စိတ်ဖိစီးမှုကြောင့် နှလုံးကိုထိခိုက်စေမှုသည် ဦးနှောက်ကစတင်ဖြစ်ပေါ်


စိတ်ဖိစီးမှုသည် နှလုံးကိုဆိုးကျိုးပြုနိုင်ရာဝယ် စိတ်ဖိစီးမှုကြောင့် ဦးနှောက်အတွင်း အလွန်အကျွံ အလုပ်လုပ်ရသော အစိပ်အပိုင်းသည် နှလုံးရောဂါဖြစ်ပွားခြင်းနှင့် လေဖြတ်ခြင်းတို့ ကို အဓိကဖြစ်စေနိုင် သည့်အန္တရာယ်ရှိနေသည်ကို တွေ့ ရကြောင်း အမေရိကန်ပြည်ထောင်စု၊ ဟားဗတ်ဆေးတက္ကသိုလ်မှ သုတေသီများက ပြောသည်။

စိတ်ဖိစီးမှုသက်တမ်းကြာမြင့်လာလေ၊ ဦးနှောက်အစိပ်အပိုင်းတစ်ခုက အလုပ်ကိုပိုလုပ်ရလေ ဖြစ်ပါတယ် ။ စိတ်ဖိစီးမှု ကို အတတ်နိုင်ဆုံးလျှော့ချတာဟာ ကျန်းမာရေးနဲ့ ညီညွှတ်တယ်ဆိုတာ အရင်ကတည်းက သိခဲ့ပြီးဖြစ်ပေမယ့် အခု နှလုံးကျန်းမာရေးကောင်းမွန်ဖို့ ၊ လေဖြတ်ရောဂါနဲ့ ကင်းဝေးနိုင်ဖို့  ဦးနှောက် အလွန်အကျွံအလုပ် မလုပ်ရလေအောင် စိတ်ဖိစီးမှုကိုလျှော့ချဖို့  ပိုလို့ တောင်အရေးကြီးလာပြီဆိုတာ သိသာထင်ရှားလာပါတယ် ဟု သုတေသီ ဒေါက်တာ Ahmed Tawakol က ပြောပြသည်။

ဒီတွေ့ ရှိချက်ဟာ လူနာတွေအတွက် အကျိုးထူးနိုင်ပါတယ်။ ဦးနှောက်နဲ့ ခန္ဓာကိုယ်နဲ့  တစ်ဖက်နဲ့ တစ်ဖက် အပြန် အလှန် အမီသဟဲပြုနေတာကို ပိုပြီးနားလည်သဘောပေါက်စေပါတယ် ။ ပိုပြီးနားလည် သဘောပေါက်တော့ ရောဂါ ကို ကြိုတင်တားဆီးကာကွယ်နိုင်ဖို့  အခွင့်အလမ်းတွေ ပိုများလာပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။

ဆေးလိပ်သောက်ခြင်း၊ သွေးတိုးရှိခြင်း၊ ဆီးချိုရှိခြင်း အစရှိသည်တို့ သည် နှလုံးကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေ နိုင်ပြီး လေဖြတ်ရောဂါကိုလည်းဖြစ်စေနိုင်ကြောင်း ၊ ကာလရှည်ကြာ စိတ်ဖိစီးမှုဖြစ်ပွားလျင်လည်း နှလုံးကို အလားတူ ဆိုးကျိုးသက်ရောက်စေခြင်းဖြစ်ကြောင်း ၊ နှလုံးနှင့် စိတ်ဖိစီးမှုဆက်နွယ်နေရသည်မှာ စိတ်ဖိစီးမှုကြောင့် အလုပ် အလွန်အကျွံလုပ်ရသော ဦးနှောက် အစိပ်အပိုင်းကြောင့်ဖြစ်ကြောင်း ၊ စိတ်ဖိစီးမှုကြောင့် ၄င်းဦးနှောက်အစိပ်အပိုင်း တွင် ဖိအား အလွန်များသွားပြီး နှလုံးခုန်ရုတ်တရက်ရပ်ခြင်း ၊ ရင်ဘတ်နာခြင်း ၊ နှလုံးညစ်အားမလုံလောက်ခြင်း ၊ လေဖြတ်ခြင်း ၊ ခန္ဓာကိုယ်အောက်ပိုင်းသို့  သွေးစီးဆင်းမှုအားနည်းခြင်း အစရှိသည်တို့ ကို ခံစားရနိုင်ကြောင်း သိရသည် ။

အဆိုပါဦးနှောက်အစိပ်အပိုင်းမှာ amygdala ဖြစ်ကြောင်း၊ စိတ်ဖိစီးမှုနှင့်နီးကပ်စွာဆက်နွယ်နေသည့် ဦးနှောက်တွင်း အစိပ်အပိုင်းဖြစ်ကြောင်း၊ amygdala အလုပ်လုပ်လွန်သူများတွင် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ပို၍မြင့်မားသည်ကို လေ့လာဆန်းစစ်မှုများအရ သိရှိရကြောင်း ၊ နှလုံးသွေးကြောကျဉ်းခြင်း မှ လေဖြတ်ခြင်း အထိ ဝေဒနာမျိုးစုံကို ခံစားရ နိုင်ကြောင်း ၊ ထို့ ကြောင့် မည်သူမဆို စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျှော့ချပြီး စိတ်လက်ပေါ့ပါးစွာနေထိုင်နိုင်ရန် ကြိုးပမ်းသင့်ပြီး လိုအပ်လျင် နားလည် တတ်ကျွမ်းသူဆရာဝန်များ နှင့် ပြသကာ ကုသမှုခံယူရန်လည်း အချိန်နှောင်းသည်အထိ မစောင့်သင့်ကြောင်း သုသေတီများက အကြံပြုထားသည် ။


ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ