Bloody or tarry stools ဝမ်းအမည်းရောင်သွားခြင်း
အသက်က ၂၇ နှစ်ပါဆရာ။ အိမ်ထောင်မရှိပါဘူး။ (အသက်ကို နောက်မှရေးလို့ ရှေ့တိုးလိုက်ရပါတယ်) နေမကောင်းတာ ဒီနေ့နဲ့ဆို ၅ ရက်လောက်ရှိပါပြီ။ ဆေးခန်းကပြန်လာတော့ ဝမ်းအမည်းတွေသွားနေလို့ပါဆရာ။ အဲ့ဒါ စိုးရိမ်ရလား ဆရာ ။ ပထမဆေးခန်း ဆရာဝန်ကတော့ အူရောင်ငန်းဖျား ဖြစ်ချင်နေတာလို့ ပြောပါတယ်ဆရာ။ မသက်သာလို့ ဆေးခန်း ပြောင်းပြဖြစ်တော့ ဒုတိယဆရာဝန်ကတော့ အဲ့လိုမပြောပါဘူးဆရာ။
ဝမ်းအမည်းဆိုတာ သွေးလားစဉ်းစားရတယ် ။ သွေးကအစာလမ်း (ပါးစပ်ကနေ စအိုအထိ) တနေရာရာကထွက်မယ် ။ အစာအိမ်ကထွက်နေပြီး အန်ရင် ကော်ဖီရောင်ဖြစ်မယ် ။ အောက်ဆက် ဆင်းမယ် ။ ကြာလေ အရောင်က မည်းနက်လေ ။ ဝမ်းမှာ အမည်းရောင်ရင့်ရင့် ကတ္တရာစေးရောင်အထိ နက်မယ် ။ အူတနေရာကနေလည်း ထွက်နိုင်တယ် ။
Maroon-colored stools or bright red blood သွေးနီနီရဲရဲဆိုရင်
• သွေးကြောတွေပုံမှန်မဟုတ်ခြင်း ၊
• စအိုကွဲခြင်း၊
• အူတနေရာကို သွေးမလျှောက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊
• Polyps or cancer အူသိမ်း၊ အူမကြီး အသားပိုအလုံး၊
• Diverticulosis အူမကြီးရောဂါ၊
• လိပ်ခေါင်း၊
• Crohn's disease or ulcerative colitis အူရောဂါများ၊
• အူသိမ်ရောင်ခြင်း (တိုက်ဖွိုက် အပါအဝင်)၊
• ထိခိုက်ဒဏ်ရာရခြင်း။
Bloody or tarry stools ဝမ်းအမည်းရောင်သွားခြင်း
• သွေးကြောတွေပုံမှန်မဟုတ်ခြင်း ၊
• Mallory-Weiss tear အန်တာဆိုးလို့ အစာမျိုပြွန်သွေးကြောလေးတွေပေါက်ခြင်း ၊
• အစာအိမ်သွေးယိုခြင်း၊
• အစာအိမ်ရောင်ခြင်း၊
• အူတနေရာကို သွေးမလျှောက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊
• Varices အစာအိမ်အထက်နား အစာမျိုပြွန်အဆုံးနေရာမှာ သွေးပြန်ကြောတွေဖေါင်းတဲ့ရောဂါတွေကနေဖြစ်နိုင်တယ် ။ အရက်သောက်သူတွေ နာတာရှည်ဖြစ်လို့ Liver cirrhosis အသည်းခြောက်တာနဲ့ အစာအိမ်အထက်နား အစာမျိုပြွန် အဆုံးနေရာမှာ သွေးပြန်ကြောတွေ ဖေါင်းတဲ့ရောဂါ ဖြစ်တတ်တယ် ။ အဲတာတွေ ပေါက်ရာကနေ သွေးထွက်ရင်လည်း အတူတူဖြစ်မယ် ။ အသည်းခြောက်သူတွေမှာ အဲဒီအတိုင်းရောဂါ ရတတ်တယ် ။ ဒီကနေဖြစ်တာကို ဆေးရုံတင်ကုသရမယ် ။
သံဓါတ်ဆေး ၊ ဘစ်စမတ်ဆေး၊ ချောကလက်အမည်းရောင် ၊ ခဲပါတဲ့အစာ၊ ဘလူးဘယ်ရီသီး၊ စတာတွေစားရင်လည်း ဝမ်းမည်းတယ် ။ သတိထားရမှာက အစာမျိုပြွန်နဲ့ အစာအိမ်ကလာတဲ့သွေးဖြစ်တယ် ။ ကလေးတွေမှာဖြစ်တာ စိုးရိမ်စရာ မရှိတာများတယ် ။ မေးတဲ့သူကို မေးစရာတွေ စစ်စရာတွေလုပ်ပြီးမှ သာ ပြောနိုင်ပါမယ် ။
1. Anal and perianal disorders စအိုနေရာ ရောဂါများ http://dts-medicaleducation.blogspot.com/2011/12/anal-and-perianal-disorders.html
2. Anorectal diseases စအို-အစာဟောင်းအိမ် ရောဂါများ http://dts-medicaleducation.blogspot.com/2011/12/anorectal-diseases_17.html
3. Bleeding Peptic Ulcer အစာအိမ်နာသွေးယိုခြင်း http://doctortintswe.blogspot.com/2014/11/bleeding-peptic-ulcer.html
4. Blood in Stool စအိုက သွေးယိုခြင်း http://doctortintswe.blogspot.com/2016/12/blood-in-stool.html
5. Colorectal cancer အူမကြီးကင်ဆာ http://doctortintswe.blogspot.com/2015/03/colorectal-cancer.html
6. Fissure-in-Ano (FIA) စအိုကွဲနာ http://dts-medicaleducation.blogspot.com/2010/10/fia.html
7. Fistula-in-Ano (FIA) ဂရင်ဂျီနာ http://dts-medicaleducation.blogspot.com/2010/09/fistula-in-ano-fia.html
8. Heartburn ရင်ပူခြင်း http://doctortintswe.blogspot.com/2015/03/heartburn.html
9. Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://doctortintswe.blogspot.com/2014/11/bleeding-peptic-ulcer.html
10. Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://doctortintswe.blogspot.com/2014/11/peptic-ulcer.html
11. Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://dts-medicaleducation.blogspot.com/2012/01/hemorrhoids-treatment.html
12. Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://dts-medicaleducation.blogspot.com/2010/07/q-and-on-piles.html
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin