ကန်စွန်းဥ၏ ကောင်းကျိုးနှင့် စားသောက်ရန် ပြင်ဆင် နည်း


ကန်စွန်းဥတွင် ပရိုတင်းများ၊ အမျှင်ဓါတ်များ၊ သွေးကြောထောက် ပံ့ အာနိသင်ရှိသော ဘီတာကယ်ရို တင်း၊ သွေးပေါင်ထိန်းပေးသော ပို တက်ဆီယမ်၊ ဓါတ်တိုးဆန့်ကျင်အာနိ သင်ရှိသော ဗိုက်တာမင်စီနှင့် ဗိုက် တာမင်အီးတို့ပါဝင်သည် ။ ကန်စွန်းဥ သည် အာလူးနှင့်မျိုးနွယ်တူဖြစ်သော် လည်း အာလူးနှင့် မတူသည့် အချက် မှာ ကန်းစွန်းဥကြောင့် သွေးတွင်း အချိုဓါတ်မြင့်တက်ခြင်း မရှိပေ ။ ကန်စွန်းဥခပ်ကြီးကြီးတစ်လုံးတွင် (၁၁၇) ကယ်လိုရီသာပါသည် ။

ကန်စွန်းဥကို ရေစင်အောင် ဆေး၍ မိုက်ကရိုဝေ့ဗ်မီးဖိုထဲတွင် (၈)မိနစ်ခန့် အပူပေးထားပါ ။ ထို့နောက် သံလွင်ဆီအနည်းငယ်နှင့် နယ်ပါ ။ ကန်စွန်းဥကို အစိတ်များ စိတ်ပြီး အစိတ်တိုင်းကို သံလွင်ဆီနယ် ၍ အပူချိန် ၄၅၀ ဒီဂရီတွင်ထားပါ ။ ထို့နောက်သံလွင်ဆီရောထားသော ကန်စွန်းဥအစိတ်များကို အရသာ ပြည့်ဝစွာ စားသုံးနိုင်မည်ဖြစ်ပါ သည်။

ကန်စွန်းဥအရသာရှိစွာစားသုံးနိုင်ရန် နောက်တစ်နည်းမှာ ကန်စွန်း ဥကို အစိတ်များစိတ်၍ သံလွင်ဆီသုံး ဇွန်းနှင့်ရောပြီး စတီးဗန်းပေါ်၌ နူး လာသည်အထိမိနစ်(၂၀) ခန့်မီးဖုတ် ပါ။
၎င်းတို့ထက် ပို၍အရိုးရှင်းဆုံး နည်းမှာ ကန်စွန်းဥကို ရေလုံပြုတ်ပြီး သံလွင်ဆီနှင့် နယ်စားနိုင်ပါသည်။

ဇော်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ