Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း


ဆရာကျွန်မနာမည်က့ ပါ။ အသက်က ၂၅ နှစ်ပါ။ အိမ်ထောင်ကျတာ ၇ လရှိပါပြီ။ ကျွန်မတို့က အတူမနေရပါဘူး။ အလုပ်က တယောက်တနေရာစီမို့ တလကို ၃ ရက်လောက်ပဲ အတူနေဖြစ်တာပါ။ အိမ်ထောင်သက် ၃ လလောက်ကနေ ခလေးယူဖို့ ကြိုးစာခဲ့ကြပါတယ်။ folic acid လည်းသောက် ပါတယ်ရှင့် ။ ၇ လရောက်တဲ့အထိ ကိုယ်ဝန်မရသေးပါဘူး ။ ချို့ယွင်းချက်တွေ ရှိနေလို့လားဆိုတာ စိုးရိမ်နေမိပါတယ်ဆရာ။ ရှေ့လျှောက် ခလေးရဖို့ ဘယ်လိုနေထိုင်ပြင်ဆင်ရမလဲ ဘာဆေးတွေသောက်ရ မလဲဆိုတာ ကျေးဇူးပြုပြီး ပြောပေးစေချင်ပါတယ်ရှင့် ။ အရမ်းကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ့ရဲ့အဖြေကိုမျှော်နေပါ့မယ်ရှင့်။

ကလေးလို့သာ ရေးရတယ်။ ကလေးမရသေးသူအကုန်လောက်နီးပါး သတ်ပုံမှားကြတယ် ။ က ကလေးငယ် ချစ်စဖွယ်။ (တစ်) အကုန်ပြင်ပါတယ်။ (ပီ) တွေကိုလည်း ပြင်တယ်။ ဆောရီး။

မေးကြတာ တော်တော်ကို များတယ်။ တနေ့မှာ ၂-၃ ယောက်မက မေးကြတယ်။ မျိုးဥထွက်ဆေးကို ကြားဖူး ဖတ်ဖူးလို့ ဝယ်သောာက်လို့ရမလားလို့ တနေ့မေးတာ ၂ ယောက်လောက်ရှိတယ်။ အသက် မသိ၊ ရာသီ မသိ၊ အိမ်ထောင်သက် မသိ မေးကြတယ်။ မြန်မာပြည်မှာ လူဦးရေအလားအလာ စိုးရိမ်မိတယ်။

ကလေးမရသေးတဲ့အတွဲတခုမှာ ကိုယ်ဝန်မရသေးရင် ဇနီးရော ခင်ပွန်းကိုပါကြည့်ရတယ် ။ ယောက်ျားသုက်ရည် စစ်ရင် အရေအတွက်ရော အရည်အသွေးပါမီရမယ် ။ သုက်အားနည်းရင် မျိုးဥထွက်ဆေးနည်းနည်းပေးမယ် ။ အမျိုးသမီးမှာ သားအိမ်ပြွန်ပွင့်နေရမယ် ။ သားအိမ်ပြွန်နှစ်ခုဟာ အဖြူဆင်းတာစတဲ့ ပိုးဝင်တာခဏခဏဖြစ်ဖူးရင် တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ပိတ်နေနိုင်တယ် ။ ပိတ်နေ မနေ ဆေးသွင်းပြီး အာလ်ထွာဆောင်းရိုက်ရတယ် ။ ကိုယ်အလေးချိန် များနေရင် လျှော့ပေးမယ် ။ ရာသီ မှန်နေရမယ် ။ ရာသီမမှန်စေတဲ့အကြောင်းရင်း ရှာရမယ် ။ လိုတာလုပ်ရမယ်။ လစဉ်မျိုးဥထွက်နေရမယ် ။ မျိုးဥထွက် မထွက် စမ်းရင် သိမယ် ။ မထွက်ရင် ဆေးသောက်နိုင်တယ်။

မိန်းကလေးတယောက်ဟာ အပျိုဖြစ်ချိန်ကစပြီး လစဉ် တဥကျထုတ်ပေးတာ တသက်တာမှာ စုစုပေါင်း ၃ဝဝ-၄ဝဝ ရှိမယ် ။ ကိုယ့်ရာသီကိုယ် သိရမယ် ။ ရာသီတလကို သွေးစဆင်းနေ့က စတွက်ရတယ် ။ တလဆိုတာ ၂၈ ရက်ကနေ ၃၂ ရက်အထိ ရှိနိုင်တယ် ။ မျိုးဥထွက်တာ လလည်ရက်မှာ (၁၁ ရက်ကနေ ၂၁ ရက်အတွင်း) မှာ ဖြစ်နိုင်တယ် ။

ရာသီဆင်းတဲ့နောက် ၂ ရက်ကနေ ၁၄ ရက်အတွင်းမှာ FHS ဟော်မုန်းထွက်လာလို့ မျိုးဥအိမ်မှာရှိတဲ့ (ဖေါ်လီကယ်လ်) တွေကို နှိုးဆွပေးတယ် ။ သားအိမ်အတွင်းဆုံးအလွှာကိုလဲ ထူထဲလာစေတယ် ။ မျိုးဥကို တွယ်ကပ်ဘို့ ပြင်ဆင်ပေးတာ ဖြစ်တယ် ။ LH ခေါ်တဲ့ နောက်ဟော်မုန်းတမျိုးလည်း ထွက်လာမယ် ။ မျိုးဥထွက် မထွက်စစ်တယ်ဆိုတာ အဲတာကိုစစ်တာ ။ သူကနေ အရင့်မှည့်ဆုံးဥကို (ဖေါ်လီကယ်လ်) ထဲကနေ ထွက်လာစေတယ် ။ သားအိမ်ဝမှာရှိတဲ့ အကျိအချွဲကလဲ ချောကျိကျိ ပိုဖြစ်လာပြီး (ဗဂျိုင်းနား) ကနေ ဝင်လာမဲ့ သုက်ပိုးဝင်လာနိုင်အောင် ရေလာမြောင်းပေး လုပ်ပေးတာမယ် ။

မျိးဥကလဲ မျိုးဥအိမ်ကနေထွက် ၊ သားအိမ်ပြွန်အပေါက်ဝထဲကိုဝင် ၊ သားအိမ်ပြွန်တလျှောက် ဝင်လာမယ် ။ လမ်းမှာတင် အဖိုသုက်ပိုးနဲ့ မ-မျိုးဥတွေဆုံပေါင်းစပ်မှု ဖြစ်မယ် ။ မ-မျိုးဥဟာ မျိုးဥအိမ်ကထွက်ပြီးတဲ့နောက် အဲလို သုက်ပိုးနဲ့ မတွေ့ရရင်တော့ ၁၂-၂၄ နာရီထက်ပိုပြီး ဆက်ရှင်မနေဘူး ။ သုက်ပိုးကတော့ ကိုယ်ထဲမှာ ၃-၅ ရက်အထိ ရှင်နိုင်တယ် ။

မ-မျိုးဥရှင်သန်နေတဲ့ ၂၄ နာရီနဲ့အံကိုက် သုက်ပိုးနဲ့တွေ့အောင် စီမံချက်ချတတ်ဘို့လိုတယ် ။ အဲဒီရက်တွေမှာသာ အတူနေမယ်ဆိုတာလည်း သိပ်ကောင်းမယ်မဟုတ်ပါ ။ နောက်ပြီး ယောက်ျားမှာ သုက်လွှတ်တာ ဆက်တိုက်များရင် သုက်ကောင်ရေ အရေအတွက်ကို နည်းစေနိုင်တယ် ။

မျိုးဥထွက်ရက် အသေအချာသိချင်ရင် Ovulation kits ဝယ်သုံးပါ။ LH ဟော်မုန်း များများလာတာဟာ မျိုးဥထွက်တာမို့ ဆီးထဲပါနေတဲ့ LH တိုင်းနိုင်တယ်။ ကောင်းတဲ့ ကိရိယာနဲ့ဆို နေ့တိုင်းစစ်နိုင်လို့ ၉၉% မှန်နိုင်တယ်။

ကလေးအမေဖြစ်ချင်သူ
အသက် ၃ဝ အရွယ် ကျန်းမာတဲ့အမျိုးသမီးတိုင်း လတိုင်းလတိုင်းမှာ ကိုယ်ဝန်ဆောင်ဘို့အခွင့်အလမ်း ၂ဝ% ရှိတယ် ။ အသက် ၂ဝ အရွယ် ကျန်းမာတဲ့အမျိုးသမီးတိုင်း လတိုင်းလတိုင်းမှာ ကိုယ်ဝန်ဆောင်ဘို့ အခွင့်အလမ်း ၅% ရှိတယ် ။ (ဖေါလစ်-အက်စစ်) များတဲ့အစားအစာ စားပါ ။ Folic acids ဆေးသောက်ပါ။ (အော်ဂဲနစ်) အစားအသောက် ရွေးချယ်စားသောက်ပါ ။ (ပလပ်စတစ်) ထုပ်ပိုးတာမျိုး ရှောင်ရှားပါ ။ အစားအသောက်ဆင်ခြင်တာနဲ့ ကိုယ်လက် လေ့ကျင်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ထိန်းပါ ။ အရက်၊ ကေဖင်း-ဆေးလိပ် ရှောင်ကြဉ်ပါ ။

ကလေးအဖေဖြစ်ချင်သူ
အသက် ၄၅ ကျော်ရင် အခွင့်အလမ်း နည်းနည်းလာမယ် ။ စိတ်ဖိအားလျှော့ချနည်း လုပ်ပါ ။ အရက် ၊ ဆေးလိပ် ရှောင်ပါ ၊ လျှော့ပါ၊ ဖြတ်ပါ။ ကိုယ်အလေးချိန် ထိန်းပါ။ Zinc (ဇင့်) ဓါတ်ပါတဲ့ အသား ၊ ဖြူဖွေးနေအောင် ချွတ်မထားတဲ့ အနှံမျိုးနဲ့လုပ်ထားတဲ့ အစားအစာ၊ ပင်လယ်စာ နဲ့ ဥတွေ စားပါ ။ Selenium ပါတဲ့ အသား၊ ပင်လယ်စာ ၊ မှို၊ ဖြူဖွေးနေအောင် ချွတ်မထားတဲ့ အနှံမျိုးနဲ့လုပ်ထားတဲ့ အစားအစာ၊ အစေ့အဆံတွေ စားပါ ။ (ဗီတာမင် အီး) သောက်ပါ ။ ကျား-အစိ (တက်စ်တိစ်) ကို အေးနေအောင် သတိထားပါ ။

အတူနေအပြီး သုက်ရည်ပြန်ထွက်ခြင်း ၊ သားအိမ် (ဖိုက်ဘရွိုက်) အကျိတ်၊ (အင်ဒိုမီထရီယိုးဆစ်ရောဂါ) နဲ့ မျိုးဥအိမ် အကျိတ်ရောဂါတွေကိုလည်း လိုရင်စစ်ရမယ်။ အနည်းဆုံး အာလ်ထွာဆောင်းရိုက်ရင်သိမယ် ။ အမျိုးသားမှာ သုက်ပိုး လုံးဝမထွက်တာလည်းရှိတယ် ။ ရောဂါတခုစီအတွက် စာတွေရေးထားပါတယ် ။ ကလေး၊ ကိုယ်ဝန်တခါရဖူးသူ နောက်ထပ် ရနိုင်တဲ့အခွင့်အလမ်း ကောင်းတယ်။ ပျက်ဖူးသူ ပိုဂရုစိုက်ရတယ် ။ တားဆေး-တားနည်းတွေက ရာသက်ပန် ကလေးမရ မဖြစ်ပါ။ သုံးလခံထိုးဆေး ရပ်လိုက်ပေမယ့် ကိုယ်ဝန်ရဘို့ စောင့်ရတာ အတော် မတူကြပါ ။

ကိုယ်ဝန်တခါပျက်ဘူးရင် နောင်လည်း သတိထားရမယ် ။ ကိုယ်ဝန်တားဆေး-တားနည်းတွေကနေ ရာသက်ပန် ကလေးမရ မဖြစ်ပါ ။ အရေးပေါ်တားဆေး ခဏခဏသောက်ထားရင် ဟော်မုန်းတွေနဲ့ ရာသီ ပြောင်းမယ် ။ ရေရှည်ဘာဖြစ်မလဲ ဆေးသုတေသန နည်းတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ရဘို့ ပြင်ဆင်စရာ မလိုပါ ။ အမျိုးသမီး ရာသီမှန်နေရမယ် ။ မမှန်ရင် စစ်ဆေး ပြုပြင်ရမယ် ။ လစဉ် မျိုးဥ ထွက်နေရမယ် ။ ထွက် မထွက် စစ်လို့ရတယ် ။ အဲတာသာ အကြောင်းခံဆိုရင် မျိုးဥထွက်ဆေး သောက်နိုင်တယ် ။ စစ်နည်းနဲ့ သောက်နည်း ဘလော့မှာ တင်ထားတယ် ။ သားအိမ်နဲ့ မျိုးဥအိမ်မှာ အကျိတ် + အိတ် မရှိရ။ ရှိ မရှိ အာလ်ထွာဆောင်းနဲ့သိမယ်။ ရှိရင် ကုသမှုခံယူရမယ် ။ အမျိုးသား သုက်ရည် အရေအတွက် + အရည်အသွေး မီရမယ် ။ စစ်လို့ရတယ် ။


Dr. Tint Swe
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ