အမျိုးသားများတွင် လုံလောက်စွာ အိပ်စက်ခြင်းက ဆီးချိုဖြစ်ပွားမှု လျော့ကျစေနိုင်


အမေရိကန်မှ လေ့လာမှုတစ်ခု အရ လုံလောက်သော အိပ်စက်မှုက အမျိုးသားများတွင် အမျိုးအစားနှစ် ဆီးချိုဖြစ်ပွားမှုကို လျော့ကျစေသည် ဟု ဆိုခဲ့သည် ။ လေ့လာမှုရလဒ်များ အရ နေ့စဉ်အလုပ်များမှုကြောင့် အိပ် ရေးဝ၀မအိပ်နိုင်သော အမျိုးသား များတွင်အပတ်စဉ် အလုပ်အားရက် များ၌ သုံးရက်ခန့် ပုံမှန် အိပ်ချိန်ထက် ပိုအိပ်ပေးပါက အင်ဆူလင် အာရုံ ခံစားမှုပိုမို မြင့်တက်လာစေနိုင်ကြောင်း သိရသည် ။

 ယခုလေ့လာမှုအား လော့အိန်ဂျလိစ် ဇီဝဆေးပညာ လေ့ လာရေးအင်စတီကျူမှ လုပ်ဆောင် ခဲ့ ခြင်းဖြစ်သည် ။ လေ့လာသူအဖွဲ့ ခေါင်းဆောင်က ကျွန်တော်တို့အားလုံး ဟာ လုံလောက်စွာ အိပ်စက်ဖို့လိုအပ် ကြောင်းသိကြပါတယ် ။ ဒါပေမယ့် ခေတ်ရေစီးကြောင်းအရ များသော အားဖြင့် အိပ်ပျက်ညတွေနဲ့ ရင်ဆိုင် နေရပါတယ် ။ ကျွန်တော်တို့ရဲ့ လေ့ လာမှုမှာ အိပ်ချိန်ထပ်တိုးလိုက်ခြင်း အားဖြင့် ခန္ဓာကိုယ်ရဲ့ အင်ဆူလင် အာရုံခံစားမှုဖြင့် တက်လာကြောင်း တွေ့ရှိခဲ့ပြီး ယင်းအချက်က အရွယ် ရောက်ပြီး အမျိုးသားများတွင် အမျိုး အစားနှစ် ဆီးချိုဖြစ်ပွားမှုနှုန်း လျော့ ကျစေရန် ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည် ကြောင်းပြောကြားခဲ့သည် ။


Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ