အသီးအရွက်စားပြီး ကျန်းမာအောင်နေမယ်


အစားအသောက်နဲ့ ကျန်းမာ ရေးထိန်းသိမ်းတယ်။ အထူးသဖြင့် အသီးအရွက်အသားငါးတွေကို ပြည့်စုံမျှတစွာစားသုံးတာပေါ့။ အဲဒီထဲကမှ သဘာဝဟင်းသီးဟင်း ရွက်တွေကို အစိမ်းလိုက်စားတာ၊ ချက်ပြုတ်စားတာ၊ ရေနွေးနဲ့ပြုတ် စားကြတာ။ အသီးအရွက်စားပြီး ကျန်းမာရေးထိန်းသိမ်းတာက ခန္ဓာ ကိုယ်ကို ကျန်းမာစေတဲ့အပြင်အ သားအရေကိုလည်း စိုပြေလှပစေ တဲ့ တစ်ချက်ခုတ်နှစ်ချက်ပြတ်နည်း လမ်းတစ်ခုပါ။ အသီးအရွက်နဲ့ အစားအသောက်ထိန်းသိမ်းတဲ့အ ကျိုးကျေးဇူးတွေက ဘာတွေများ ဖြစ်မလဲ

အိပ်စက်ခြင်းကိုထောက်ပံ့ပေးတယ်

ယေဘုယျအားဖြင့် ဟင်းသီးဟင်းရွက်ပိုစားသူတွေဟာ သာမန်လူတွေထက်ပိုပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေ ပါတယ် ။ ဒီလိုစိတ်ဖိ စီးမှုတွေများလာတဲ့ ခေတ်ကြီးထဲ မှာ စိတ်ဖိစီးမှုတွေ အလုပ်ဒဏ်တွေ ကြောင့် လူသားတွေက အိပ်စက် အနားယူချိန်နည်းပါးလာပါတယ် ။ ညမှာကောင်းမွန်စွာအိပ်စက်အနား ယူခြင်းက လူတစ်ဦးတစ်ယောက်စီအတွက် အလွန်အရေးကြီးပါတယ် ။ အိပ်စက်အနားယူနေချိန်မှာ ခန္ဓာ ကိုယ်ရဲ့ လုပ်ငန်းစဉ်တွေက လုပ်ဆောင်နေဆဲဖြစ်ပါတယ် ။ အဲဒီအတွက် ဟင်းသီးဟင်းရွက် စားသုံးသူ တွေက သာမန်စားသောက်သူတွေ ထက်ပိုပြီး ကောင်းမွန်စွာအိပ်စက် နိုင်ကြပါတယ် ။

အချိုအငံလွန်ကဲတဲ့ အစား အစာတွေကို လျှော့ချလာနိုင်တယ် တစ်ခုကတော့ အသီးအရွက် တွေပိုပြီး စားသုံးလေ၊ သကြား၊ ဆား၊ သဘာဝလွန်ဖန်တီးထားတဲ့ အသင့်စားအစားအစာတွေကို စား သုံးမှုလျှော့ချပြီးလေပါပဲ။ ယခုချိန်မှာ လူကြီးလူငယ်အရွယ်မရွေးက သဘာဝမဟုတ်ဘဲ ပြုပြင်ထားတဲ့ အစားအစာတွေကိုပိုမိုစားသုံးလာကြပြီး ၎င်းအစားအစာတွေက ရော ဂါတွေ၊ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ် ။

မကောင်းတဲ့ကိုလက်စ်ထရော တွေကိုကျစေတယ်

မကောင်းတဲ့ကိုလက်စ်ထရော တွေကျခြင်းကလည်း အသီးအရွက်စားသုံးခြင်းရဲ့ရလဒ်တစ်ခုဖြစ် ပါတယ်။ အသီးအရွက်၊ သစ်သီး တွေများများစားသုံးပေးခြင်းက ခန္ဓာကိုယ်တွင်းသွေးကြောတွေထဲက မကောင်းတဲ့ ကိုလက်စ်ထရောတွေ ကို ကျစေပါတယ်။ တကယ်လို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာ ထဲမှာ အသီးအရွက် ၊ သစ်သီး ၇၀ ရာခိုင်နှုန်းပါဝင်နေပြီဆိုရင်တော့ သွေးတွင်းကမကောင်းတဲ့ ကို လက်စ်ထရောတွေကို သိသိသာသာ လျှော့ချပေးပြီးသားဖြစ်သွားပါလိမ့်မယ် ။

စွမ်းအင်ကိုတိုးပွားစေတယ်

ဟင်းသီးဟင်းရွက်၊ သစ်သီးများများစားသုံးပေးသူတွေဟာ သာမန်လူတွေထက်ပိုပြီး ခန္ဓာကိုယ်မှ စွမ်းအင်ပိုမိုရရှိကြပါတယ်။ ခန္ဓာ ကိုယ်က စွမ်းအင်ပိုမိုရရှိနေတဲ့အတွက် တစ်နေ့တာလုပ်ငန်းဆောင် တာတွေကို စွမ်းအားအပြည့်နဲ့ ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ။

ခန္ဓာကိုယ်အလေးချိန်လျော့ကျစေတယ်

ဟင်းသီးဟင်းရွက် များများစားခြင်းရဲ့နောက် ထပ်ရလဒ်ကောင်းတစ် ခုကတော့ ခန္ဓာကိုယ် အလေးချိန်ကျစေခြင်း ပဲဖြစ်ပါတယ်။ အမျှင်ဓာတ်မြင့်မားပြီး အဆီဓာတ်နည်းပါးစွာပါဝင်နေတဲ့သစ် သီးနဲ့ဟင်းသီးဟင်း ရွက်တွေက ခန္ဓာကိုယ်အလေးချိန် ကို သဘာဝအ တိုင်းကျစေပါတယ် ။

အစာချေစနစ်ကို ပိုပြီး ကောင်းမွန်စေတယ်

အစာချေစနစ်ပိုပြီးကောင်း မွန်လာခြင်းကလည်း အသီးအ ရွက်စားသုံးခြင်းရဲ့ ရလဒ်တစ်ခုပါ ။ ချက်ပြုတ်ထားတဲ့အစားအစာမှာ ပါဝင်နေတဲ့ သဘာဝအင်ဇိုင်း တွေကို ဖျက်ဆီးပစ်ပါတယ် ။ အဲဒီ အင်ဇိုင်းတွေက ကိုယ်စားသောက် တဲ့အစားအစာတွေကို ချေဖျက်ရာ မှာ အကူအညီပေးပါတယ် ။ အဲဒါ ကြောင့် ဟင်းသီးဟင်းရွက်များများ စားလေလေ အစာချေဖျက်စနစ်ကို ပိုပြီးကောင်းလာလေ၊ အစာချေ စနစ်ပိုကောင်းလာတဲ့အတွက် စားသမျှအာဟာရဖြစ်လေပဲဖြစ်ပါတယ် ။

ဦးနှောက်စွမ်းအား ပိုပြီး ကောင်းမွန်စေတယ်

ဟင်းသီးဟင်းရွက်စားသုံးတာ က သဘာဝပစ္စည်းတွေကိုစားသုံး တာပဲဖြစ်ပါတယ်။ ဟင်းသီးဟင်း ရွက်တွေက အာဟာရဓာတ်တွေက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုး တက်စေရုံသာမက စိတ်ကျန်းမာ ရေးကိုလည်း တိုးတက်စေပါတယ်။ ဟင်းသီးဟင်းရွက်များများစားသုံး တဲ့အတွက် စိတ်ကိုရှင်းရှင်းလင်း လင်းနဲ့ တွေးခေါ်နိုင်စွမ်းပိုကောင်း စေပြီး ဆုံးဖြတ်ချက်တွေကို မြန်မြန်နဲ့ ပြတ်ပြတ်သားသားချနိုင် ကြပါတယ်။

ခုခံအားစနစ်ကို ပိုကောင်း စေတယ်

ခန္ဓာကိုယ်ခုခံအားစနစ်ပိုပြီး ကောင်းမွန်စေတာကလည်း ဟင်း သီးဟင်းရွက်စားသုံးခြင်းရဲ့ အကျိုး ရလဒ်တစ်ခုပါ။ ဟင်းသီးဟင်းရွက် တွေမှာ အသင့်စားအစားအစာ တွေထက် ဗီတာမင်တွေ သတ္ထု ဓာတ်တွေများစွာပါဝင်ပါတယ်။

ဆာလောင်ခြင်းကို သက်သာစေတယ်

စိတ်ဝင်စားစရာကောင်းတာ တစ်ခုက ဟင်းသီး၊ ဟင်းရွက်များ များစားသုံးပေးခြင်းကအရက်၊ ကော်ဖီတို့ သောက်သုံးလိုစိတ်ကို လျော့ပါးသွားစေပါတယ်။

Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ