Dry scaling skin အရေပြား ခြောက်ကွာနေတာ ဘာလုပ်ရမလဲ


မင်္ဂလာပါဆရာ ကျွန်မအသက် ၃၆ နှစ်ပါ။ အရေပြားခြောက်ပါတယ်ဆရာ။ နွေရောဆောင်းရော အမြဲ ခြောက်နေပါတယ်ဆရာ။ ဆောင်းဆိုပိုဆိုးပါတယ်ဆရာ။ အလှဆီတော့လိမ်းပါတယ်ဆရာ ။ မလိမ်းရင် ခြောက်ပြီး ယားပါတယ်ဆရာ ။ အရေပြားက မြွေအရည်ခွင်လေးလိုလိုဖြစ်နေပါတယ် ဆရာဘာဆေးတွေ သောက်ရမလဲဆရာ ။ ဖြေကြားပေးပါရှင့် ။ ကျေးဇူးပါရှင့်ဆရာကျန်းမာပါစေ ။

မြွေအရေခွံလို့သာ ရေးရတယ်။

လူ့အရေပြားဟာ အမြဲမပြတ် အသစ်အသစ် ဖြစ်လာနေတယ်။ သေသွားတာတွေကို အသစ်တွေက အစားထိုးနေတယ်။ သွေးနီဥက ရက် ၁၂ဝ ရှင်တယ်။ အရေပြား ၃ ထပ်ရှိတဲ့အထဲမှာ အပေါ်ဆုံးလွှာက ၂၈ ရက်တခါ အသစ်ဖြစ်လာနေတယ်။ ပုံမှန်ဖြစ်နေကြထက် ဆိုးတာလဲ ဖြစ်တတ်တယ်။ နေရောင်၊ ပတ်ဝန်းကျင်၊ အစားအသောက်၊ ရောဂါပိုး တမျိုးမျိုးကြောင့်ပါ။ တခါတလေ နေလောင်ရင်ဖြစ်၊ တခါတလေ သိပ်အေးချိန်ဖြစ်တယ်။ တချို့ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေကြောင့်လဲ ဖြစ်တယ်။ တချို့ကြ အလာဂျီရလို့၊ တချို့က အလှအပ အသုံး အဆောင်တွေကနေ ဖြစ်တယ်။ ဆပ်ပြာ အပြင်းတွေကနေ ဖြစ်လို့ ကြာရင် နှင်းခူနာ လာဖြစ်နိုင်တယ်။

အရေပြားခြောက်တာကို အကြောင်းတရားအမျိုးမျိုးကနေဖြစ်စေတယ်။ တခုထဲမကကြောင့်လဲဖြစ်မယ်။ အတွင်းနဲ့ အပြင်ဆိုပြီး ကွာသေးတယ်။ အပြင်အကြောင်းခံတွေက ပိုများတယ်။ ရာသီဥတုအေးတာနဲ့ ရေငွေ့ဓါတ်နည်းတာတွေက ဖြစ်စေတယ်။ အတွင်းအကြောင်းခံတွေထဲမှာ အသက်ရလာလို့၊ မျိုးရိုး၊ တခြားရောဂါတွေ (ပန်းနာ၊ အရေပြားနာ၊ လည်ပင်းကြီးဟော်မုန်းနည်း-များရောဂါ၊ ဆီးချို)၊ ဆပ်ပြာ အပြင်းစားတွေနဲ့ တွဲဖြစ်တာတွေပါတယ်။ Moisturizers ကို အသုံးမတတ်လို့လဲ ဖြစ်နိုင်တယ်။ သွေးတိုးကျဆေး၊ (ကိုလက်စထော) ကျဆေး၊ (အလာဂျီ) ဆေးနဲ့ ဝက်ခြံဆေးတွေကနေလဲ ဖြစ်နိုင်တယ်။ Eczema, Psoriasis နဲ့ Atopic dermatitis နှင်းကူစတဲ့ နာတာရှည် အရေပြားနာနဲ့ခွဲခြားရမယ်။ အာဟာရနည်းတာလဲ ပါတယ်။

အရေပြားခြောက်ရောဂါတွေ
1. Peeling Skin Syndrome ရှားပါးတဲ့ မျိုးဗီဇကနေလဲ တသက်လုံး ဖြစ်နေတယ်။

2. Exfoliative Dermatitis အရေပြား ရောင်တဲ့ရောဂါ။ အရေပြားကွာတဲ့အပြင် နီနေ၊ နာလာတာမျိုး။

3. Kawasaki Disease အရေပြားကွာ၊ နီနေ၊ နာလာ၊ ရောင်တာ၊ အရောင်ပြောင်း၊ မေး-လည်ပင်းက တက်စေ့တွေ ရောင်၊ ကလေးတွေ အဖြစ်များ။

4. Netherton syndrome မျိုးဗီဇရောဂါ၊ အရေပြားကွာ၊ နီ၊ နာ၊ ရောင်၊ ခြောက်သွေ့၊ အလာဂျီရ၊ ဆံပင်ကျွတ်။

5. Neurodermatitis ဘာလို့မှန်းမသိ ဖြစ်တာ၊ Allergic dermatitis မတည့်တာကနေ ဖြစ်တာနဲ့ Contact dermatitis ထိတွေမှု ကြာရာက ဖြစ်တာတွေကို Topical steroid compounds စတီရွိုက်ဆေး လိမ်းရမယ်။

6. Athlete's foot (Tinea pedis) ခြေထောက်မှာဖြစ်တဲ့ မှို fungal infection ရောဂါဖြစ်တယ်။ အရေကွာ၊ နီ၊ ယား၊ ပူလောင်၊ အရည်ဖုထွက်၊ နာမယ်။ အားကစားဖိနပ် အကြာကြီး စီးထားရသူတွေမှာ ဖြစ်တယ်။ အထဲမှာ စိုထိုင်း နေတာကို မှိုက ကြိုက်တယ်။ ရေချိုးခန်းတွေထဲမှာ မှိုရှိနေလို့။ အမျိုး လေးမျိုးထဲက Trichophyton rubrum က အဖြစ်အများဆုံး။ Topical antifungal medication ဆေးလိမ်းရတယ်။ ခြေထောက်မှာ လာဖြစ်တာက Athlete's foot ကစားသမား ခြေထောက်ရောဂါ ဖြစ်နေနိုင်တယ်။ မှိုထပ်ဝင်တာလဲ ပါနိုင်တယ်။

7. Psoriasis ရောဂါလဲ စဉ်းစားရမယ်။ ခွါရင် အပ်ပေါက်က ထွက်သလို သွေးထွက်တယ်။ ပြည်လဲထွက်နိုင်တယ်။

8. Jock Itch (Tinea cruris) မှို နောက်တမျိုးကနေ ဖြစ်တယ်။ ပေါင်၊ ပေါင်ခြံ၊ ကပ်ပဲ့အိပ်၊ စအိုဘေး၊ တင်ပါး နေရာတွေမှာ များတယ်။ နီနေမယ်၊ ဘေးမှာ ကွင်းလိုလိုဖြစ်တယ်။ အလွန် ယားတယ်။ Topical antifungal ဆေးလိမ်းရတယ်။

9. Ringworm (Tinea corporis) ပွေး၊ နေရာတကာမှာ ဖြစ်တယ်။ အနားသတ်သတ် ရှိတယ်။ မြေပုံလိုဘဲ။ နီ၊ ယား၊ Lamisil, Micatin, Monistat-Derm, Lotrimin, Mycelex, Ring Guard လိမ်းဆေး လိမ်းရမယ်။

10. Yeast Infections (Cutaneous candidiasis) (ရိစ်) မှိုနဲ့တူတဲ့ ရောဂါ၊ နီ၊ ယား၊ နေရာတကာဖြစ်တယ်။ ဝတဲ့သူ ပိုဖြစ်တယ်။ ချိုင်း၊ ပေါင်ခြံ အဖြစ်များတယ်။ ပဋိဇီဝဆေး ပေးနေတုံးလဲ ဖြစ်တတ်တယ်။ ကလေး (ဒိုင်ယ်ပါ) ကနေလဲ ဖြစ်တတ်တယ်။ ပါးစပ်၊ လက်သည်း-ခြေသည်း၊ နီရဲ၊ ယား၊ အရည်-ပြည်ထွက်၊ နာ၊ အနာ၊ ရောင်၊ မွေးလမ်းမှာ ဖြစ်ရင် အဖြူ-အဝါရည်ဆင်း၊ ယား၊ နီရဲ၊ ပူလောင်၊

အကြောင်းခံဆေးဝါးတွေဆိုရင် ဆေးဖြတ်တာနဲ့ သက်သာလာမယ်။ Emollient ဆေးနေ့စဉ်သုံးပါ။ Moisturizer စနစ်တကျသုံးပါ။ အပြော့စားတွေက Cetaphil lotion, Lubriderm lotion နဲ့ AmLactin 12% lotion ဆေးတွေ။ အပြင်းစားတွေက Vaseline နဲ့ Aquaphor တွေဖြစ်တယ်။ အဲတာတွေနဲ့ မရသေးရင် (စတီရွိုက်) ပါတဲ့လိမ်းဆေးတွေ သုံးနိုင်တယ်။ Hydrocortisone 1% cream (အပြော့စား), Pramosone 2.5% cream (အပြော့စား), Triamcinolone 0.1% cream (အလတ်စား), Clobetasol 0.05% cream (အပြင်းစား) တွေဖြစ်တယ်။ စတီရွိုက်စားဆေးက တာရှည်သုံးရင် အရေပြားကို ပါးစေတယ်။ ယားတယ်ဆိုရင် (အင်တီဟစ်တမင်း) ဆေးတွေဖြစ်တဲ့ Diphenhydramine (Benadryl), hydroxyzine (Vistaril, Atarax), Loratidine (Claritin) နဲ့ Cetirizine (Zyrtec) တွေ သောက်နိုင်တယ်။

Vaseline တနေ့ ၂-၃ ကြိမ်လိမ်းပါ။ ရေခပ်နွေးနွေးနဲ့ချိုးပါ။ ဆပ်ပြာ အပျော့စားသုံးပါ။ ဥပမာ Dove soapless cleanser, Aveeno cleanser, Cetaphil cleanser တွေဖြစ်တယ်။ Moisturizers တွေကိုလဲ သုံးနိုင်တယ်။ (လက်တစ်အက်စစ်) ပါတဲ့ (Amlactin, Lac-Hydrin) နဲ့ ယူရီယာပါတဲ့ (Urix or Carmol) တွေဖြစ်တယ်။ Mild moisturizers တွေမှာ ရေမွှေး မပါတာက ကောင်းတယ်။ ဆပ်ပြာ ပြင်းတာ မသုံးနဲ့။ ရေသိပ်ပူတာ မချိုးနဲ့။ ရေ တနေ့ ၂-၃ လီတာ သောက်ပါ။ ကွာနေတဲ့နေရာကို အတင်း ခွါတာ၊ တိုက်ပြစ်တာ မလုပ်ပါနဲ့။ ရေ၊ ဆာခါးရည်၊ အုတ်စပါးရည် စတာသုံး၊ စိုထိုင်း စေပြီးမှ ခွါပါ။ Moisturizing cream or lotion သုံးနိုင်တယ်။ အလှဆီစစ်တာ လိမ်းပါ။ ပျားရည်။ သံလွင်ဆီ၊ နေလောက်လို့ ဖြစ်တာကို ခရမ်းချဉ်သီးအရည် သုံးကြတယ်။ Sunscreen လဲသုံးနိုင်တယ်။ သခွါးသီး မပါမပြီးဘူး။ နှိပ်နယ်တာလဲ လုပ်ပါတယ်။ ခြေအိတ်-လက်အိတ်-ဖိနပ် ကြပ်တာ မကောင်းဘူး။

အစားအသောက်မှာ လုံလောက်မျှတအောင် စားသုံးရမယ်။ Omega-3 နဲ့ ဗီတာမင် (အေ) ကောင်းတယ်။ ဗီတာမင်အေ များတဲ့အစာတွေက (ခရင်မ်)၊ ထောပတ်၊ ငါးကြီးဆီ၊ ဥ၊ မုံလာဥနီ၊ ဗီတာမင်ေ များသွားရင်လဲ အဲလိုလာဖြစ်သေးတယ် ။ ဗီတာမင်ဘီ များတဲ့အစာတွေက အသား၊ (ရိစ်)၊ ပြောင်း-ပြောင်းဖူး-ကောက်နှံ၊ အသည်း၊ ဥ၊ ဒိန်ခဲ၊ နွားနို့၊ ဗီတာမင်စီ များတဲ့အစာတွေက ချဉ်တဲ့အသီး၊ ခရမ်းချဉ်းသီး၊ ပရိုတင်းများတဲ့ အစာတွေက အသား၊ ငါး၊ ပြောင်း-ပြောင်းဖူး-ကောက်နှံ၊ နို့ထွက်အစာ၊ အစေ့အဆံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ သံဓါတ်များတဲ့အစာတွေက အသား၊ မက်မွန်၊ ပဲတောင့်၊ မုံလာပွင့်စိမ်း၊ ဗိုလ်စားပဲ၊ ပဲမျိုးစုံ၊ စပျစ်သီးခြောက်။ ဆန်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ