E-cigarette များကဆယ်ကျော်သက်များကို ဆေးလိပ်သောက်ချင်လာအောင် ဆွဲဆောင်နေဟုဆို


E-cigarette အသုံးပြုလျင် ဆယ်ကျော်သက်အရွယ်များအကြားဆေးလိပ်သောက်သုံးမှုကိုလျှော့ချနိုင် လိမ့်မည်ဟုမူလကယူဆခဲ့သော်လည်းE-cigaretteသည် တစ်ကယ်တမ်းတွင် ဆယ်ကျော်သက်အရွယ် များကိုဆေးလိပ်မသောက်၊သောက်ချင်လာအောင် ဆွဲဆောင်နေသည်ကိုတွေ့ ရှိရကြောင်းအမေရိကန် အခြေစိုက် ဆေးရွက်ကြီးထိန်းချုပ်ရေးသုတေသနဌာန က ထုတ်ပြန်ကြေညာသည်။

E-cigaretteကြောင့် လူငယ်တွေဆေးလိပ်သောက်တဲ့နှုန်းကျမသွားတဲ့အပြင် အစကဆေးလိပ်မသောက် တတ်တဲ့လူငယ်တွေကိုတောင် ဆေးလိပ်သောက်ချင်လာအောင် ဆွဲဆောင်တာကိုတွေ့ ရပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာလူငယ်တွေဆေးလိပ်သောက်တဲ့နှုန်းကျဆင်းသွားတာအမှန်ပါပဲ။ ဒါပေမယ့် ကျဆင်းမှုနှုန်းက နှေးကွေးလွန်းပါတယ်။

E-cigaretteတွေကိုမိတ်ဆက်ပေးလိုက်ပြီးတဲ့နောက်လည်းဆေးလိပ်သောက်တဲ့နှုန်းကျဆင်းမှုအပိုင်းဟာ မြန်ဆန်လာတာမျိုးမရှိပါဘူး။ လူကြီးတွေမှာလည်းEcigaretteအသုံးပြုလာကြတဲ့နောက် ဆေးလိပ်သောက်တဲ့နှုန်းကျဆင်းသွားတာမျိုးဘဲရှိပြီးဆေးလိပ် လုံးဝ ပြတ်သွားတယ်ဆိုတာကတော့ မရှိသလောက်ပါပဲဟုသုတေသီတစ်ဦးကပြောပြသည်။
အရင်တုန်းကမှ ဆေးလိပ်တစ်မျိုးပဲသောက်ဖြစ်တယ်။ အခုE-cigaretteရောက်လာမှ ဆေးလိပ်သောက် လိုက်၊ E-cigaretteသောက်လိုက်နဲ့  ဆေးလိပ်သောက်တာလျော့သွားတာပဲရှိပြီး ပြတ်ဖို့ ကတော့ သိပ် မဖြစ်နိုင်ပါဘူးဟုEcigaretteအသုံးပြုပြီးနောက် ဆေးလိပ်ကိုလည်းဆက်သောက်နေသူတစ်ဦးကပြောပြသည်။
အမေရိကန်ပြည်ထောင်စုတွင် ဆေးရွက်ကြီးထုတ်လုပ်ရေးကုမ္ပဏီကြီးများအားလုံးကE-cigaretteများ ကိုလည်း ထုတ်လုပ်နေကြကြောင်း၊ E-cigaretteဆိုသည်မှာနီကိုတင်းအရည်ကိုအငွေ့ ပျံစေပြီးအသုံးပြု သူက ရှူသွင်းရခြင်းဖြစ်ကြောင်း ၊ ဆေးလိပ်သောက်သူသည် သွေးကတောင့်တသော နီကိုတင်းဓါတ်ကို ရရှိသည့်အတွက် ဆေးလိပ်မသောက်ဘဲလည်းနေနိုင်ကြောင်း ၊ E-cigarette ဖြင့် နီကိုတင်းအငွေ့ ကို ရှူခြင်းသည် ဆေးလိပ်သောက်သည့်အတိုင်းလူကိုမထိခိုက်စေဘဲထိခိုက်မှုနည်းစေခြင်းဖြစ်ကြောင်းသိရသည်။

သုတေသီများ၏ လေ့လာဆန်းစစ်ချက်များအရဆယ်ကျော်သက်အရွယ် များအကြားဆေးလိပ်သောက် သုံးမှုနှုန်းမှာ ၂၀၀၄ မှ ၂၀၁၄ အတွင်း ၄၀ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်း၊ ဆေးလိပ် ကိုသောက်သူဥိးရေမှာ ၁၆ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိကျဆင်းသွားခြင်းဖြစ်ပြီးကျန်လူငယ်များမှာE-cigaretteကိုသောက်သုံးကြခြင်းဖြစ်ကြောင်း၊ သို့ သော် လူလတ်ပိုင်းအရွယ်များတွင်မူဆေးလိပ်နှင့် E-cigaretteသောက်သုံးသည့်နှုန်းနှစ်မျိုးလုံးမှာ ၂၀၀၉ ခုနှစ်ကိန်းဂဏန်းများထက် ၂၀၁၄ တွင် ပိုမိုမြင့်မားလာခြင်းဖြစ်ကြောင်းသိရသည်။


ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ