ဆယ်ကျော်သက်အရွယ် စိတ်ဓါတ်ကျခြင်းနှင့်စိုးရိမ်ပူပန်ခြင်းကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကိုထိခိုက်စေနိုင်


ဆယ်ကျော်သက်အရွယ်တွင် စိတ်ဓါတ်ကျခြင်း ၊ စိုးရိမ်ပူပန်ခြင်းအစရှိသည့်စိတ်ဖိစီးမှုတို့ ကြောင့် ခန္ဓာကိုယ် ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီးအစာအိမ်နာကျင်ခြင်း ၊ အရေပြားခြောက်သွေ့ ခြင်း နှင့် ပျက်စီးခြင်းတို့  ကို ဖြစ်စေနိုင်ကြောင်းအမေရိကန်သုတေသီများကပြောသည် ။ဆယ်ကျော်သက်အရွယ်တွေအတွက် စိတ်မူမမှန်တာ၊ စိတ်ဓါတ်ကျတာ ၊ စိတ်ဆိုး စိတ်ပျက်လွယ်တာအစ ရှိတာတွေဟာ သူတို့ ရဲ့  ပင်ကိုယ် အတွေးနဲ့ ခံယူချက်တွေကြောင့်ပဲ မဟုတ်ပါဘူး ။ နောက်ပြီး အဲဒီစိတ်ဖိစီးမှုတွေဟာ စိတ်ကိုပဲ ဒုက္ခပေးတာမဟုတ်ဘူး ။ ခန္ဓာတစ်ကိုယ်လုံးကိုထိခိုက်စေနိုင်ပါတယ် ။

  အဲဒီလို စိတ်ထွေပြားရှုပ်ထွေးမှုကြောင့် တိုက်ရိုက်ထိခိုက်စေနိုင်တဲ့ ခန္ဓာကိုယ်အင်္ဂါအစိပ်အပိုင်းတွေကို ရှာဖွေကြည့်တဲ့အခါ အဲဒီစိတ်ဓါတ်ကျခြင်း ၊ စိုးရိမ်စိတ်များခြင်း ၊ စားသောက်မှုပုံမမှန်ခြင်း အစရှိတာတွေကြောင့် ခန္ဓာကိုယ်ရဲ့  ရူပလက္ခဏာတွေမှာထိခိုက်မှု တွေ များတာကိုတွေ့ ရပါတယ်ဟု သုတေသီတစ်ဦးကပြောပြသည် ။ စိတ်ဓါတ်ကျဆင်းမှုကြောင့် အစာခြေအင်္ဂါအဖွဲ့  အစည်းမှာ အားနည်းချက်တွေ ရှိလာ သလိုအဆစ်အမြက်နာကျင် ကိုက်ခဲမှုတွေလည်း ပိုလာတာကိုတွေ့ ရပါတယ် ။  စိုးရိမ်ပူပန်မှုများတဲ့ဆယ်ကျော်သက်တွေမှာဆိုရင် အရေပြားခြောက်သွေ့ မှုနဲ့ ပျက်စီးမှု ပိုလာတာ ကိုတွေ့ ရပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည် ။

အမေရိကန်ပြည်ထောင်စုတွင် ဆယ်ကျော်သက် ငါးလျင်တစ်ဦးနှုန်းသည် စိတ်ကျဝေဒနာ ၊ စိုးရိမ်မှုလွန်ကဲသည့် ဝေဒနာနှင့် စိတ်ဖိစီးမှုများသည့်ဝေဒနာ အစရှိသည့် စိတ်ရှုပ်ထွေး မှုကြောင့်ဖြစ်သောဝေဒနာများကို ခံစားရလေ့ ရှိကြောင်း ၊ အသက် ၁၃ နှစ်မှ ၁၈ နှစ်အရွယ် ဆယ်ကျော်သက်များတွင် စိတ်ဖိစီးမှုဖြစ်သည်ကပို၍များကြောင်းသိရသည် ။ ဆယ်ကျော်သက် အရွယ်မှာစိတ်ဖိစီးမှုက အတွင်းစိတ်ကြောင့်လည်းဖြစ်နိုင်ပါတယ် ။ ဖွံ့ ထွားကြီးပြင်းဆဲကာလမှာ ပတ်ဝန်းကျင်ရဲ့ ဝေဖန်သုံးသပ်မှုကို ခံစားလွယ် ၊ ထိခိုက်လွယ်ကြပါတယ် ။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့  တန်းတူမဖြစ်မှာကိုလည်းအလွန်စိုးရိမ်တတ်ကြပါတယ် ။ တစ်ဖက်မှာကျောင်းစာကိစ္စ၊ မိသားစုကိစ္စ၊ မိဘခိုင်းတဲ့ကိစ္စ၊ ကိုယ်ဖြစ်ချင်တဲ့ကိစ္စ အစရှိတာတွေအားလုံးအတွက် တစ်ကိုယ်ရည်တည်းစိုးရိမ်ပူပန်ခြင်း၊ အဖွဲ့ လိုက်စိတ်သောကရောက်ခြင်း၊ မဖြစ်သေးတာတွေကို ကြိုတွေးပြီးပူခြင်း အစရှိတာတွေကြောင်း ဆယ်ကျော်သက်တွေမှာအစာမကြေတာ ၊ အရေပြားမကျန်းမာတာတွေဖြစ်ပြီး ၀က်ခြံတွေပိုထွက်တာ ၊ မျက်နှာအဆီပြန်တာ၊ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုခံစားရလေ့ရှိပါတယ် ဟု သုတေသီများ ကပြောပြသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ