် မျက်နှာ-လည်ပင်း-ရင်ပတ် နီမြန်းတာ၊ မွေးလမ်းခြောက်တာ ။ စိတ်မူပြောင်းလဲတာ စတာတွေ ခံစားရနိုင်တယ်။ ဒီဆေးကနေ အရိုးအားနည်းတာအတွက် လည်း ကာကွယ်နိုင်တယ် ။

ဆေးသောက်ရင် နေ့စဉ် အချိန်မှန်သင့်တယ်။ ဆရာဝန်က တယောက်ချင်းကြည့်ပြီး ဆေးသောက်နည်း ညွှန်နိုင်တယ် ။ တချို့ကို နေ့ ၁ ကနေ ၁၄ အထိ Oestradiol 1 or 2 mg ပေးမယ် ။ ၁၅ ကနေ ၂၈ နေ့အထိ oestradiol 1 or 2 mg + dydrogesterone 10 mg ပေးမယ် ။

ကင်ဆာရှိသူ ဆေးမပေးပါ။ သားအိမ်အလုံးရှိသူ၊ အဒီနိုမိုင်ယိုးဆစ် ခေါ် သားအိမ်ရောဂါရှိသူ မပေးပါ။ သွေးကြောပိတ်ဖူးသူ မပေးပါ  ။ အဝလွန်သူ ၊ သွေးကျဲဆေးသောက်နေရသူ ၊ သွေးတိုးရှိသူ ၊ နှလုံးမကောင်းသူတွေကို ဆေးမပေးပါ ။ ကျောက်ကပ် မကောင်းသူ ၊ ဆီးချိုရှိသူ ၊ ကိုလက်စထောများသူ၊ သည်းခြေအိတ်ရောဂါရှိသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ SLE ရောဂါရှိသူ၊ အတက်ရောဂါရှိသူ ၊ စိတ်ကျရောဂါ ရှိသူတွေကို မပေးပါ ။

ဆေးကြောင့် ပျို့ချင်မယ် ။ အန်ချင်မယ် ။ ရင်သားတင်းနာမယ် ။ ခေါင်းမူး၊ ဗိုက်အောင့်၊ အိပ်ချင်၊ အားကုန်မယ်။ တချို့ ဆေးတပတ်ပြီးတာနဲ့ သွေးဆင်းမယ် ။

Menopause (1) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁) နဲ့ Menopause (2) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂) ကိုလည်းဖတ်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ