အထိုင်များခြင်းကြောင့် ရှစ်နှစ်ခန့်  အိုမင်းရင့်ရော်နိုင်


အထိုင်များခြင်းကြောင့် ရောဂါမျိုးစုံဖြစ်ပွားစေနိုင်ပြီး အ၀လွန်ခြင်းမှ နှလုံးရောဂါမှသည် ဆီးချိုရောဂါ အထိ ဖြစ်ပွားစေနိုင်ပြီးလူ့ ဘ၀သက်တမ်းထက်အနည်းဆုံး ၈-နှစ်စော၍သေဆုံးနိုင်ဖွယ် ရှိကြောင်းအမေရိကန်သုတေသီများ က သတိပေးထားသည် ။
အထိုင်များသူတွေဟာ အသက်တိုနိုင်ပြီးရောဂါဘယမျိုးစုံကိုလည်းခံစားရလွယ်ပါတယ်။ အထိုင်များတဲ့ အတွက် ကိုယ်အလေးချိန် တိုးရာကနေ နှလုံးခုန်ရုတ်တရက်ရပ်တန့် ခြင်း ၊ လေဖြတ်ခြင်း ၊ သွေးတတိုးခြင်းနဲ့  သွေးတွင်းသကြားဓါတ်လွန်ကဲခြင်းအစရှိတဲ့ ရောဂါမျိုးစုံကိုခံစားရနိုင်ပါတယ်။

အဆိုးဆုံးကတော့ ခန္ဓာကိုယ် ဆဲလ်တွေအပေါ် ပြင်းထန်တဲ့ ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်ဟု သုတေသီတစ်ဦးကပြောပြသည် ။ သုတေသီများကအထိုင်များခြင်းက ခရိုမိုဇုန်းများအပေါ် မည်သို့ အကျိုးသက်ရောက်သည်ကိုလေ့လာခဲ့ ကြောင်း ၊ သွေးဆုံးပြီးအမျိုးသမီး ၁၅၀၀ ဦးထက်မနည်းတို့  ၏ တယ်လိုမီးယားများကိုလေ့လာဆန်းစစ်ခဲ့ကြောင်း၊ တယ်လိုမီးယားဟူသည် ဆဲလ်တိုင်း၏ DNA တွင် ပြွတ်သိပ်စွာပါရှိသည့်အရာဖြစ်ကြောင်းသိရသည် ။

ယခင်ကလေ့လာတွေ့ ရှိချက်များအရဆဲလ်များသည် ပြိုကွဲလေ့ရှိပြီးအိုမင်းရင့်ရော်တတ်ကြောင်း၊ ၄င်းဖြစ်စဉ်တွင် တယ်လိုမီးယားများကိုနည်းနည်းချင်းစီဆုံးရှုံးရလေ့ရှိကြောင်း၊ထို့ ကြောင့် ဆဲလ်များတွင် တယ်လိုမီးယားအရှည်မည်မျှရှိသည်ကိုတိုင်းတာကြည့်လိုက်ခြင်းအားဖြင့် ဆဲလ်တစ်ခုသည် မည်မျှအိုမင်းနေသည်ကိုသိရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

သုတေသီများကလေ့ကျင့်ခန်းပုံမှန်လုပ်သောအမျိုးသမီးများနှင့် လေ့ကျင့်ခန်းမလုပ်နိုင်ဘဲအထိုင်များသောအမျိုးသမီးများ၏တယ်လိုမီးယားအရှည်ကိုတိုင်းတာကြည့်ရာအထိုင်များသောအမျိုးသမီးများ၏ ဆဲလ်များသည် အနည်းဆုံး (၈)နှစ်ပို၍ အိုစာနေသည်ကိုမြင်တွေ့ ရခြင်းဖြစ်ကြောင်းသိရသည်။ အရွယ်ရောက် သူတိုင်းသည် ကိုယ်လက်လှုပ်ရှားမှုကိုတစ်ရက်လျင် အနည်းဆုံးမိနစ် ၃၀ ခန့်  မဖြစ် မနေ ပြုလုပ်ပေးသင့်ကြောင်း ၊ ကျန်းမာရေးပေါ်မူတည်ပြီးအနုစားအားကစားမှ အပြင်းစား အားကစား အထိ ပြုလုပ်နိုင် ကြောင်း ၊ အထိုင်များသူတို့ သည် ကျန်းမာရေးလေ့ကျင့်ခန်းကို ပို၍ပင်ပြုလုပ်ရန် လိုအပ်ကြောင်း ၊ ထိုသို့ မပြုလုပ် နိုင်လျင် ရောဂါဘယ ထူပြောမည့်အပြင် ရောဂါမဖြစ်ပွားမည်မှာပင် ဆဲလ်တို့ သည် သာမန်ထက် ၈-နှစ် အိုစာနေပြီ ဖြစ်ရာ ရောဂါများထပ်မံဝင်ရောက်လာပြီး ထပ်မံ တိုတောင်းသွားနိုင်သည့် အသက် နှင့်ပေါင်းလိုက်လျင် လူ့ ဘ၀သက်တမ်းမှ နှစ်ပေါင်းများစွာကို ဆုံးရှုံးရနိုင်ဖွယ်ရှိကြောင်း သုတေသီများက သတိပေးထားသည် ။


ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ