အဆီတက်ခြင်းအကြောင်းတရား


လူအများနေ့ စဉ်စားသုံးနေသောအစားအစာများတွင် ပါဝင်နေသော အဆီများကြောင့် သွေးတွင်းသွေးကြောများတွင် ကိုလက်စထေရာအချိုးအစားများစုစည်းမြင့်တက်လာပြီး ဝမ်းဗိုက်များတွင်လည်း အဆီများတက်လာပြီး ဗိုက်ခေါက်ထူ ဗိုက်ပူလာပါသည် ။ မိမိတို့ စားသုံးသော အစားများတွင် ပျော်ဝင်ခြင်းမရှိသော ဆီများစားသုံးခြင်းကြောင့် များမကြာမှီ တင်ပြသလို့ ဖြစ်ပေါ်ပါသည် ။

ပျော်ဝင်ဆီမဟုတ်ခြင်းကြောင့် အဆီများတက်လာပါသည် ။ ပျော်ဝင်ခြင်းရှိသော ဆီများအနေဖြင့် စားသုံးပြီးသောလည်း ခန္ဓာကိုယ်အတွင်းသိုလှောင်ခြင်း မပြု့ ဘဲ ကယ်လိုရီအဖြစ်ပြောင်းလဲခြင်းကြောင့် အဆီတက်ခြင်း မဖြစ်ပေါ်တော့ပါ ။ ပျော်ဝင်ခြင်း မရှိသောဆီများအနေဖြင့် ဗိုက်နေရာတွင် အဆီများ စုဝေးပြီး ထပ်မံပြီး အသည်းကိုလည်း အဆီဖုံးစေနိုင်ပါသည် ။

ပျော်ဝင်နှုန်းရှိသော နေကြာဆီကို ဆီပါမှာ စားသောက်ကောင်းသူများအနေဖြင့်ပိုမိုသင့်တော်သလို့  ပျော်ဝင်မှု့ မရှိသော စားအုန်းဆီအမျိုးအစားကို စားသုံးခြင်း မသင့်ပါ ။ မြန်မာ့အစားအစာချက်လုပ်ရာတွင် ဆီများစွာသုံးခြင်းသည်လည်း ကျန်းမာရေးအတွက်မသင့်သလို့  ရေရှည်အတွက်လည်း အသည်းအဆီဖုံးခြင်း နှင့် ခါးဝမ်းဗိုက်များ အဆီစုစည်းခြင်းကြောင့် ခါးတုတ် ဗိုက်ပု လာပါသည် ။

သင့်နေ့ စဉ်စားသုံးသော အစားအစာနှင့် ချက်ပြုတ်ဟင်းအလျာများတွင် ဆီပါဝင်ချက်ပြုတ်စားသုံးခြင်းကို လျော့ချပြီး စားသုံးပါ ချက်ပြုတ်ပါ ။ ပျော်ဝင်မှု့ မရှိသော ဆီပါဝင်သော မုန့် များနှင့် အစားသောက်များကို စားသုံးနေလျှင်လည်း အဆီချခြင်းအတွက်လုပ်ဆောင်နေပေမဲ့ သင့်အတွက် ပင်ပန်းမောပန်းနေမှု့ သာ အဖက်တင်နေပါလိမ့်မည် ။

ရေရှည်စားသုံးခြင်းကြောင့် အဆီစုစည်းခြင်းများလာလျှင် ခန္ဓာကိုယ်လှုပ်ရှားရခြင်း လေးထိုင်လာသလို့ လှချင်သည့်စိတ်ကူးတွေလည်း ဝေးလာပါမည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ