Family History of Cancer ကင်ဆာမိသားစုရာဇဝင်


၁။ ဆရာရှင့် ကျမအသက်က ၃၂ပါ။ သမီးတယောက်ရှိပါတယ် ။ ကင်ဆာဆိုတာ မျိုးရိုးလိုက်တတ်ပါ သလားရှင် ။ ကျမ အဖွား ၊ ဦးလေးက လည်ချောင်းကင်ဆာနဲ့ ဆုံးသွားပါတယ်။ နောက်ဦးလေးနဲ့ အကိုကလည်း အသည်းကင်ဆာနဲ့ ဆုံးသွားပါတယ်။ အမကလည်း သားအိမ်ကင်ဆာနဲ့ ဆုံးပါတယ်။ ကင်ဆာရှိ မရှိကို ဘယ်လိုစစ်လို့ရလည်းဆိုတာ သိပါရစေရှင့်။

(သတ်ပုံပြင်ထားပါတယ်။ ဆောရီး။)

မိသားစုထဲမှာ ကင်ဆာဝေဒနာသည်တယောက်ရှိနေရင် ကျန်တဲ့သူတွေမှာလဲ ကင်ဆာဖြစ်လာနိုင်ခြေရှိနိုင်တယ်။ မွေးလာသူတိုင်း ကင်ဆာဖြစ်မယ်လို့ဆိုလိုတာမဟုတ်ပါ။ ဇူလိုင်လ ၂၅ ရက်မှာသိလာရတဲ့ ဥရောပမှာလုပ်ခဲ့တဲ့ ဆန်းစစ်မှု တခုက လူပေါင်း ၂၃ဝဝဝ ယောက်ကိုလေ့လာခဲ့ပါတယ်။ မိသားစုရာဇဝင်သာမက Common gene mutations မျိုးဗီဇ ချို့ယွင်းချက်တူရှိနေသူတွေမှာလည်း မျိုးတူကင်ဆာ ဖြစ်နိုင်ခြေ များသေးတယ်။ ဥပမာ ရင်သားကင်ဆာနဲ့ မျိုးဥအိမ်ကင်ဆာ။ အမျိုးတော်တယ်ဆိုတာက မိဘအရင်းတွေ၊ ညီအကိုတွေနဲ့ ညီအမအရင်းတွေကိုပြောတာဖြစ်ပါတယ်။

ဆန်းစစ်မှုရလဒ်များ -
• မိသားစုထဲမှာ အူမကြီးကင်ဆာရှိသူတွေမှာ အမျိုးသမီးရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁့၅ ဆ ပိုများတယ်။
• လည်ချောင်းကင်ဆာ မိသားစုထဲမှာရှိနေရင် ခံတွင်းနဲ့ အာခေါင်ကင်ဆာ ဖြစ်နိုင်ခြေ ၃့၃ ဆ များတယ်။
• လည်ချောင်းကင်ဆာ မိသားစုထဲမှာရှိနေရင် အစာမျိုပြွန်ကင်ဆာဖြစ်လာနိုင်ခြေ ၄ ဆ ပိုများတယ်။
• ရင်သားကင်ဆာ မိသားစုထဲမှာရှိနေရင် မျိုးဥအိမ်ကင်ဆာ ဖြစ်လာနိုင်ခြေ ၂့၃ ဆ ပိုများတယ်။
• ဆီးအိမ်ကင်ဆာ မိသားစုထဲမှာရှိနေရင် ယောက်ျားဆီးကျိတ်အိမ်ကင်ဆာ ဖြစ်လာနိုင်ခြေ ၂့၃ ဆ ပိုများတယ်။

အမျိုးသမီးရင်သားကင်ဆာတွေအများစုဟာ မျိုးရိုးနဲ့မဆိုင်ပါ။ ၁၃% သာ မိသားစုရာဇဝင်ရှိတာတွေ့ရတယ်လို့ ဆန်းစစ်မှုတခုက ဆိုပါတယ်။ ဒီသုတေသနအလိုအရ ညီအမအရင်းမှာ ရင်သားကင်ဆာရှိနေရင် သူ့မှာပါ ရင်သားကင်ဆာ ဖြစ်လာနိုင်ခြေ ၂ ဆ များတယ်။ ညီအမတယောက်မကမှာ ရင်သားကင်ဆာရှိနေရင် သူ့မှာပါ ရင်သားကင်ဆာ ဖြစ်လာနိုင်ခြေ ၃-၄ ဆ များတယ်။

ယေဘုယျဆိုရင် အသက်ငယ်ငယ်နဲ့ ကင်ဆာဖြစ်တယ်ဆိုရင် မိသားစုဝင်မှာ ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်။ ဥပမာ အမေမှာ ရင်သားကင်ဆာဖြစ်ခဲ့တာက အသက် ၄ဝ မတိုင်ခင်မှာဖြစ်တာဆိုရင် အဲလိုမိသားစုရာဇဝင်မရှိသူအမျိုးသမီးထက် ၂ ဆ ပိုမယ်။ အဲလိုမဟုတ်ပဲ အမေကအသက်ကြီးမှသာ ကင်ဆာဖြစ်တာတွေရရင် သူ့သမီးတွေမှာ ရင်သားကင်ဆာ ဖြစ်လာနိုင်ခြေ မထူးပါ။

ယောက်ျားတွေမှာလည်း ရင်သားကင်ဆာမိသားစုထဲမှာရှိနေရင် သူ့ညီအကိုတွေ၊ ဦးလေးတွေမှာလဲ ဖြစ်လာနိုင်ခြေ ပိုတယ်။
ယောက်ျားဆီးကျိတ်ကင်ဆာ (ဖခင်နဲ့ အကိုတွေ) အမျိုးရင်းထဲမှာရှိနေရင် သမီးနဲ့ နှမ-အမတွေမှာ ရင်သားကင်ဆာ ဖြစ်လာနိုင်ခြေပိုတယ်။ အထူးသဖြင့် ဆီးကျိတ်ကင်ဆာကို အသက်ငယ်စဉ်ကဖြစ်တာဆိုရင် ပိုသိသာတယ်။ ဒါပေမဲ့ လေ့လာမှုကိန်းဂဏန်းသာသိရပေမဲ့ ဘာကြောင့်ဆိုတာ မသိသေးပါ။

Inherited gene mutations မွေးရာပါ မျိုးဗီဇချို့ယွင်းချက်နဲ့ ရင်သားကင်ဆာဖြစ်လာနိုင်ခြေ
ရင်သားကင်ဆာ မိသားစုလိုက်တာဟာ မွေးရာပါ မျိုးဗီဇချို့ယွင်းချက်ပါနေလို့ဖြစ်နိုင်တယ်။ အဲလိုရှိနေတာ ၁ဝ% ရှိတယ်။ လူနေမှုပုံစံဆင်တူကြလို့လည်း ဖြစ်နိုင်တယ်။ မျိုးဥအိမ်ကင်ဆာလည်း အဲလိုအလားတူတယ်။ ဒါကြောင့်အဲလို မိသားစုရာဇဝင် ရှိသူတွေကို ရင်သားကင်ဆာ ကြိုတင်ဆန်ခါတင်စစ်ဆေးတာအတွက် လမ်းညွှန်ချက်ကို သူများတွေနဲ့ မတူတဲ့ အတန်းအစား လုပ်ပေးထားပါတယ်။
1. အသက် ၃ဝ ကတည်းကစစ်နေသင့်တယ်။
2. ၆-၁၂ လတခါ Clinical breast exam ဆေးစစ်ရမယ်။
3. Mammogram မင်မိုဂရမ် တနှစ်တခါရိုက်ရမယ်။
4. Breast MRI တနှစ်တခါရိုက်ရမယ်။

တကယ်လို့ အမျိုးရင်းထဲမှာ ရင်သားကင်ဆာဖြစ်ဖြစ်၊ မျိုးဥအိမ်ကင်ဆာဖြစ်ဖြစ် အသက် ၃ဝ မတိုင်ခင်က ဖြစ်ထားသူ တယောက်ယောက် ရှိနေသူဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။

Family Cancer Syndromes မိသားစုကင်ဆာ ဆင်ဒရုမ်း http://doctortintswe.blogspot.com/2014/11/family-cancer-syndromes.html
Family History of Cancer ကင်ဆာမိသားစုရာဇဝင် http://doctortintswe.blogspot.com/2014/11/family-history-of-cancer.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ