Clobetasol cream ကလိုဘက်တာဆိုလ် လိမ်းဆေး


၁။ ဆရာခင်ဗျာ။ ကျွန်တော်တို့နိုင်ငံမှာ ဒီဆေးကို တင်းတိပ် အထူးပျောက်ဆေးဆိုပြီး online ကနေ ကြော်ငြာ ရောင်းချနေပါတယ်။ အထူးသဖြင့် ယိုးဒယားဆေး ပစ္စည်းဆိုပြီးရောင်းချ အသုံးပြု နေပါတယ် ။ merck company ဆိုတာ P.K နိုင်ငံထုတ်လို့ သိထားပါတယ် ။ မြန်မာ ပြည်သားများ အတွက် ဒီဆေးက တင်းတိပ် ဟုတ်မဟုတ်ဆိုတာ ဖြေကြားပေးပါဆရာ ။ ရိုသေစွာဖြင့် ။

၂။ Clobetasol Propionate and Neomycin Sulphate Skin Cream (Tenovate GN) contains: Clobetasol Propionate BP 0.05% w/w; Neomycin Sulphate IP 0.5% w/w; Imidurea USPNF (as preservative) 0.3% w/w လိမ်းဆေးအကြောင်း သိပါရစေရှင့် ။

တင်းတိတ်ဆေး မဟုတ်ပါ ။ အရေပြားမှာဖြစ်တာတွေကို အဲဒီဆေးလိမ်းလိုက်ရင် အမြင်မှာ သိသိသာသာ သက်သလို ဖြစ်မယ် ။ ဒါပေမယ့် သတိထားစရာတွေ အများကြီးရှိတယ် ။

Clobetasol (ကလိုဘက်တာဆိုလ်) ဆေးက အဓိက နှင်းခူလို ပျောက်နိုင်ခဲတဲ့ အရေပြား မှာဖြစ်တာတွေအတွက် သုံးဘို့ဖြစ်တယ် ။ ဆင်တူတဲ့ လိမ်းဆေး + စားဆေးတွေလည်း အများကြီးရှိတယ်။
• Monistat Vaginal Cream (Miconazole Nitrate Vaginal Cream) မွေးလမ်းမှိုပိုးအတွက်လိမ်းဆေး၊
• Oral gel 24 mg/ml (20 mg/g) ပါးစပ်မှိုပိုး (မှက္ခရု) နာလိမ်းဆေး၊
• Oravig 50 mg once daily buccal tablet ပါးစပ်မှိုပိုး (မှက္ခရု) နာစားဆေး၊
• Topical cream (hydrocortisone 1% + miconazole 2%) ကော်တီဇုန်းနဲ့ရောထားတဲ့လိမ်းဆေး၊
• MycoDust 2% powder with chlorhexidine hydrochloride ပေါင်ဒါ၊
• Miconazex, Monistat, Femizol or Gyno-Daktarin 200 or 100 mg Pessaries မွေးလမ်းကြောင်းထည့်ရန်ဆေး၊
• Vaginal cream မွေးလမ်းကြောင်းထည့်ရန်ဆေး၊ 2% (၇ ရက်)၊ 4% (၃ ရက်)
• Embeline နဲ့ Temovate စတဲ့နာမည်တွေနဲ့ရောင်းတယ်။

Tenovate-GN cream လိမ်းဆေးဟာ အရေပြားနာတွေထဲက (စဆီရွိုက်) ဆေးနဲ့ သက်သာစေနိုင်တဲ့ အနာတွေအတွက် ဖြစ်တယ်။ နာတာရှည် အနာ၊ ယားနေတာ၊ နီရဲ နေတာတွေအတွက် ဖြစ်တယ်။ ဥပမာ Eczema, dermatitis or psoriasis နှင်းခူနာ၊ ပျောက်နိုင်ခဲတဲ့အနာ၊ ဆိုရီယေးဆစ်နာ ။ ပိုးထပ်ဝင်နေတာအတွက် Neomycin Sulphate ဆေးပါ ထည့်ထားတယ်။ တနေ့ ၂ ကြိမ် လိမ်းရတယ်။ အသက် ၁၂ နှစ်အောက် ကလေးတွေ မသင့်ဘူး။ ဆေးမတည့်သူလဲ ရှိတတ်တယ် ။ နှလုံးရောဂါတွေ နဲ့ သွေးတိုးရှိသူတွေ မသင့်ဘူး ။ ဆီးချို၊ ဝက်ရူးပြန်၊ ရေတိမ်၊ လည်ပင်းကြီး-ဟော်မုန်း နည်းသူ၊ အသည်းမကောင်းတော့သူ၊ ကျောက်ကပ်မကောင်းသူ၊ စိတ်ရောဂါ ရှိသူတွေနဲ့ မသင့်ဘူး။ မျက်စိထဲ မဝင်စေရဘူး။ ကိုယ်ဝန်ဆောင်တွေအတွက် Category C သတ်မှတ်ထားတယ်။ မသင့်ဘူး။ အထဲက ကလေးကို ထိခိုက်စေနိုင်တယ် ။

အရေပြားမှာ ပျောက်နိုင်ခဲတဲ့အနာတွေကို Dermatitis အရေပြားနာလို့ ယျေဘုယျခေါ်တယ် ။ အများဆုံးဖြစ်တာက Eczema (Atopic dermatitis) နှင်းခူနာ ဖြစ်ပါတယ် ။ သူကလဲ အမျိုးအစားတွေ များတယ် ။ ဘယ်အရွယ်မဆို ဖြစ်တယ် ။ ကျား-မ မရွေးဖြစ်တယ် ။ ၅ နှစ်အောက် ငယ်သူတွေမှာ အဖြစ်သိပ်နည်းတယ် ။ ငယ်သူတွေဖြစ်ရင် ပျောက်တာ များတယ် ။ ကြီးမှဖြစ်ရင် မပျောက်နိုင်တာ များပြီး မျိုးရိုးလိုက်နိုင်တယ် ။ မိသားစုထဲမှာ (အလာဂျီ) ရတတ်သူတွေ ရှိနေမယ်။ ပန်းနာတို့ ဟိုဟာမတည့် ဒီဟာမတည့်ဖြစ်တာတို့ကို ပြောတာပါ ။ လူကြီးတွေ ၁ဝဝ မှာ ၁-၂ ယောက်၊ ကလေးဆိုရင် ၅ ယောက်မှာ ၁ ယောက်လောက် ဖြစ်တယ် ။ မိန်းကလေးတွေမှာ ပိုများတယ် ။ ကူးစက်ရောဂါမဟုတ်ပါ ။

နှင်းကူနာဆိုတာ မတည့်တာနဲ့ တွေ့ထိတာကနေ စတယ်ဆိုတာတော့ သေခြာတယ် ။ ဆပ်ပြာ ၊ အလှကုန်ပစ္စည်း ၊ အဝတ်အစား ၊ အစားအသောက်၊ လက်ဝတ်ရတနာ၊ ချွေးထွက်တာ၊ အမှုံအမွှား၊ ဓါတုဆေးရည်၊ လေစိုထိုင်းဆနည်းတာ၊ မတည့်တဲ့လိမ်းဆေး၊ အဝတ်အစားကြမ်း၊ ချွေး၊ ရာဘာ၊ ပလပ်စတစ် အသုံးအဆောင်၊ ပွတ်တိုက်မှု၊ ဗက်တီးရီးယား၊ တမျိုးမျိုးကို ဆက်တိုက် ထိတွေ့ ကိုင်တွယ် နေရတာတွေ ကနေ ဖြစ်နိုင်တယ် ။ တချို့ကြ ရာသီဥတုနဲ့ ဆိုင်တယ်။ တချို့မှာ စိတ်နဲ့ ပတ်သက်ပြန်သေးတယ် ။ စဖြစ်လာပုံကလဲ တယောက်နဲ့တယောက် မတူတတ်ဘူး။ ဖြစ်မဲ့နေရာမှာ နီရဲလာမယ်၊ ယားမယ်၊ ပူလောင်နေမယ်၊ ကုတ်ရင်းကနေ အဖူးပေါက်လာ၊ အနာဖြစ်လာနိုင်တယ်။ ကြာတော့ အရေပြားက ထူလာမယ်။ ခေါင်းကနေ ခြေထောက် နှင်းခူနာ ပေါက်နိုင်တယ်။

နှင်းကူနာအမျိုးအစားတွေ ခွဲထားတယ်။
၁။ Atopic dermatitis အများဆုံးအမျိုးအစားဖြစ်တယ်။ ယားမယ်၊ နာတာရှည်တယ်၊ အရေပြားရောင်နေမယ်။ ပေါ်လိုက် ပျောက်လိုက်နေမယ်။ မတည့်သာနဲ့ တွေ့ရင် ပြန်ဖြစ်တဲ့သဘောဘဲ။
၂။ Contact eczema မတည့်တာနဲ့ ထိတွေ့မှုကနေဖြစ်တဲ့ အမျိုးအစား၊
၃။ Seborrheic eczema အဆီပြန်နေတာမျိုး။
၎။ Nummular eczema အဝိုင်းပြားလေး သဏ္ဌာန်ရှိတယ်။
၅။ Neurodermatitis (simplex chronicus) အသက် ၂ဝ-၅ဝ ကြား အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ စိတ်ဖိအားနဲ့ပါ ဆက်စပ်တယ်။ အာရုံကြောနဲ့ ဆိုင်တယ်။
၆။ Stasis dermatitis ခြေထောက်မှာ အဖြစ်များတယ်။ သွေးလှည့်ပတ်မှုနဲ့ ဆိုင်တယ်။ သွေးပြန်ကြောထုံးသူတွေမှာ ဖြစ်တယ်။
၇။ Dyshidrotic eczema (Dyshidrotic dermatitis) လက်ဖဝါး၊ ခြေဖဝါးတွေမှာ အဖြစ်များတယ်။

Clobetasol cream လိမ်းဆေးကို ယားတာ၊ နီရဲနေတာ၊ ရောင်နေတာတွေကိုသက်သာစေတယ်။ Corticosteroid (ကော်တီကိုစတီရွိုက်) ဆေးပါတယ်။ အရေပြားမှာ ရောဂါပြီးစနစ်ကို နှိမ်ပေးတဲ့ဆေးမျိုးဖြစ်တယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မသုံးရပါ။ တခြား ဟာဗယ်ဆေးတွေနဲ့တွဲတာ မသင့်ပါ။ ဝက်သက်၊ တီဘီ၊ ရေကျောက်၊ ရှင်ဂဲလ်ခေါ် ရေယုံတမျိုး ရှိနေချိန်မှာလည်း မသင့်ပါ။ တပါတ်မှာ 50 grams ထက်မပိုရပါ။ မျက်စိထဲမဝင်စေရပါ။ Diaper rash ခေါ် ကလေးငယ်တွေ (ဒိုင်ယာပါ) အနှီးကနေဖြစ်နဲ့ အရေပြားအပူလောင်တာအတွက် မလိမ်းရပါ။ Corticosteroids ဆေးမှာ ဘေးထွက်ဆိုးကျိုးတွေက ဆိုးတယ်။ အထူးသခြင့် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေ။

၁။ Eczema နှင်းခူနာ http://doctortintswe.blogspot.com/2014/12/eczema.html
၂။ Vesicular Eczema နှင်းကူနာတမျိုး http://doctortintswe.blogspot.com/2015/05/vesicular-eczema.html
၃။ Melasma တင်းတိပ် http://doctortintswe.blogspot.com/2015/03/melasma.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ